BREAKING
January 23, 2025

တနင်္သာရီ နေ့စဉ်သတင်း

ဇူလိုင်လ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 31, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အရေးပေါ်ကာလ ၆ လ ထပ်တိုးဖို့ စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်တဲ့အကြောင်း – ရေဘေးကြုံနေတဲ့ တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ဗုံးကြဲတဲ့သတင်း – တနင်္သာရီက တကူတိုက်နယ်မှာ ရေကြီးရေလျှံလို့ အမျိုးသားတစ်ဦးသေပြီး တစ်ဦး ပျောက်ဆုံးနေတဲ့အကြောင်း – လက်နက်နဲအတူထွက်ပြေးတဲ့တပ်သားကို မောရဝတီရေတပ်က ကံပေါက်မှာလိုက်ရှာနေတဲ့သတင်း – တနင်္သာရီမြို့နယ်က အများပြည်သူသွားလမ်းပေါ် မှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားတဲ့အခြေအနေ – မွန်ပြည်နယ် ရေးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 30, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတဲ့ ပုလောကုန်းစခန်းကို စစ်ကောင်စီတပ်စွန့်ခွာသွားတဲ့ အခြေအနေ – စစ်ကောင်စီတပ်ကသိမ်းသွားလို့ ပြန်လာထုတ်တဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ သေနတ်နဲ့ခြိမ်းခြောက်ခံရတဲ့အကြောင်း – လောင်းလုံးက ရွာတစ်ရွာမှာ ကာကွယ်ရေးအဖွဲ့ အတွက် ငွေကြေးအချိုးကျထည့်ဝင်စေလို့ ဒေသခံတွေအခက်တွေ့ နေတဲ့အကြောင်း – တနင်္သာရီတိုင်း ပင်လယ်ပြင်မှာ လှိုင်းကြီးမှာဖြစ်လို့ ရေယာဉ်တွေကို ထွက်ခွင့်မပေးတဲ့အခြေအနေ အပါအဝင် – ထိုင်းဘတ်ဈေး အမြင့်ဆုံးတက်လာပြီး တစ်ဘတ်ကို ကျပ် ၁၅၀ နီးပါးအထိ ဈေးမြောက်လာတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 29, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အန္တရာယ်ရေမှတ်အထက် သုံးပေကျော်အထိ မြင့်တက်လာတဲ့ တနင်္သာရီမြစ်ရေအခြေအနေ – ကံပေါက်မှာ ဘေးတွဲနဲ့ မြေသယ်ကားတိုက်မိလို့ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း – ကော့သောင်းလေယာဉ်ကွင်းမှာ ဒေသခံမဟုတ်တဲ့ ခရီးသည်တွေဆီက ကျပ်သိန်းချီငွေညှစ်နေတာ – ထိုင်းက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ဘတ်ကိုးသန်းထောက်ပံ့မယ့်သတင်း – ထိုင်းတောင်ပိုင်းမှာ မြန်မာလုပ်သား ၆၀ကျော်ကို နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရပြီး အထောက်အထားလည်း အသိမ်းခံရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 26, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးမြို့နယ် ကျော်နီမော်ရွာမှာ စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရတဲ့အကြောင်း – တနင်္သာရီမြစ်ရေစိုးရိမ်ရေအမှတ်ကို ကျော်လွန်လာလို့ ရပ်ကွက် ကျေးရွာတွေမှာ ရေကြီးရေလျံမှုတွေဖြစ်နေတဲ့သတင်း – မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေကြီးနေလို့ ရန်ကုန်-မော်လမြိုင်ကားလမ်း ယာယီပိတ်ထားရတဲ့အကြောင်း – ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆိန်းမြစ်ရိုးကနေ အီဖဲလ်မျှော်စင်အထိ လှေတွေစီးနင်းချီတက်စေပြီး ထူးခြားစွာ ကျင်းပမယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 25, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းကိုလာတဲ့ ခရီးသွားတွေကို စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာတွေရှိနေတဲ့အကြောင်း – တနင်္သာရီတိုင်းထဲက စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့အခြေအနေ – ထားဝယ်မြို့ရှိ စစ်ကောင်စီဝန်ကြီးအိမ်ယာက အစောင့်ရဲတပ်သားရဲ့အလောင်း ရေမြောင်းထဲတွေ့ရှိခဲ့တာ – ထားဝယ်ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နေတဲ့‌အကြောင်း – စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျိုက်ထုံဒေသခံ လူငယ် ၆ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရခဲ့တဲ့အခြေအနေ – စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူလိုက်ပြီလို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်တာ – ထိုင်းမှာ ညဖက်မုန့်ထွက်ဝယ်တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း […]

