BREAKING
February 24, 2025

အားကစား/ကမ္ဘာ့ဖလား

Dawei Watch ရဲ့ ချန်ပီယံလိဂ်ညချမ်း ပွဲစဉ်သုံးသပ်ချက်များ

Dawei Watch

October 1, 2024

ဒီနေ့မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်(၂)ဆီကို ရောက်လာခဲ့ပါပြီ။ ချန်ပီယံလိဂ်ဟာ စနစ်သစ်နဲ့ကျင်းပနေတာမို့ အသင်းအားလုံးက ချိန်ဆကစားနေပြီး အသင်းကြီးတွေတောင်မှ အခင်းအကျင်းတွေ၊ ဗျူဟာပိုင်းဆိုင်ရာတွေ အပြောင်းအလဲလုပ်လာတာကို မြင်ကြရပါတယ်။ အခုညမှာလည်း အသင်းကြီးတွေအတွက် အရေးပါတဲ့ပွဲစဉ်တွေ ပါဝင်နေလို့ Dawei Watch ရဲ့ ချန်ပီယံလိဂ်သုံးသပ်ချက်များအဖြစ် စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

“ကျွန်တော်တို့မိသားစုက ဒီ ONE Championship ပွဲလေးထိုးမှ ထမင်းနပ်မှန်လာတာဆိုတော့ ပိုကြိုးစားပြီး ထိုးပါမယ်” – သန့်ဇင်

Dawei Watch

September 26, 2024

မနက်ဖြန်ရောက်ရင် မြန်မာဖိုက်တာ သန့်ဇင်နဲ့ ဂျပန်ဖိုက်တာ တာကေးရု တို့ ပွဲထိုးပါတော့မယ်။ ဒီပွဲမစခင်မှာ ONE က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဖိုက်တာနှစ်ယောက်လုံးကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ သန့်ဇင် ဖြေကြားသွားခဲ့တဲ့ အင်တာဗျူးအဖြေတွေက စိတ်ဝင်စားစရာကောင်းလွန်းတဲ့အတွက် Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း အားကစားသတင်းများ

Dawei Watch

September 25, 2024

ဒီအစီအစဉ်လေးမှာတော့ အခုရက်ပိုင်းအတွင်း လှုပ်ခတ်နေတဲ့ အားကစားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့အားကစားသတင်းကဏ္ဍမှာ… (၁) ရုပ်သံလိုင်းတည်ထောင်လိုက်တဲ့ မက်ဆီ (၂) မန်ယူဂိုးသမား အိုနာနာရဲ့မှတ်တမ်းသစ် (၃) ဒူးဒဏ်ရာကြောင့် နားရတော့မယ့် မန်စီးတီးရဲ့ ရိုဒရီ (၄) စံချိန်သစ်တွေ တင်လိုက်ပြန်တဲ့ ဟာလန်း (၅) အသက် ၅၀ အထိ စီရော်နယ်ဒိုက ကစားပြချင်စိတ် ရှိနေပါတယ် စတဲ့ သတင်းကောင်းတွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယား ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်သွားပါပြီ

Dawei Watch

September 24, 2024

မြောက်ကိုရီးယား ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပါပြီ။ အကြိတ်အနယ်ကစားပြီး ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မြောက်ကိုရီးယား အောင်ပွဲခံသွားခဲ့တာပါ။ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချန်ပီယံဟာ မြောက်ကိုရီးယား ဖြစ်သွားခဲ့ပါပြီ။ ဒါတင်ပဲလားဆိုတော့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးအများဆုံးသွင်းယူသူ ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးရယူသွားခဲ့ပါတယ်။ မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီဆိုတာကို သိလိုရအပြီးမှာ ကင်ဂျုံအန် အပါအဝင် မြောက်ကိုရီးယားအကြီးအကဲအသိုင်းအဝိုင်းမှာ ချက်ချင်းဆိုသလိုပဲ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံအခမ်းအနားကျင်းပတာတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယား ယူ-၂၀ အမျိုးသမီးဘောလုံးအသင်းဟာ ဗိုလ်လုပွဲမှာ ဂျပန် ယူ-၂၀ အမျိုးသမီးဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးသွားခဲ့တာပါ။

