BREAKING
January 22, 2025

တွေ့ဆုံခန်း

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၂)

Dawei Watch

March 19, 2024

“တစ်ချို့သောအမှုတွေကြန့်ကြာနေတာတွေရှိပါတယ်။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။ဒါပေမယ့် ဒါကိုကျွန်တော်ဆင်ခြေပေးတာမဟုတ်ပါဘူး” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ […]

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း

Dawei Watch

March 19, 2024

“ဒါက စစ်သည်ကျင့်ဝတ်လည်းချိုးဖောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်တယ်” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ […]

“မြန်မာအရေး တကယ် ပြောင်းလဲနိုင်ဖို့လုပ်နိုင်သူတွေဆိုရင် ထိုင်းခေါင်းဆောင်တွေပါ”

Dawei Watch

September 15, 2023

ဒေါက်တာ လာလီတာနှင့် မေးမြန်းတင်ဆက်ခြင်း ထိုင်းနိုင်ငံမှာ အစိုးရသစ် ရှိလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ပဋိပက္ခတွေက ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ဒါတွေက ထိုင်းနဲ့ ထိုင်းလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။ ထိုင်းအစိုးရသစ်အနေနဲ့ ဘယ်လို ထိတွေ့ လုပ်ဆောင်သင့်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က ကထိက ဒေါက်တာ လာလီတာနဲ့ မေးမြန်းတင်ဆက်လိုက်ပါတယ်။ ဒေါက်တာလာလီတာက မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေတဲ့ ထိုင်းသုတေသီ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဒေါက်တာဘွဲ့ကျမ်းကို ဗြိတိသျှခေတ် မြန်မာနိုင်ငံက မှုခင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြုစုခဲ့ပါတယ်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်

Dawei Watch

July 11, 2023

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင်အလုပ်သမားတွေအဖြစ် ဝင်ရောက်လာသူတွေ အဆမတန်များလာပါတယ်။ ထိုင်းနိုင်ငံထဲ ဖမ်းဆီးမှုတွေနဲ့ ထိုင်းအစိုးရက မြန်မာပြည်ပြန်ပို့တဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ အခုနှစ်ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော် တရားမဝင် ဝင်ရောက်လာကြပါတယ်။ သူတို့နဲ့အတူ ကလေးတွေလည်းပါလာပြီး ထိုင်းနိုင်ငံထဲမှာပဲ ဆက်ပြီးပညာသင်ယူနေကြပါတယ်။ ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာရွေ့ပြောင်းကလေး ဘယ်လောက်ရောက်နေတယ်ဆိုတာကိုတော့ မသိရပါဘူး။ ထိုင်းနိုင်ငံထဲက ဖန်င၊ စူရတ်၊ ရနောင်း၊ မဲဆောက်စတဲ့ခရိုင်တွေမှာ မြန်မာရွေ့ပြောင်းလုပ်သားကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။ မြန်မာရွေ့ပြောင်းကလေးတွေက အဲဒီကျောင်းတွေအပြင် ထိုင်းကျောင်းတွေမှာလည်း ပညာသင်ယူနေကြတာပါ။ ဇွန်လ အစောပိုင်းမှာတော့ ထိုင်းနိုင်ငံအလယ်ပိုင်းက ထိုင်းကျောင်းတစ်ခုမှာ ပညာသင်ယူနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွေ့ပြောင်းကလေး ၁၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး […]

“ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာလုပ်သားတွေ အခြေအနေ”

diz_admin

April 1, 2023

မကြာခင်ကာလမှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲရှိပါတယ်။ ထိုင်းရွှေးကောက်ပွဲ ကော်မရှင်က မေလ ၁၄ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေကို ရွေးကောက်ပွဲတွေမှာ အသုံးချတာမျိုးတွေ ယခင်ကာလတွေတုန်းက ရှိခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေတွေ ထပ်ရှိလာနိုင်လား၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘာတွေလိုက်နာ ရှောင်ရှားသင့်လဲဆိုတာကို ဒီစကားဝိုင်းကနေ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ စကားဝိုင်းကိုတော့ ဦးထူးချစ် (FED)၊ ဦးခိုင်ကြီး (AAC)နဲ့ ကိုအောင်အောင် (ရခိုင်အလုပ်သမားများအဖွဲ့)တို့က ဦးဆောင်ဆွေးနွေးထားကြပါတယ်။ (Migrant Times မှရယူဖော်ပြသည်)

နယ်သာလန်နိုင်ငံရဲ့ စွမ်း‌ဆောင်ရှင်ဆုကို ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး

diz_admin

December 22, 2022

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ‌မွေးဖွားခဲ့ပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး မဧကရီစိုးဟာ Golden Girl Award လို့ခေါ်တဲ့ ရွှေသမီးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ တနင်္သာရီတိုင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့လို့ ‌မြန်မာနိုင်ငံတောင်ပိုင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာမြန်မာနိုင်ငံကို မရောက်ဖူးသေးပေမယ့် မြန်မာ့အရေးကို တက်တက်ကြွကြွလုပ်ဆောင်နေသလို ဥရောပပါလီမန်ထဲကို အချိန်မရွေးဝင်ထွက်ပြီး ပါလီမန်ခေါင်းဆောင်တွေကို တွေ့ဆုံခွင့် ရှိတဲ့ Lobby Pass ကိုရရှိထားပါသေးတယ်။ ဒါ့အပြင် မြန်မာလူငယ်တွေ နိုင်ငံ့ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာနိုင်ရေးအတွက် Worldwide Burmese Students Academy ကို တည်ထောင်ထားပါသေးတယ်။ ဒါကြောင့် Golden Girl Award ဆုရှင်မဧကရီစိုးအကြောင်း တင်ဆက်လိုက်ပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဘာတွေကြုံရနိုင်လဲ

diz_admin

March 31, 2022

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို  နည်းလမ်းမျိုးစုံနဲ့ သွားရောက်နေကြရပါတယ်။ တရားမဝင်လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေ ဘာတွေကြုံတွေ့နေကြရပါသလဲ…မဖြစ်မနေ သွားရောက်ရတောမယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ….ဘာတွေသတိထားရမလဲ……. အဲဒီအကြောင်းတွေကို Dawei Watch က မေးမြန်းတင်ဆက်လိုက်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

သဘာ၀ပတ်ဝန်းကျင် အဖြစ်အပျက်များ မှတ်တမ်းတင်နိုင်မယ့် ပရောဂျက် ရုက္ခစိုး

diz_admin

March 28, 2022

ကိုယ့်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါလား၊ သဘာ၀ ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ ဘယ်လို တိုင်ရမလဲဆိုတာ ပရောဂျက် ရုက္ခစိုးက တာဝန်ရှိသူနဲ့ တွေဆုံမေးမြန်း ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။