BREAKING
November 15, 2024

တနင်္သာရီ နေ့စဉ်သတင်း

ဩဂုတ်လ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 6, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ပြည့်ဖြိုးထွန်းကုမ္ပဏီနဲ့ စိုက်ခင်းကို တော်လှန်ရေးတပ်တွေသိမ်းထားလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အကြောင်း – ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အခြေအနေ – ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦတွေကို ပန်းချီနဲ့ မှတ်တမ်းတင်ထားတဲ့စာအုပ် ထွက်မယ့်အကြောင်း – ထားဝယ်မှာ မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်နေတဲ့ အခြေအနေအပါအဝင် – ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားလေးရာလောက် ဘတ် ၁၈သန်းကျော် နစ်နာကြေးရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဩဂုတ်လ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 5, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စံချိန်တင်တက်ခဲ့တဲ့တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျသွားတဲ့အကြောင်း – ရဟန်းအသွင်ယူထားတဲ့ စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီးခဲ့တဲ့အကြောင်း – ငါးရက်အကြာ ပျောက်နေတဲ့ လောင်းလုံးကအဘွားကို ကျန်းကျန်းမာမာပြန်တွေ့တဲ့သတင်း – လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်း – လောင်းလုံးက သဘော့ဆိပ်ရွာမှာ အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးနဲ့ရိုက်ခဲ့တဲ့ အခြေအနေ အပါအဝင် – ကယန်းကျားသစ်မလေး ဗရော်နီကာ နိုင်ပွဲပြန်ရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဩဂုတ်လ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 2, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲမှာ အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဆယ်ကျော်ဖမ်းခေါ်ခံရတဲ့သတင်း – သရက်ချောင်းမြို့နယ် ရန်တောင်ရွာနဲ့ သင်းကျွန်းရွာကြားမှာ စစ်ကောင်စီတပ်စီးလာတဲ့ကားပစ်ခတ်ခံရတဲ့အကြောင်း – ရေဖြူမြို့နယ်၊ အလယ်စခန်းရွာက ရပ်ရွာအရေးကူညီနေသူ ဦးမျိုးကျော်ကျော် ပစ်သ တ်ခံရတဲ့သတင်း – တနင်္သာရီမြို့နယ်၊ပြည့်အေးရွာမှာ ရေနစ်ပျောက်ဆုံးသွားတဲ့ ကိုမိုးကျော်ရဲ့ အလောင်းကို ၃ ရက်အကြာမှာပြန်တွေ့ – ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က တံတားငယ် တစ်စင်း ဒီကနေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရတဲ့သတင်း – တနင်္သာရီမြို့နယ်မှာ ရေကြီးရေလျံမှုတွေဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီ သယ်ယူရခက်ခဲနေလို့ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ပေးမယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ […]

ဩဂုတ်လ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 1, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – KNU သစ်တောဝန်ထမ်းဟောင်းကို KNLA အရာရှိနှစ်ဦးက သ တ်ဖြတ်လိုက်တဲ့အကြောင်း – ပုလောကုန်ရွာက စစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်ကို KNDO တပ်က မိုင်းခွဲဖျက်ဆီးလိုက်တာ – ထားဝယ်အရှေ့တော မိုင်းပေါက်မှုမှာ ဒဏ်ရာရတဲ့ကလေး အရေးပေါ်ဆေးကုသနေရတဲ့အခြေအနေ – မြိတ်မြို့မှာ စွန့်ပစ်ထားတဲ့ ကလေးအလောင်းတစ်လောင်း တွေ့ခဲ့ရတဲ့အကြောင်း – အခွန်ပိုရအောင်ကောက်ခံမယ်လို့ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်က ပြောဆိုလိုက်တာ – မိုးမိတ်မြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တဲ့အခြေအနေ – မတ္တရာက စစ်ကောင်စီတပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားတယ်လို့ မန္တလေး PDF က ထုတ်ပြန်တဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ […]

ဇူလိုင်လ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 31, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အရေးပေါ်ကာလ ၆ လ ထပ်တိုးဖို့ စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်တဲ့အကြောင်း – ရေဘေးကြုံနေတဲ့ တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ဗုံးကြဲတဲ့သတင်း – တနင်္သာရီက တကူတိုက်နယ်မှာ ရေကြီးရေလျှံလို့ အမျိုးသားတစ်ဦးသေပြီး တစ်ဦး ပျောက်ဆုံးနေတဲ့အကြောင်း – လက်နက်နဲအတူထွက်ပြေးတဲ့တပ်သားကို မောရဝတီရေတပ်က ကံပေါက်မှာလိုက်ရှာနေတဲ့သတင်း – တနင်္သာရီမြို့နယ်က အများပြည်သူသွားလမ်းပေါ် မှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားတဲ့အခြေအနေ – မွန်ပြည်နယ် ရေးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 30, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတဲ့ ပုလောကုန်းစခန်းကို စစ်ကောင်စီတပ်စွန့်ခွာသွားတဲ့ အခြေအနေ – စစ်ကောင်စီတပ်ကသိမ်းသွားလို့ ပြန်လာထုတ်တဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ သေနတ်နဲ့ခြိမ်းခြောက်ခံရတဲ့အကြောင်း – လောင်းလုံးက ရွာတစ်ရွာမှာ ကာကွယ်ရေးအဖွဲ့ အတွက် ငွေကြေးအချိုးကျထည့်ဝင်စေလို့ ဒေသခံတွေအခက်တွေ့ နေတဲ့အကြောင်း – တနင်္သာရီတိုင်း ပင်လယ်ပြင်မှာ လှိုင်းကြီးမှာဖြစ်လို့ ရေယာဉ်တွေကို ထွက်ခွင့်မပေးတဲ့အခြေအနေ အပါအဝင် – ထိုင်းဘတ်ဈေး အမြင့်ဆုံးတက်လာပြီး တစ်ဘတ်ကို ကျပ် ၁၅၀ နီးပါးအထိ ဈေးမြောက်လာတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 29, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အန္တရာယ်ရေမှတ်အထက် သုံးပေကျော်အထိ မြင့်တက်လာတဲ့ တနင်္သာရီမြစ်ရေအခြေအနေ – ကံပေါက်မှာ ဘေးတွဲနဲ့ မြေသယ်ကားတိုက်မိလို့ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း – ကော့သောင်းလေယာဉ်ကွင်းမှာ ဒေသခံမဟုတ်တဲ့ ခရီးသည်တွေဆီက ကျပ်သိန်းချီငွေညှစ်နေတာ – ထိုင်းက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ဘတ်ကိုးသန်းထောက်ပံ့မယ့်သတင်း – ထိုင်းတောင်ပိုင်းမှာ မြန်မာလုပ်သား ၆၀ကျော်ကို နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရပြီး အထောက်အထားလည်း အသိမ်းခံရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 26, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးမြို့နယ် ကျော်နီမော်ရွာမှာ စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရတဲ့အကြောင်း – တနင်္သာရီမြစ်ရေစိုးရိမ်ရေအမှတ်ကို ကျော်လွန်လာလို့ ရပ်ကွက် ကျေးရွာတွေမှာ ရေကြီးရေလျံမှုတွေဖြစ်နေတဲ့သတင်း – မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေကြီးနေလို့ ရန်ကုန်-မော်လမြိုင်ကားလမ်း ယာယီပိတ်ထားရတဲ့အကြောင်း – ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆိန်းမြစ်ရိုးကနေ အီဖဲလ်မျှော်စင်အထိ လှေတွေစီးနင်းချီတက်စေပြီး ထူးခြားစွာ ကျင်းပမယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။