ဘရာဇီး ဆမ်ဘာတေးသွားကိုပဲ နားဆင်ချင်မိတယ်
diz_admin
December 2, 2022ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေကို နောက်ဆုံးယှဉ်ပြိုင်ကစားမယ့်နေ့ပဲ ဖြစ်ပါတယ်။ အုပ်စု(G)နဲ့ အုပ်စု(H)တို့မှာ ပါဝင်တဲ့အသင်းတွေက အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားတော့မှာပါ။ အုပ်စု(G)က ဘရာဇီးနဲ့ အုပ်စု(H)က ပေါ်တူဂီတို့ဟာ နောက်တစ်ဆင့်ဆီကို တက်ရောက်ခွင့် ရထားပြီးပါပြီ။ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို လေ့လာကြည့်လိုက်ရင် ဘရာဇီးနဲ့ ပေါ်တူဂီတို့ကပဲ အုပ်စုဗိုလ်အသင်းတွေအဖြစ် နောက်တစ်ဆင့်ဆီကို တက်လှမ်းလာဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒီတော့ ဒီအုပ်စု နှစ်ခုမှာ ဒုတိယနေရာကို ရယူသွားတာက ဘယ်အသင်းတွေ ဖြစ်သွားလေမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တောင်ကိုရီးယားနဲ့ ပေါ်တူဂီ၊ ဂါနာနဲ့ ဥရုဂွေးတို့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး နောက်တစ်နေ့ကို ကူးပြောင်းပြီးတဲ့နောက် ဒီဇင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲကိုရောက်ရင်တော့ ကင်မရွန်းနဲ့ ဘရာဇီး၊ […]