BREAKING
January 23, 2025

တနင်္သာရီ နေ့စဉ်သတင်း

ဇူလိုင်လ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 19, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးမြို့အနီးက ညှင်းမော်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေထွက်ပြေးနေရတဲ့သတင်း – ကော့သောင်းမြို့နယ်၊ ရွာသစ်ရွာက နေအိမ်တစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း – ရေဖြူမြို့နယ် ဇာဒီရွာက နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ် – ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲဖြစ်လာတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 18, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တနင်္သာရီက စစ်ဘေးရှောင်တွေ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျော တပြိုင်းတည်းဖြစ်ပွားနေတဲ့အကြောင်း – ပုလောစစ်ကြောင်း ၁ ကတပ်ဖွဲ့ဝင်တွေ မြို့နယ် ပကဖနဲ့ ပြန်ပူးပေါင်းလိုက်တာ – မြိတ်မြို့က တံတားတစ်စင်းအောက်မှာ နေ‌နေရတဲ့ မိသားတစ်စုကို ပရဟိတအဖွဲ့တစ်ခုက ကယ်တင်ထားရတဲ့အခြေအနေ – ထားဝယ်မှာ ကွမ်းသီးနု ဈေးကောင်းရတဲ့အကြောင်း – ဘန်ကောက်ဟိုတယ်က ခြောက်လောင်းပြိုင်လူသေဆုံးမှုဟာ အချင်းချင်း အဆိပ့်ခတ်သတ်တာလို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 17, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ် နဲ့ မြိတ်မှာ အိမ်သုံးဂတ်စ် ပြတ်လတ်နေတဲ့သတင်း – ရန်ကုန်-ထားဝယ်ကားလမ်းမှာရှိတဲ့ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့အခြေအနေ – ဇိမ်ခံဟိုတယ်မှာ နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်နက်သေဆုံးမှု အပေါ်FBI ကိုခေါ်ယူထားတဲ့အကြောင်း – ထိုင်းနိုင်ငံသားဆီက ဘတ်သုံးသန်းကျော် လိမ်တဲ့ မြန်မာသုံးဦးဖမ်းဆီးခံထားရအခြေအနေ နဲ့အတူ – ရီးရဲလ်ကစားသမားသစ် အမ်ဘာပေကို မိတ်ဆက်တဲ့ရုပ်သံကြည်တဲ့ပရိတ်သာဟာ စီရိုနဒိုကို ကျော်ပြီး ဒုတိယအများဆုံးဖြစ်လာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 16, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးကို စစ်အင်အားထပ်ဖြည့်လာတာကြောင့် တိုက်ပွဲဖြစ်မှာကိုဒေသခံတွေ စိုးရိမ်နေကြတဲ့အခြေအနေ – တနင်္သာရီမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း – မွန်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ကပစ်သ တ်လိုက်တာ – ထိုင်းကို နွားတွေခိုးသယ်တဲ့ မြန်မာတွေ အဖမ်းခံရတဲ့သတင်း – ထိုင်းနိုင်ငံက လုပ်ငန်းခွင်ထဲ မြန်မာရှစ်သောင်းကျော် စစ်ဆေးခံရပြီး ငါးရာနီးပါး အဖမ်းခံရတဲ့အခြေအနေ – ဒီအပတ်အာဂျင်းတီးနားနဲ့ကိုလံဘီယာအသင်းတို့ ကစားသွားတဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 15, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကောင်စီက လောင်းလုံးကျေးရွာတချို့ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တပ်ဖြန့်ဝင်လာတဲ့သတင်း – KNLA ခေါင်းဆောင်တွေလိုက်ပါလာတဲ့ကားကို ကော်သူးလေတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အကြောင်း – တနင်္သာရီမြို့နယ်ပဝရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အခြေအနေ – ယူရိုချန်ပီယံဆုဖလားကို ၄ ကြိမ် ဆွတ်ခူးရရှိတဲ့ ပထမဆုံးအသင်းအဖြစ် စပိန် စံချိန်တင်တဲ့သတင်း – ဖူးခက်မှာ ထိုင်းအမျိုးသမီးရဲ့ ရင်သားကို ကိုင်ခဲ့တဲ့ မြန်မာတစ်ဦး ဖမ်းဆီးခံရတဲ့သတင်းနဲ့အတူ – ဒီနေ့ထားဝယ် ရွှေဈေးကွက်အကြောင်းနဲ့ ဘတ်ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 12, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့အဝင်မှာ ဟိုက်ဂျက်ကားတစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံးတဲ့သတင်း – ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတဲ့သတင်း – သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရတဲ့သတင်း – ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်လာပြီး တစ်ရက်အတွင်း လူတစ်ရာကျော်ဆေးရုံတက်ရတဲ့အကြောင်း – ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်မှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 11, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးမြို့နယ် သဗျာကျေးရွာက ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို စစ်ကာင်စီက ပစ်သ–တ်လိုက်တဲ့အကြောင်း – ပုလောမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တဲ့အခြေအနေ – ထားဝယ်တက္ကသိုလ်ဓမ္မာရုံအတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါး စစ်ကောင်စီကို ထည့်ဝင်ခဲ့ကြရတာ – နောင်ချိုမြို့ကို တအာင်းတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်တဲ့အကြောင်း – ဘန်ကောက်မှာကိုယ်ဝန်ဖျက်ချပြီးစွန့်ပစ်ခဲ့တဲ့မြန်မာအမျိုးသမီးငယ်တစ်ဦးအဖမ်းခံလိုက်ရတဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 10, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့နယ် ဇာဒီရွာမှာ နေအိမ်နှစ်လုံး ဖြိုချဖျက်ဆီးခံရတဲ့သတင်း – က‌လိန်အောင်တံတားကြီးဂိတ်မှာ အမျိုးသားခရီးသွားတချို့ ရိုက်နှက်စစ်ဆေးခံ နေရတဲ့အခြေအနေ – ပုလောက စစ်ကောင်စီတပ်စခန်းတွေ တစ်ပတ်အတွင်း လေးရက် တိုက်ခိုက်ခံရတဲ့အခြေအနေ – တိုင်းစစ်ဌာန(တနင်္သာရီ)၊ ဗျူဟာ ၃၅ နယ် မြေမှာအခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်တဲ့အကြောင်း – ချင်းမိုင်မှာ မြန်မာစစ်ဘေးရှောင်ရန်ပုံငွေအတွက် ‘အိမ်’ အနုပညာပြပွဲကျင်းပတဲ့သတင်း နဲ့အတူ – ထိုင်းနိုင်ငံအတွင်း တရားမဝင်လာတဲ့ မြန်မာ ၁၆ ဦး အဖမ်းခံလိုက်ရတဲ့ သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။