BREAKING
November 24, 2024

အားကစား/ကမ္ဘာ့ဖလား

မန်ယူဟာ ဂျိမ်းစ်ဘွန်းကို အသင်းမှာကစားပေးဖို့ ခေါ်ခဲ့ဖူးတယ်

Dawei Watch

August 19, 2024

လူသိနည်းပါးလှတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မန်ယူဟာ ဂျိမ်းစ်ဘွန်းမင်းသားကို အသင်းအတွက် ကစားပေးဖို့ ခေါ်ယူခဲ့ပါသေးတယ်။ အဲ့ဒီကာလတုန်းကတော့ မန်ယူ ခေါ်ယူချင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းမင်းသားက သရုပ်ဆောင် မဖြစ်သေးသလို နာမည်လည်း မကြီးသေးပါဘူး။ စကော့တလန်ရဲ့ဒေသခံကလပ်လေးမှာ ကစားသမားဘဝဖြတ်သန်းနေတဲ့ ဘောလုံးသမားအဖြစ် သူက ရှိနေဆဲပဲဖြစ်ပါတယ်။ အဲ့ဒီ ဂျိမ်းစ်ဘွန်းမင်းသားကတော့ လမ်းလျှောက်တဲ့စတိုင်နဲ့ အရမ်းကို ထင်ပေါ်ခဲ့တဲ့ ဂျိမ်းစ်ဘွန်း ပထမဆုံးမင်းသား ရှောင်ကွန်နရီပဲဖြစ်ပါတယ်။ ရှောင်ကွန်နရီ ဟာ အရမ်းကို ဆင်းရဲနွမ်းပါးလှတဲ့ဘဝကနေ အမြင့်တစ်နေရာဆီကို တက်လှမ်းခဲ့ရသူပါ။ သူ့ရဲ့ဘဝဖြတ်သန်းမှုထဲမှာ ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့ရတဲ့အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာကို သိရှိသူက အရမ်း အရမ်းကိုပဲ နည်းပါးလွန်းလှပါတယ်။ ဒါ့အပြင် မန်ယူက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာကျတော့ တကယ့်ကို အတွင်းကျလွန်းလှတဲ့အကြောင်းအရာဖြစ်သွားခဲ့ပါပြီ။ ဒီနေ့မှာတော့ အဲ့ဒီအကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပါ။

ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဒီနေ့ စိန်ခေါ်ပွဲ ထိုးမယ်

Dawei Watch

August 16, 2024

ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဟာ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်မှာ စိန်ခေါ်ပွဲ ထိုးတော့မှာပဲဖြစ်ပါတယ်။ တီရယ်လ်ထန် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဂျပန်ဖိုက်တာ နာအိုကီ ယူအီဒါ ပါပဲ။ အသက် ၂၇ နှစ်အရွယ် ယူအီဒါ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပွဲ ၂၀ ထိုးခဲ့ပြီးပါပြီ။ အဲ့ဒီစိန်ခေါ်ပွဲစဉ် ၂၀ မှာ ယူအီဒါက ၁၁ ပွဲနိုင်၊ ၂ ပွဲသရေဖြစ်ပြီး ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။ တီရယ်လ်ထန် ကတော့ One Championship နဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် အောင်မြင်မှု မရရှိတော့ပါဘူး။

မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ နာဘီလ် ကို စိုးလင်းဦး ဖြိုနိုင်ပါ့မလား

Dawei Watch

August 14, 2024

သံမဏိစိုးကြီးကတော့ သူ့ရဲ့စတုတ္ထမြောက် စိန်ခေါ်ပွဲကို ရင်ဆိုင်ယှဉ်ပြိုင်ရပါတော့မယ်။ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် သံမဏိစိုးကြီး လို့ ချစ်စနိုးခေါ်ကြတဲ့ စိုးလင်းဦးက ထိုင်း-အယ်လ်ဂျီးရီးယား ကပြား နာဘီလ်နဲ့ အားပြိုင်ရတော့မှာပါ။ စက်တင်ဘာလ ၂၇ ရက်နေ့၊ သောကြာညမှာ ကျင်းပမယ့် One Friday Fights 81 မှာ နာဘီလ်နဲ့ စိုးလင်းဦး တို့က ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် အားပြိုင်ကြလိမ့်မယ်လို့ One Championship က သတင်းထုတ်ပြန်ထားပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို ကြိုဆိုမယ့် ကွန်မြူနတီဒိုင်းပွဲ လာပြီ

Dawei Watch

August 10, 2024

ဒီနေ့မှာ ကွန်မြူတီဒိုင်းလုပွဲကြီးကို ယှဉ်ပြိုင်ရပါတော့မယ်။ ကွန်မြူနတီဒိုင်းလုပွဲကြီး ရောက်ရှိလာတယ်ဆိုတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်ပဲ လိုတော့တယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။ ဒီနှစ်ရဲ့ကွန်မြူနတီဒိုင်းလုပွဲက မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်နေလို့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ မန်ယူဟာ မန်စီးတီးကို အနိုင်ယူပြနိုင်လေမလား ဒါမှမဟုတ်ဘဲ ပရီးမီးယားလိဂ် လေးရာသီဆက်ချန်ပီယံ မန်စီးတီးကပဲ ကွန်မြူနတီဒိုင်းဆုရှင်ဖြစ်သွားလေမလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါပဲ။ ဒီည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ဟာ ပရိသတ်တွေကိုလည်း ရင်ခုန်သံမြန်စေပါလိမ့်မယ်။

တရုတ်အိုလံပစ်ကစားသမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလား?