ချန်ပီယံလိဂ် တတိယညမှာ ဘယ်အသင်းတွေကို အားပေးကြမလဲ

Dawei Watch

September 19, 2024

ချန်ပီယံလိဂ်စနစ်သစ်အရ ချန်ပီယံလိဂ်ကို ညကြီး ၃ ညဆက်တိုက် ကြည့်ရဖို့ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်လည်း ကစားသမားတွေက ပွဲစဉ်တွေ ရက်ကပ်လွန်းပြီး အနားရတဲ့အချိန်က နည်းလာတယ်လို့ အသံထွက်လာတာပါ။ ဒီညမှာ ကစားရမယ့်အသင်းတွေဟာဆိုရင် နှစ်ရက်လောက် နားပြီးတာနဲ့တပြိုင်နက် ပြည်တွင်းလိဂ်ပွဲတွေ ကစားရဖို့ ရှိလာတော့မှာပဲဖြစ်ပါတယ်။ အဝေးကွင်းပွဲစဉ် လာရောက်ကစားရတဲ့အသင်းတွေဆိုရင် အပြန်ခရီးနဲ့ လေ့ကျင့်ရေးဆင်းရမှုတွေက တစ်ဆက်တည်းဖြစ်သွားလို့ ပင်ပန်းမှုတွေ ဖိစီးလာမှာပါ။ ဒီည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရရှိသွားလေမလဲ?

ဒီညမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး စတင်ပါပြီ၊ ဘယ်အသင်းတွေ ရလဒ်ကောင်းကြလေမလဲ?

Dawei Watch

September 17, 2024

ဒီညမှာတော့ ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး အစပြုပါပြီ။ ဒါဟာ ဥရောပမှာ ပြိုင်ပွဲကြီးတွေအားလုံးစုံလင်သွားပါပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ ချန်ပီယံလိဂ်မှာ ပါဝင်တဲ့အသင်းအားလုံးဟာ သက်ဆိုင်ရာလိဂ်အလိုက်မှာ ထိပ်တန်းအဆင့်တွေရှိကြလို့ ဘယ်အသင်းကိုမှ လျှော့မတွက်သင့်ပါဘူး။ ဒီညမှာဆိုရင် အေစီမီလန်နဲ့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ စတုဂတ်တို့ အားပြိုင်မယ့် ပွဲကောင်းတွေလည်း ရှိလို့နေပါတယ်။ စနစ်သစ်နဲ့အစပြုလိုက်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲတွေမှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရရှိနိုင်လေမလဲဆိုတာကို စောင့်မျှော်ရင်ခုန်လိုက်ကြပါစို့။

နာဘီးလ်နဲ့ စိုးလင်းဦးတို့ပွဲမှာ နာဘီးလ် နိုင်မယ်လို့ စူပါလက်ခ် ခန့်မှန်းလိုက်ပြီ

Dawei Watch

September 16, 2024

One ဘက်မှာ ဖိုက်တာကောင်းတစ်ယောက်အဖြစ် နာမည်ရေးထိုးစိုက်ထူထားတဲ့ ထိုင်းဖိုက်တာ စူပါလက်ခ်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထိုးရမယ့် မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ ထိုင်း-အယ်လ်ဂျီးရီးယားနွယ်ဖွား နာဘီးလ်တို့ရဲ့ပွဲမှာ နာဘီးလ် နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ စူပါလက်ခ် ဟာ South China Morning Post သတင်းမီဒီယာနဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ နာဘီးလ်တို့ဟာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် လမ်ပီးနီးအားကစားကွင်းကြီးထဲမှာ စိန်ခေါ်ပွဲ ထိုးကြတော့မှာပါ။ ဒီပွဲဟာ နိုင်ပွဲဆက်နေတဲ့ ဖိုက်တာနှစ်ယောက်ရဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှုကလည်း မြင့်တက်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့စိန်ခေါ်ပွဲ တွဲဆိုင်းပါဝင်တဲ့ One Friday Fights 81 အတွက် လက်မှတ်တွေကတော့ ပြိုင်ပွဲမစခင် တစ်လအလိုကတည်းက အကုန်အစင် ရောင်းကုန်သွားခဲ့ပြီးပါပြီ။

နိုင်ပွဲနဲ့အတူ မန်ယူပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်

Dawei Watch

September 14, 2024

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လိဂ်အမှတ်ပေးပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကလည်း စတင်တော့မှာဆိုတော့ အသင်းတိုင်းဟာ ရေကုန်ရေခမ်း အားထည့်ပြင်ဆင်နေကြမှာပါ။ အထူးသဖြင့် လိဂ်ဘက်မှာ အတိုင်းအတာတစ်ရပ်အထိ စိတ်ချရတဲ့အခြေအနေကိုဖန်တီးဖို့ အသင်းတိုင်းက ကြိုးစားလာပါလိမ့်မယ်။ မန်ယူဆိုရင်လည်း နှစ်ပွဲဆက်အရှုံးရလဒ်ကို ချေဖျက်ပြရတော့မှာပါ။ ဒီတစ်ပတ်မှာတော့ အသင်းကြီးတိုင်းက ပုံစံကောင်းတစ်ခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမိပါတယ်။