BREAKING
September 8, 2024

အားကစား/ကမ္ဘာ့ဖလား

ချန်ပီယံလောင်းစာရင်းထဲမှာ စပိန်ကို မေ့မထားသင့်ဘူး

diz_admin

November 16, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၅) —————— ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို စာရင်းပြုကြည့်ကြည့်မယ်ဆိုရင် စပိန်ကိုလည်း နေရာတစ်ခု ပေးရမှာပါ။ အခုနောက်ပိုင်း နှစ်ကာလတွေထဲမှာ စပိန်က အသင်းကို အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ ဆောင်ရွက်လာပါတယ်။ စပိန်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ မရရှိတော့ပါဘူး။ စပိန်နည်းပြ အင်းနရစ်ဟာ လူငယ်သွေးသစ်ကစားသမားတွေနဲ့ ဝါရင့်လူဟောင်းတွေကို အချိုးညီညီ နေရာပေးပြီး လက်ရှိအသင်းကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အုပ်စုမဲခွဲထားမှုအရ စပိန် သတိထားရမှာက ဂျာမနီ ပါပဲ။ ခြေစစ်ပွဲအဆင့်မှာတင် ခြေစွမ်းပြခဲ့တဲ့အသင်းလည်းဖြစ်၊ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်ခဲ့ဖူးတဲ့အသင်းလည်းဖြစ်လို့ အားထည့်ရင် အားထည့်သလောက် စပိန်က ဖြစ်ထွန်းလာနိုင်စွမ်း ရှိနေပါတယ်။ ကစားသမားအင်အားအရလည်း စုဖွဲ့ထားမှုကောင်းတဲ့အတွက် အာရှမြေမှာ စပိန်ဆီက ချန်ပီယံခြေစွမ်း ထုတ်ဖော်ပြသတာကို မြင်တွေ့ခွင့်ရနိုင်မလား စောင့်ကြည့်ကြရမှာပါပဲ။ ၂၀၂၂ […]

“မက်ဆီ လိုချင်နေတဲ့ ကမ္ဘာ့ဖလား၊ အာဂျင်တီးနား မျှော်နေတဲ့ ကမ္ဘာ့ဖလား”

diz_admin

November 15, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၄) ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်လည်းဖြစ်၊ GOAT လို့ သတ်မှတ်ခံထားရသူလည်းဖြစ်တဲ့ မက်ဆီအတွက် သူပါဝင်ကစားခွင့်ရတဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်ခု ရောက်လာပြီဆိုရင် ချန်ပီယံဖြစ်ဖို့အတွက် အမြဲပဲ ရေပန်းစားလေ့ရှိပါတယ်။ အခုတစ်ကြိမ်မှာလည်း အာဂျင်တီးနားကို ချန်ပီယံဖြစ်နိုင်ခြေ အမြင့်မားဆုံးအသင်းတွေထဲမှာ အားလုံးက ထည့်သွင်းထားပါတယ်။ ဒီတစ်ကြိမ်မှာ အာဂျင်တီးနားအတွက် ကံကောင်းမှုတွေ ဆိုက်ရောက်လာလေမလား ဒါမှမဟုတ် အရင်တုန်းကလိုပဲ မြင်းကောင်းခွာလိပ်အဖြစ် အဆုံးသတ်သွားလေမလားဆိုတာက စိတ်ဝင်စားစရာပါပဲ။ သေချာတာကတော့ ချန်ပီယံဆုဖလားရှိရာဆီကို အာဂျင်တီးနား ချီတက်ရမယ့်လမ်းက အနည်းငယ် ကြမ်းတမ်းလွန်းနေပါတယ်။ အာဂျင်တီးနားဟာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ဆုဖလားနဲ့ ကွာဝေးနေခဲ့တာဟာ ကာလတစ်ခု ရှိသွားခဲ့ပါပြီ။ အာဂျင်တီးနားကိုလည်း ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်းစာရင်းထဲကနေပြီး ဖယ်ထုတ်ပစ်လို့ မရနိုင်ကြောင်းကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

“ချန်ပီယံအသင်းတွေ ကြုံနေရတဲ့ ကျိန်စာဆိုးကို ပြင်သစ် ချေဖျက်ပြနိုင်မလား”

diz_admin

November 15, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၃) လက်ရှိချန်ပီယံ ပြင်သစ်ကိုလည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေထဲကနေ ဖယ်ထုတ်ချန်လှပ်ထားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတလျှောက်ကို ပြန်ပြီး လေ့လာကြည့်လိုက်ရင် ချန်ပီယံအသင်းတွေက နောက်တစ်ကြိမ် ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အထိ ပြန်တက်နိုင်ခဲ့တာတွေရှိတာကို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးအသင်းက ၁၉၉၈ ခုနှစ်မှာ ဖိုင်နယ်ဆီ ပြန်တက်နိုင်ခဲ့ပြီးတဲ့နောက် ချန်ပီယံဖြစ်တဲ့အသင်းက နောက်တစ်ကြိမ်မှာ ဖိုင်နယ်တက်နိုင်တာမျိုး မရှိတော့ပါဘူး။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဥရောပအသင်းတွေထဲက ရရှိခဲ့ရင် နောက်တစ်ကြိမ် ပြိုင်ပွဲမှာ အဲ့ဒီ လက်ရှိချန်ပီယံဘွဲ့ခံဥရောပအသင်းက အုပ်စုအဆင့်ကပဲ လှည့်ပြန်ရတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၁ ရာစုထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံအသင်းတွေက နောက်တစ်ကြိမ် ပြိုင်ပွဲရောက်ရင် ဖိုင်နယ် မတက်နိုင်တဲ့ အစဉ်အလာဆိုး၊ ချန်ပီယံဆုပိုင်ရှင် ဥရောပတိုက်ကအသင်းတွေ အုပ်စုအဆင့်ကနေ […]

“ဂျာမနီ ချီတက်ရမယ့် ချန်ပီယံခရီးလမ်းကြမ်း”

diz_admin

November 14, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၂) ကမ္ဘာ့ဖလားပြိုင်ပွဲကာလကိုရောက်လို့ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို စာရင်းပြုစုပြီဆိုရင် ဂျာမနီကို ဘယ်တော့မှ ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ်နဲ့ ဂျာမနီ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ကျောခိုင်းလှည့်ပြန်ခဲ့ရလို့ ဂျာမနီ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ် အာရှမြေက ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ဂျာမနီက အရှိန်အဟုန်ကောင်းကောင်းနဲ့ ရောက်ရှိလာခဲ့ပါပြီ။ ဂျာမနီနည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ခ်ကို မြင်တွေ့ရမှာဖြစ်သလို သူစုဖွဲ့ထားတဲ့ ဂျာမနီမျိုးဆက်သစ် လူငယ်အင်အားစုရဲ့အစွမ်းအစတွေကိုလည်း စောင့်ကြည့်ကြရမှာပါ။ ၂၀၀၂ ခုနှစ်တုန်းက အာရှမြေမှာ ပထမဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီက ဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာ အဲ့ဒီကံကောင်းမှုကို အာရှမြေထက်မှာ ဂျာမနီ ပြန်လည်ရှာဖွေနိုင်လေမလားဆိုတာက ရင်ခုန်ချင်စရာပါပဲ။ ဂျာမနီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို လေးကြိမ် ဆွတ်ခူးရရှိခဲ့တဲ့အသင်းပါ။ ကာတာမြေမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေထဲက ဂျာမနီအသင်းအကြောင်းကို Dawei […]

“အာရှမြေမှာ ဘရာဇီးပဲ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ခွင့် ရသွားလေမလား”

diz_admin

November 14, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၁) ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်မယ့်အချိန် နီးကပ်လို့ လာခဲ့ပါပြီ။ ပြိုင်ပွဲဝင် အသင်းအရေအတွက် ၃၂ သင်းစနစ်ကို နောက်ဆုံးအကြိမ်အဖြစ် အသုံးပြုမယ့် ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်အသင်းတွေ ချန်ပီယံဖြစ်နိုင်ခြေ ရှိနေသလဲဆိုတာက ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ Dawei Watch ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထူးအစီအစဉ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံး ရွေးချယ်လိုက်တဲ့အသင်းကတော့ ဘရာဇီး ပါပဲ။ ဘရာဇီး ဟာ ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ် ဆွတ်ခူးရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတလျှောက် အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိအသင်းတွေ ချန်ပီယံမဖြစ်ခဲ့တာ နှစ် ၂၀ ကြာသွားခဲ့ပါပြီ။အာရှမြေက […]

ကာတာကမ္ဘာ့ဖလား အထူးအစီအစဉ်

diz_admin

November 14, 2022

အာရှမှာကျင်းပမယ့် ဒီနှစ် ကာတာကမ္ဘာဖလား ပြိုင်ပွဲဟာ စိတ်ဝင်စားစရာ အချက်တွေနဲ့ ပြည်နေပါတယ်။ အာရှမှာကျင်းပတဲ့ ကမ္ဘာဖလားပွဲတွေဟာဆိုရင် ဥရောပအသင်းတွေ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီတော့ ပြိုင်ပွဲတွေက ပိုမိုပြင်းထန်ပြီး အကြိတ်အနယ်ရှိတတ်ကြပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ပွဲကြိုသုံးသပ်ချက်တွေ၊ ဗိုလ်စွဲနိုင်တဲ့ အသင်းတွေအကြောင်းကို Dawei Watch မီဒီယာရဲ့ အားကစားကဏ္ဍမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး အထူးအစီအစဉ်အဖြစ် တင်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားကို အားပေးစောင့်မျှောနေကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမယ့် ဒီအထူးအစီအစဉ်ကို မလွတ်သွားဖို့ Dawei Watch ရဲ့ အောက်ပါချန်နယ်တွေကို Like, Follow & Subscribe လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။