Dawei Watch

August 6, 2024

စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ စခန်းသွင်းလေ့ကျင့်ခံခဲ့ရစဉ်အခိုက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရလေသလားဆိုတာပါပဲ။ အမျိုးသားနှစ်ယောက်တွဲ ဒိုင်ဗင်ပြိုင်ပွဲမှာ ရွှေဆုဆွတ်ခူးသွားတဲ့ တရုတ်ကစားသမားနှစ်ယောက်ကို ပြိုင်ဘက်ကစားသမားတွေက “ဘယ်လိုတွေ လေ့ကျင့်ခဲ့ကြရသလဲ”လို့ မေးခွန်းထုတ်လိုက်ချိန်မှာ ထင်မှတ်မထားတဲ့ အဖြေစကားကို တရုတ်ကစားသမား နှစ်ယောက်ဆီက ကြားသိလိုက်ရပါတယ်။ အဲ့ဒါကတော့ သူတို့ဟာ အိုလံပစ်အတွက် စခန်းသွင်းလေ့ကျင့်ခံရတဲ့အချိန်ကစလို့ မိသားစုနဲ့ မတွေ့ရတာ ၃ နှစ်တောင် ရှိသွားခဲ့ပြီဆိုတာပါပဲ။ အပြင်ထွက်လည်ခွင့် မရှိဘဲ တစ်နေ့ကို ၁၂ နာရီလေ့ကျင့်ရင်း ဘဝကိုဖြတ်သန်းနေခဲ့ရတယ်လို့ တရုတ်ကစားသမား နှစ်ယောက်က ပြောပြခဲ့ကြပါတယ်။ ဒီတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလားလို့ မေးခွန်းမေးရဖို့ ရှိလာခဲ့ပါပြီ။

မန်ယူ အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့နှစ်မှာ ယူရိုပြိုင်ပွဲရှိရင် တစ်ခုခု ထူးတယ်ဆိုတဲ့သီအိုရီ မှန်နေပြီ

Dawei Watch

July 9, 2024

မန်ယူအသင်းက အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့နှစ်မှာ ယူရိုပြိုင်ပွဲကြီးရှိနေပြီဆိုရင် အဲ့ဒီယူရိုပြိုင်ပွဲဟာ တစ်ခုခု ထူးခြားတယ်ဆိုတဲ့သီအိုရီဟာ လုံးဝကို မှန်ကန်နေပါပြီ။   ပထမတစ်ချက်က အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ယူက ချန်ပီယံဆုဖလား ရရှိတဲ့နှစ်ဟာ ယူရိုပြိုင်ပွဲကြီးရှိတဲ့နှစ်နဲ့ တိုက်ဆိုင်နေရင် အိမ်ရှင်အသင်းကို အနိုင်ရတဲ့အသင်း ချန်ပီယံဖြစ်တတ်တာပါပဲ။   ဒါဆို စပိန် ချန်ပီယံဖြစ်တော့မလားလို့ တွေးဆစရာ ရှိလာပါပြီ။ နောက်တစ်ခုက မန်ယူ အက်ဖ်အေဖလားဆွတ်ခူးတဲ့နှစ်မှာ ယူရိုပြိုင်ပွဲကြီးရှိရင် ချန်ပီယံဖြစ်တဲ့အသင်းက ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတတ်တာပါပဲ။   ဒီအကြောင်းတွေကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

အင်္ဂလန်နဲ့ နယ်သာလန် ဆုံတွေ့တဲ့ ဆီမီးဖိုင်နယ် ဖြစ်လာနိုင်တယ် – ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 6, 2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့် ဒုတိယမြောက်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီနေ့မှာတော့ အင်္ဂလန်နဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ တူရကီ တို့ ယှဉ်ပြိုင်ရမှာပါ။ နာမည်ကြီး အင်္ဂလန် ဟာ ဘယ်လိုအလွဲအချော်တွေ လုပ်ပြလေဦးမလဲ၊ ပရိသတ်တွေကို ဘယ်လို စိတ်နာကျင်စရာတွေ ပေးလေဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး နယ်သာလန်နဲ့ တူရကီတို့ရဲ့ ပွဲစဉ်ကတော့ နောက်တစ်နေ့ကူးလို့ မနက် ၁ နာရီခွဲရောက်ချိန်မှာ အားပြိုင်ရမှာပါ။ ဘယ်အသင်းတွေက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားလေမလဲ။

အီတလီနဲ့ ဂျာမနီပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားလိမ့်မယ်

Dawei Watch

June 29, 2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို အစပြုပါပြီ။ ဒီညမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ လက်ရှိချန်ပီယံ အီတလီ၊ အိမ်ရှင် ဂျာမနီတို့ရဲ့ ပွဲတွေကို စတင်ရှုစားရတော့မှာပါ။ ဂျာမနီနဲ့ ဒိန်းမတ် ပွဲစဉ်ကတော့ ပိုပြီး အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ဟာ စိတ်မကျေပွဲသဘောမျိုးတောင် ဖြစ်လာပါလိမ့်မယ်။ အီတလီနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကိုတော့ ညသန်းခေါင်ယံကျော်လို့ နောက်တစ်နေ့မနက်ကို ကူးတဲ့ မနက် ၁ နာရီခွဲမှာ ကျင်းပမှာပါ။ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားလေမလဲ။