ရည်းစားဟောင်းက ဓာတ်ဆီနဲ့လောင်းပြီး မီးတင်ရှို့လို့ အသက်ပေးလိုက်ရသူ အိုလံပစ်အပြေးမယ်
Dawei Watch
September 9, 2024ဒီအဖြစ်အပျက်က ယူဂန္ဓာနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရည်းစားဟောင်းဖြစ်တဲ့ မာရသွန်အပြေးမယ်ကို သူ့ရည်းစားဟောင်း ကောင်လေးက ဓာတ်ဆီလောင်းပြီး မီးတင်ရှို့ခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဂန္ဓာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ ဒီမှုခင်းဖြစ်စဉ်ဟာ ယူဂန္ဓာနိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ ထရန့်စ်ဇွိုင်အာကောင်တီဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံလိုက်ရတဲ့သူက မာရသွန်အပြေးမယ် ရေဗက္ကာ ချက်ပ်တီဂျိုင် ပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကြီးကို ချက်ပ်တီဂျိုင် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မာရသွန်ပြိုင်ပွဲမှာ အဆင့် ၄၄ ချိတ်ခဲ့ပါတယ်။ အခုတော့ မာရသွန်အပြေးမယ် ချက်ပ်တီဂျိုင်ဟာ မီးလောင်ဒဏ်ရာတွေနဲ့အတူ အသက်ဆုံးပါးသွားခဲ့ရပါပြီ။