BREAKING
January 22, 2025

တွေ့ဆုံခန်း

တနင်္သာရီတိုင်းကို ပစ်မှတ်ထားလှုံ့ဆော်နေတဲ့ လော်ဘီယန္တရား

Dawei Watch

December 23, 2024

စစ်ကောင်စီ လော်ဘီချန်နယ်တွေ ဝါဒဖြန့်တာတွေကိုဘာကြောင့် လုပ်ဆောင်နေတာပါသလဲ။ ပြည်သူတွေအနေနဲ့ လော်ဘီ တယ်လီဂရမ် ချယ်နယ်တွေရဲ့ နောက်ယောင်ခံစောင့်ကြည့်မှုစက်ကွင်းကနေလွတ်အောင် ဘယ်လိုပြုမှုနေထိုင်ကြ မှာလဲ။ ဒီအကြောင်းအရာတွေကို ပြည်သူတွေပိုမိုသိရှိသတိပြုနိုင်စေဖို့အတွက် စစ်ကောင်စီရဲ့ သတင်းအတု၊ သတင်းအမှားဖြန့်ချိနေ တာကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ဆီဆက်သွယ်မေးမြန်းထားတာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က တင်ဆက်လိုက် ပါတယ်။

ကိုယ့်အားကိုယ်ထူ တနင်္သာရီ စစ်ဘေးရှောင်များ

Dawei Watch

September 28, 2024

ဇူလိုင်လ အချက်အလက်တွေအရ တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင် ခြောက်သောင်းကျော်ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး ပညာရေး အခက်အခဲတွေ ကြုံနေရပါတယ်။ ရေဘေးလိုမျိုး ထပ်ဆင့် ကပ်ဘေးတွေကလည်း စစ်ဘေးရှောင်တွေကို ပိုဖိစီးစေပါတယ်။ ဒီလိုအခြေအနေမှာ ပြင်ပ အကူအညီဆိုတာ မျှော်နေလို့ မရဘဲ ကိုယ်အား ကိုယ်ယူနေရတဲ့ အခြေအနေပါ။ ဒါတွေအကြောင်း တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။

တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

Dawei Watch

August 9, 2024

ရေဘေးနှင့်စစ်ဘေးဒဏ်ကို ခါးစည်းခံစားခဲ့ရသည့် တနင်္သာရီမြို့နယ်က ထောင်ချီသည့်ဒေသခံများမှာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။ ဇူလိုင်လ တတိယအပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွာဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။ ရေဘေးဖြင့် နပန်းလုံးနေရသည့်အခိုက်တွင်ပင် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာ‌များအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ဘေးဒဏ်ကိုပါ ခံစားခဲ့ရပြန်သည်။ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာလိုအပ်ချက်၊ သန့်ရှင်းသည့် သောက်သုံးရေလိုအပ်ချက် စသဖြင့် လိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်နေကြရသည်။ အိုးအိမ်စွန့်ခွာပြီး ဒုက္ခရောက်နေကြရသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ကူရေးအဖွဲ့ငါးဖွဲ့က ရိက္ခာလှေကမ်ပိန်းအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ ယင်းကြောင့် တနင်္သာရီမြို့နယ်က ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများ၏ အခြေအနေနှင့် ကမ်ပိန်းအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။ (ကူညီလိုပါက https://www.facebook.com/share/dRroApM6g41SXgoz/?mibextid=qi2Omg မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

ရက် ၁၂၀ စီမံချက်နဲ့ ထိုင်းရဲတွေ အဖမ်းအဆီးကြမ်းနေချိန်မှာ ဘယ်လိုနေထိုင်ကြမလဲ

Dawei Watch

August 8, 2024

ထိုင်းအာဏာပိုင်တွေက ရက် ၁၂၀ စီမံချက်ဆိုပြီး အထောက်အထားမဲ့ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေပါတယ်။ ဇွန်လ ၅ ရက်ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ရာမှာ မြန်မာ ၆၀၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။ ဒါကြောင့် ဒီလိုအဖမ်းအဆီးကြမ်းနေချိန်မှာ အန္တရာယ်ကင်းဖို့ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Labour Rights Foundation (LRF) က တာဝန်ရှိသူက အခုလိုပြောဆိုထားပါတယ်။

မြန်မာလုပ်သားတွေ ထိုင်းထီဆုကြီးပေါက်ရင် ဘာအခက်အခဲတွေကြုံရလဲ

Dawei Watch

May 2, 2024

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘတ် ၆ သန်းဆုအပါအဝင် ထိုင်းထီဆုကြီးတွေ ပေါက်ပေမယ့် အလွယ်တကူ ဆုထုတ်ယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။ ထိုင်းထီဆုကြီးပေါက်ခဲ့ရင် ဘန်ကောက်ကရုံးမှာပဲ ထုတ်ပေးလေ့ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအဖို့ လက်လှမ်းမမီ ဖြစ်နေကြတာပါ။ ထီဆုကြီးတွေကို ကိုယ်တိုင်ထုတ်ယူဖို့ အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး လိမ်လည်သူတွေ၊ အကူအညီပေးမယ်ဆိုပြီး မိတ်ဆွေတွေ၊ သူဌေးတွေက ဆုကြေးကို အပြည့်မထုတ်ပေးတာတွေ၊ ထီလက်မှတ် ခိုးယူခံရမယ့်အရေး အသက်အန္တရာယ်ပြုခံရမယ့် အရေးတွေလည်း ကြုံရဖို့ရှိနေပါတယ်။ ဒါကြောင့် ဘတ် ၆ သန်းကံထူးရှင် ၅၀ ဦးကို ဆုငွေထုတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ MAHC မဟာမိတ်အဖွဲ့က တာဝန်ရှိသူ ကိုရဲမင်းနဲ့ တွေ့ဆုံပြီး ထီဆုကြီးပေါက်တဲ့ မြန်မာရွှေ့ပြောင်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး

Dawei Watch

April 23, 2024

တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။ စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။ မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။ လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။ ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၂)

Dawei Watch

March 19, 2024

“တစ်ချို့သောအမှုတွေကြန့်ကြာနေတာတွေရှိပါတယ်။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။ဒါပေမယ့် ဒါကိုကျွန်တော်ဆင်ခြေပေးတာမဟုတ်ပါဘူး” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ […]

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၁)

Dawei Watch

March 19, 2024

“ဒါက စစ်သည်ကျင့်ဝတ်လည်းချိုးဖောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်တယ်” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း (၁) စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ […]