BREAKING
November 15, 2024

တနင်္သာရီ နေ့စဉ်သတင်း

ဇူလိုင်လ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 3, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်အထူးစီးပွားရေးဇုန်ဒေသက နှစ်ဖက်တိုက်ပွဲအတွင်း PDF ငါးဦးသေဆုံးသွားတဲ့ သတင်း – အရင်လက စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တဲ့ ဖောင်းတောဒေသခံလေးဦးထဲက သုံးဦးပြန်လွတ်လာတဲ့အကြောင်း – တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီနဲ့ကျွန်းစုက ရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲတဲ့သတင်း – စစ်ကောင်စီက ဖိအားပေး အရေးယူတာတွေရှိလာလို့ ထိုင်းနိုင်ငံက ကွန်ဒိုဈေးကွက် ထိခိုက်တဲ့အကြောင်းအပါအဝင် – ဒီနေ့ ရွှေ ဈေးကွက်နဲ့ ဘတ်ဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 2, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲ‌ရှောင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေ – ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီတပ်က ရွာလူထုအသုံးပြုတဲ့ လမ်းပေါ်အထိ မိုင်းထောင်လာတဲ့သတင်း – ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကို စစ်ကောင်စီဖမ်းဆီးခဲ့တဲ့အကြောင်း – ထားဝယ်ဒေသရှိ စစ်ဘေးရှောင်တွေအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းလုပ်နေတဲ့အခြေအနေ – ဧရာဝတီ၊ ရိုးမ၊ ယူအေဘီအပါအဝင် ဘဏ်၇ခုက တာဝန်ရှိသူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီကြေညာတဲ့အကြောင်း – ရွေးကောက်ပွဲတုန်းက ရခိုင်မှာ အများဆုံးအနိုင်ရတဲ့ ANP ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတဲ့အကြောင်း အပါအဝင် – မွန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်အထိ ရှိလာတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube […]

ဇူလိုင်လ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 1, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်ကသံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့အကြောင်း – တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီတပ်သားတွေ ပြန်လာပြီးတပ်စွဲထားတဲ့ သတင်း – ကျိုက်ထိုက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အကြောင်း – မတူပီမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့အခြေအနေ – မြိတ်မှာ သစ်သီးဈေးနှုန်း အဆမတန်မြင့်နေလို့ ရောင်းအားကျနေတဲ့အကြောင်း – မိုးသည်းလို့ မြစ်ကြီးနားမှာရေကြီးနေပြီး မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်ပြန်ထားတဲ့အခြေအနေ အပါအဝင် – CI စခန်းတွေ ပိတ်မယ်လို့ ထိုင်းဘက်ကထုတ်ပြန်ထားပေမယ့် မြန်မာဘက်က မညွှန်ကြားသေးတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

ဇွန်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 28, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်တဲ့သတင်း – ကော့သောင်းမှာ MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာလာတဲ့အကြောင်း – ရေးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရတဲ့သတင်း – ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၅ ဦး ဖမ်းဆီးခံရတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇွန်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 27, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်မြို့ပေါ်စာသင်ကျောင်းအနီးမှာ ဗုံးတွေ့လို့ ရှင်းလင်းလိုက်တဲ့အကြောင်း – ထောင်ချီရှိတဲ့ ရာဖူးရွာစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေတဲ့အခြေအနေ – ရေဖြူမြို့နယ်က ဇာဒီရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရက်ဆက်ပစ်ခတ်နေသလို အင်တာနက်လည်း ဖြတ်တောက်ခံထားရတာ – မွန်ပြည်နယ် ကျိုက်ထိုဒေသခံတွေလည်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထွက်ပြေးနေကြရပါတယ်။ – ထားဝယ်မြို့မှာ ရွှေရောင်းသူထက် ပေါင်တဲ့သူက ပိုများလာနေတဲ့အကြောင်း – ရှမ်းမြောက်တကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တာ – နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ မန္တ‌လေး PDF က ထုတ်ပြန်လိုက်တဲ့အကြောင်း – ရှမ်းမြောက် တကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာနေချိန် […]

ဇွန်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 26, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အာဏာသိမ်းပြီး ရက်တစ်ထောင်အတွင်း ထားဝယ်မုန့်လက်သုပ် ဈေးနှစ်ဆတက်သွားတဲ့အကြောင်း – မြိတ်မှာ ခိုးမှု အလစ်သုတ်မှု ဆက်တိုက်ဖြစ်နေတဲ့သတင်း – ရေဖြူမြို့နယ် မျောက်ချောရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ ပြန်ဆုတ်သွားတဲ့သတင်း – မန္တလေးက အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရိုက်နှက်ခံရလို့ သေဆုံးသွားတဲ့အကြောင်း – မောင်တောက စားနပ်ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းမီးရှို့ခံရတဲ့အပေါ် ကုလ စားနပ်ရိက္ခာအစီအစဥ်က အပြင်းအထန်ရှုတ်ချလိုက်တဲ့သတင်း အပါအဝင် – မြန်မာပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်လိုက်တာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇွန်လ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 24, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရော်ဘာသယ်ခွင့် အထောက်အထား ၁၀ကျော်တောင်းပြီး စစ်ကောင်စီကတင်းကျပ်လိုက်တဲ့အကြောင်း – ရပ်နားထားတဲ့ ရေဖြူမြို့နယ်က သတ္တုလုပ်ကွက်တွေကို စစ်ကောင်စီရေတပ်နဲ့ ပူးပေါင်းပြီး ပြန်စဖို့ပြင်နေတဲ့အခြေအနေ – မောရဝတီရေတပ်ကဖမ်းသွားတဲ့ ဖောင်းတောရွာက ဒေသခံလေးဦး ငါးရက်ကြာတဲ့အထိပြန်မလွတ်သေးတဲ့အကြောင်း – မြိတ်မြို့က ဒိုင်နမိုပြင်ဆိုင် မီးလောင်ခဲ့တဲ့သတင်း – အာဏာသိမ်းဂယက်ကြောင့် လည်ပတ်သူမဲ့နေတဲ့ တောကျဲရေတံခွန်ရဲ့ အခြေအနေ – ဈေးမဖွင့်တာ ရက် ၂၀ ရှိပြီဖြစ်တဲ့ ထားဝယ်ရွှေဈေးကွက် စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇွန်လ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

June 21, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့နယ်၊ မူးဒူးရွာတိုက်ပွဲမှာ မသန်စွမ်းတစ်ဦးသေဆုံးပြီး Pdf တစ်ဦး ဒဏ်ရာရခဲ့တဲ့အကြောင်း – ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်က စစ်ဆေးရေးဂိတ်သစ်အနီးမှာ ဗုံးနှစ်လုံးတွေ့ရတဲ့သတင်း – ထိုင်းနိုင်ငံမှာ သုံးဘီးနဲ့ပစ္စည်းပို့တဲ့ မြန်မာ ၅ ဦးဖမ်းဆီးခံရတဲ့အကြောင်း – အခေါက်ရွှေရောင်းရပ်နေဆဲ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။