ဇူလိုင်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 24, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေပါတဲ့ကား အပစ်ခံရချိန် အနားမှာရှိတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံတော်မူသွားတဲ့အကြောင်း – လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ရွာတွေကို စစ်ကြောင်းထိုးချိန်ကအဖမ်းခံရသူတွေ ပြန်လွတ်လာတာ – သောက်ရေခွက် ပျောက်တဲ့ကိစ္စကြောင့် စစ်ကောင်စီတပ်သားနဲ့ ဒေသခံအမျိုးသမီးတို့ ရန်ဖြစ်တဲ့သတင်း – ကရသူရိမှာ စစ်မှုထမ်းငှားဖို့ တစ်အိမ်ထောင်ကျပ်သုံးသောင်းကောက်ပေမယ့် စာရင်းမရှင်းသေးတဲ့အခြေအနေ – မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မွန်က မြို့နယ်ငါးခုရဲ့ အနိမ့်ပိုင်းနေရာတွေကို ရေစဝင်နေတဲ့သတင်း – မလေးရှားသွားမယ့် မြန်မာ ၈၀ကျော် ထိုင်းမှာ ဖမ်းဆီးခံရတဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 23, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကောင်စီတပ်ရဲ့သ တ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်တဲ့အကြောင်း – လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချလိုက်တဲ့သတင်း – ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်အရာရှိလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရတဲ့သတင်း – ဘုတ်ပြင်းရေပြင်ကမ်းနီးမှာ ကမ်းဝေးဝါလတ်လှေတွေ အစုလိုက်အပြုံလိုက် ငါးဝင်ဖမ်းနေတဲ့အခြေအနေ – စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူလိုက်တဲ့အကြောင်း – ရေဖြူမှာ ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင် – ထိုင်းမြောက်ပိုင်းမှာ ရွှေဆိုင်က လက်စွပ်လုပြေးတဲ့ မြန်မာတစ်ဦးအဖမ်းခံရတာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

ဇူလိုင်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 22, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ပုလောဒေသကာကွယ်ရေးတပ် တပ်ခွဲမှူးတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တဲ့အကြောင်း – တနင်္သာရီမြို့နယ် ဆင်ခေါင်းရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရသွားတာ – ဘန်ကောက်မြို့က စျေးဝယ်စင်တာတစ်ခုမှာ မြန်မာတစ်ဦးအသ တ်ခံရတဲ့အကြောင်း – ထိုင်းနိုင်ငံ လုပ်ငန်းခွင်တွေထဲက မြန်မာလုပ်သားတစ်သိန်းနီးပါး စစ်ဆေးခံရပြီး ခြောက်ရာနီးပါးအဖမ်းခံရတဲ့အခြေအနေ – မြန်မာက ဖိနှိပ်ခံလူတန်းစားနဲ့တောင်သူလယ်သမားအရေး တက်ကြွစွာပါဝင်ခဲ့တဲံ ပါမောက္ခ ဂျိမ်းစကော့ကွယ်လွန်သွားတာ – သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်သွားတဲ့အကြောင်း အပါအဝင် – တရုတ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းနှစ်လုံးကြောင့် ရေကြီးရေလျှံပြီး လူသေဆုံးတာတွေများခဲ့တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ […]