BREAKING
January 28, 2025

အားကစား/ကမ္ဘာ့ဖလား

၂၀၂၄ ကို နိုင်ပွဲရယူပြီး မန်ယူ နှုတ်ဆက်နိုင်လေမလား

Dawei Watch

December 30, 2024

ဒီညမှာတော့ မန်ယူက နယူးကာဆယ်ကို သူ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရပါတော့မယ်။ နယူးကာဆယ်က လေးပွဲဆက်တိုက် အနိုင်ရရှိထားချိန်မှာ မန်ယူကတော့ သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒီပွဲပြီးရင် လီဗာပူး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ မန်ယူအတွက် ပွဲကျပ်တွေချည်းပါပဲ။ မန်ယူဟာ နိုင်ပွဲတစ်ပွဲရဖို့ လိုအပ်နေပါပြီ။ ဒီပွဲကိုမှ အိမ်ကွင်းမှာ မနိုင်ခဲ့ဘူးဆိုရင် မန်ယူနည်းပြ အေမိုရင်ဟာ ဖိအားတွေ တိုးသွားပါလိမ့်မယ်။ နယူးကာဆယ်က ပုံစံကောင်းတစ်ခု ရရှိနေတဲ့အသင်းဖြစ်လို့ မန်ယူ မလွယ်လောက်ပါဘူး။ ဒီညမှာ သုံးပွဲဆက်အရှုံးရလဒ်ကို မန်ယူ ရပ်တန့်နိုင်လေမလားဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။

အခွင့်သာခိုက်မှာ အာဆင်နယ်က နိုင်ပွဲ အရယူပြလိမ့်မယ်

Dawei Watch

December 27, 2024

မနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘောက်ဆင်းဒေးနေ့ပွဲတွေမှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ခြေချော်သွားခဲ့ပါတယ်။ အသင်းကြီးတွေထဲကဆိုရင် လီဗာပူးပဲ နိုင်ခဲ့တာပါ။ အခုအတိုင်းဆိုရင် လီဗာပူးက ပြိုင်ဘက်တွေကို အမှတ်ထပ်ဖြတ်နိုင်ဖို့ နှာတစ်ဖျား ပြန်သာသွားခဲ့ပြန်ပါပြီ။ နော်တင်ဟမ်က ဇယားထိပ်ပိုင်းကို တက်နေပေမယ့် အချိန်တန်ရင် သူ့နေရာမှန်ဆီ သူပြန်ရောက်သွားမှာပါ။ အာဆင်နယ်က ဒီညမှာတော့ အစ်ဆွစ်ချ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ အစ်ဆွစ်ချ်ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်အတွက် အခွင့်အလမ်းကောင်းတချို့ ပြန်လည်ပေါ်ထွက်လာမှာပါ။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်နေလို့ အာဆင်နယ်က အသာရသလို ရှိလို့နေပါတယ်။

မပြီးသေးဘူး…မန်စီးတီးအလှည့်ကျန်သေးတယ်

Dawei Watch

December 26, 2024

ဘောက်ဆင်းဒေး ဒီညမှာတော့ ပရီးမီးယားလိဂ်ဘောက်ဆင်းဒေးပွဲတွေ ကစားသွားဖို့ ရှိနေပါတယ်။ မန်စီးတီးကတော့ အိမ်ကွင်း အီတီဟတ်ဒ်မှာ အဲဗာတန်ကို ဧည့်ခံကစားရမှာပါ။ အဲဗာတန်ကတော့ အရင်တုန်းကလို အလယ်အလတ်အသင်းအဆင့်မှာ ရှိမနေတော့ဘဲ တန်းမဆင်းရရေး ရုန်းကန်ရတဲ့ဘဝဆီကို ရောက်ရှိလို့နေပါပြီ။ မန်စီးတီးကလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားလို့ ဖိအားတွေအောက်ကို ရောက်ရှိနေပါပြီ။ ဘောက်ဆင်းဒေးနေ့မှာ မန်စီးတီး ရလဒ်ကောင်း ရယူပြနိုင်လေမလားဆိုတာကို စောင့်ကြည့်ရင်ခုန်ကြရပါလိမ့်မယ်။

ကယန်းဖိုက်တာမလေး ဗရော်နီကာ အမှတ်တရတီရှပ်အင်္ကျီ အထည် ၁၀၀ ရောင်းပေးပြီ

Dawei Watch

December 23, 2024

ကယန်းကျားသစ်မလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကယန်းဖိုက်တာမလေး ဗရော်နီကာ ဟာ အမှတ်တရ တီရှပ်အင်္ကျီ ရောင်းချပေးပါတော့မယ်။ ဗရော်နီကာ ဟာ တီရှပ်အင်္ကျီတစ်ထည်ကို တန်ကြေး ဘတ် ၄၀၀ သတ်မှတ်ထားပြီး အထည် ၁၀၀ ပဲ ရောင်းပေးသွားမယ်လို့ သိရှိရပါတယ်။ အထည် ၁၀၀ တာသာ ရောင်းချပေးမှာဖြစ်လို့ အမှတ်တရ Limited Edition ထုတ်လုပ်တဲ့သဘောလို့တောင် ပြောနိုင်ပါတယ်။ ကယန်းကျားသစ်မလေး ဗရော်နီကာ ကလည်း အင်္ကျီကို သဘောကျတယ်ဆိုရင် ကြိုမှာထားဖို့နဲ့ မကြာခင်မှာ ရောင်းချပေးသွားတော့မှာပဲဖြစ်တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

UFC မှာ နာမည်ကြီးဖိုက်တာ အပြင်လောကမှာ ဆရာဝန်မလေး ဒီတော့ဖိုက်တာဆရာဝန်

Dawei Watch

December 23, 2024

ဖိုက်တာ ဆရာဝန်မလေးရဲ့နာမည်က မင်ရှီ ဖြစ်ပါတယ်။ မင်ရှီ ဟာ ထိုးအားကောင်းသလို ပြိုင်ဘက်တွေအပေါ် ဖိအားပေးနိုင်စွမ်းမြင့်မားတဲ့သူလို့ နာမည်ကြီးပါတယ်။ UFC Fight Night 248 မှာတော့ ဖိုက်တာ ဒေါက်တာမလေးရဲ့အစွမ်းပြသမှုကို အားလုံးက အံ့အားသင့်သွားခဲ့ရသလို အသိအမှတ်ပြုပြီး ချီးမွမ်းခန်းလည်း ဖွင့်ခဲ့ရပါတယ်။ သတင်းမီဒီယာတွေကဆိုရင် ဖိုက်တာဆရာဝန်မလေးရဲ့အမြင့်ခြေကန်ချက်ကို တခမ်းတနားပဲ ရေးသားဖော်ပြနေကြတာပါ။ UFC Fight Night 248 မှာ ဖိုက်တာ ဆရာဝန်မလေး ဒေါက်တာ မင်ရှီ က ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သူ ဇောင်ကန်ဖင်းနဲ့ ထိုးခဲ့ရပြီး ဒီပွဲမှာ အားပါပြင်းထန်လှတဲ့ မင်ရှီရဲ့ခြေကန်ချက်ဟာ ဇောင်ကန်ဖင်းရဲ့ခေါင်းကို တိတိကျကျကြီး ထိမှန်ပြီး ဇောင်ကန်ဖင်းဟာ ပုံလျက်သား လဲကျသွားခဲ့ရပါတယ်။ သံဇကာ Cage ထဲကနေပြီး ဇောင်ကန်ဖင်းကို ထမ်းစင်နဲ့ သယ်ထုတ်သွားရတဲ့အထိကို ဖြစ်သွားခဲ့ပြီး […]

