ဇူလိုင်လ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch
July 18, 2024Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တနင်္သာရီက စစ်ဘေးရှောင်တွေ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျော တပြိုင်းတည်းဖြစ်ပွားနေတဲ့အကြောင်း – ပုလောစစ်ကြောင်း ၁ ကတပ်ဖွဲ့ဝင်တွေ မြို့နယ် ပကဖနဲ့ ပြန်ပူးပေါင်းလိုက်တာ – မြိတ်မြို့က တံတားတစ်စင်းအောက်မှာ နေနေရတဲ့ မိသားတစ်စုကို ပရဟိတအဖွဲ့တစ်ခုက ကယ်တင်ထားရတဲ့အခြေအနေ – ထားဝယ်မှာ ကွမ်းသီးနု ဈေးကောင်းရတဲ့အကြောင်း – ဘန်ကောက်ဟိုတယ်က ခြောက်လောင်းပြိုင်လူသေဆုံးမှုဟာ အချင်းချင်း အဆိပ့်ခတ်သတ်တာလို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။