ဇွန်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch
June 26, 2024Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အာဏာသိမ်းပြီး ရက်တစ်ထောင်အတွင်း ထားဝယ်မုန့်လက်သုပ် ဈေးနှစ်ဆတက်သွားတဲ့အကြောင်း – မြိတ်မှာ ခိုးမှု အလစ်သုတ်မှု ဆက်တိုက်ဖြစ်နေတဲ့သတင်း – ရေဖြူမြို့နယ် မျောက်ချောရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ ပြန်ဆုတ်သွားတဲ့သတင်း – မန္တလေးက အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရိုက်နှက်ခံရလို့ သေဆုံးသွားတဲ့အကြောင်း – မောင်တောက စားနပ်ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းမီးရှို့ခံရတဲ့အပေါ် ကုလ စားနပ်ရိက္ခာအစီအစဥ်က အပြင်းအထန်ရှုတ်ချလိုက်တဲ့သတင်း အပါအဝင် – မြန်မာပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်လိုက်တာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။