ပရိသတ်တွေမျှော်စောင့်နေတဲ့နိုင်ပွဲကို မန်ယူ အရယူပြပါလိမ့်မယ်

Dawei Watch

December 22, 2024

မန်ယူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၃ နေရာဆီ ရောက်နေသလို ခရာဘောင်းဖလားပြိုင်ပွဲကလည်း ထွက်လိုက်ရပါပြီ။ ဒီညမှာတော့ ဘုန်းမောက်ကို မန်ယူ ရင်ဆိုင်ရပါတော့မယ်။ မန်ယူဟာ အသင်းဟန်ချက်ကို တစ်ဆင့်ချင်းအလိုက် ပြန်တည်ဆောက်နေရဆဲပါပဲ။ အထူးသဖြင့် ခံစစ်ကြောင်းပွင့်ထွက်လွန်းနေတာက မန်ယူအတွက် ထိုးနှက်ချက်ဖြစ်လို့နေပါတယ်။ ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူကို နှစ်ကျော့လုံး ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့အသင်းပါ။ မန်ယူရဲ့အိမ်ကွင်းဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်မှာဆိုရင် ဘုန်းမောက်က ၃ ဂိုး ဂိုးမရှိနဲ့တောင် နိုင်သွားခဲ့ပါသေးတယ်။ ဒီညမှာ အဲ့ဒီရှုံးကြွေးကို မန်ယူ ပြန်ဆပ်နိုင်လေမလားဆိုတာ စောင့်ကြည့်ရင်ခုန်ရပါလိမ့်မယ်။

နိုင်ပွဲပျောက် အမှောင်လမ်းလေးထဲ မန်စီးတီး ဆက်လျှောက်နေရဦးမှာလား

Dawei Watch

December 21, 2024

အက်စတွန်ဗီလာရဲ့အိမ်ကွင်း ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာနဲ့ မန်စီးတီးတို့ အားပြိုင်ကြပါတော့မယ်။ အက်စတွန်ဗီလာ ဟာ နည်းပြ ယူနိုင်းအမ်မရီ လက်ထက်မှာ အရမ်းပဲ တိုးတက်လာခဲ့လို့ မန်စီးတီးဟာ သတိကြီးကြီးထားပြီး ရင်ဆိုင်ရမှာပါ။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၁ ပွဲမှာ နိုင်ပွဲဆိုလို့ တစ်ပွဲပဲ ရှာတွေ့ခဲ့ပါတယ်။ အက်စတွန်ဗီလာက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၁၁ ပွဲမှာ ရှုံးပွဲတစ်ပွဲပဲ ရှိထားတဲ့အသင်းပါ။ မန်စီးတီးဟာ ပျောက်သောလမ်းမှာ စမ်းတဝါးတွေ ဆက်ဖြစ်ပြီး နိုင်ပွဲပျောက် အမှောင်လမ်းလေးထဲ ဆက်လျှောက်နေရလေဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ။

ခရာဘောင်းဖလားပွဲမှာ စပါးနဲ့ ပွဲကျပ်ကစားရတော့မယ့် မန်ယူ

Dawei Watch

December 18, 2024

မန်ယူဟာ ခရာဘောင်းဖလားကွာတားဖိုင်နယ်ကို စပါးနဲ့ ကစားရပါတော့မယ်။ စပါးကလည်း နွံနစ်နေတဲ့ကြားကနေ ဆောက်သမ်တန်ကို ၅ ဂိုးပြတ်အနိုင်ယူပြီး လမ်းကြောင်းမှန်ထက်ဆီ ပြန်တက်ဖို့ ကြိုးစားလာပါတယ်။ မန်ယူကလည်း ဒါဘီပွဲမှာ မန်စီးတီးကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရလိုက်ပြီးတဲ့နောက် ဘယ်လောက်အထိ တိုးတက်မှုရှိလာလေမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ နှစ်သင်းလုံးက ကစားပုံ မတည်ငြိမ်ကြပါဘူး။ အခုနောက်ပိုင်းနှစ်တွေမှာ စပါးနဲ့ဆုံရင် မန်ယူက ရေကုန်ရေခမ်း ကစားရတာမျိုးတွေဖြစ်လာသလို ရလဒ်တွေလည်း သိပ်မစွံလှတော့ပါဘူး။ ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပရီးမီးယားလိဂ်အသင်းတွေအချင်းချင်း ထိပ်တိုက်တွေ့နေလို့ ပွဲကောင်းတွေဖြစ်လာပါလိမ့်မယ်။ မန်ယူဟာ စပါးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီ ဆက်လက် တက်လှမ်းနိုင်ပါ့မလား။