BREAKING
September 16, 2024

အားကစား/ကမ္ဘာ့ဖလား

သေချာမှုအားလုံးက ဘရာဇီးဆီမှာပဲ ရှိနေတယ်

diz_admin

November 24, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရဦးမှာပါ။မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်ကတည်းက ဆွစ်ဇာလန်နဲ့ ကင်မရွန်းပွဲစဉ်ကို စတင်ရှုစားရပါလိမ့်မယ်။ ည ၇ နာရီခွဲအချိန်ကိုရောက်ရင်တော့ ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ အားပြိုင်မယ့် ပွဲကောင်းတစ်ပွဲက အသင့်စောင့်ကြိုနေပါတယ်။ ညနက်ပိုင်း ပွဲစဉ်နှစ်ပွဲကတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲကြီးပွဲကောင်းတွေပါ။ ည ၁၀ နာရီခွဲ ပွဲစဉ်က စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီနဲ့ အာဖရိကမှာ ခြေစွာနေတဲ့ ဂါနာတို့ အားပြိုင်မယ့်ပွဲစဉ်ပါ။ နောက်တစ်နေ့ မနက်ဆီကို အချိန်ကူးပြောင်းသွားတဲ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အားပြိုင်မှာကတော့ နာမည်ကြီး ဘရာဇီးနဲ့ ဆားဘီးယားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီနေ့မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရရှိနိုင်လေမလဲဆိုတာ ရင်ခုန်လိုက်ကြရအောင်လား။

ဂလေဇာတွေ မန်ယူကို ဘာကြောင့် ရောင်းချင်လာတာလဲ

diz_admin

November 24, 2022

ဂလေဇာတွေကို မန်ယူဆီ ဘယ်သူ ခေါ်သွင်းလာသလဲဆိုတာကနေ ဒီအကြောင်းကို အစပြုရပါလိမ့်မယ်။ မန်ယူကို ဂလေဇာမိသားစု ဝယ်ယူဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်စီမံခဲ့သူ လက်မည်းကြီးရှိပါတယ်။ အဲ့ဒါကတော့ မန်ယူပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ပါပဲ။ အဲ့ဒီကာလတုန်းက ဘုတ်အဖွဲ့စနစ်နဲ့လည်ပတ်နေခဲ့တဲ့ မန်ယူအသင်းတာဝန်ရှိသူတွေဟာ မန်ယူကို ဂလေဇာမိသားစုဆီ သိပ်ပြီး မရောင်းချင်ခဲ့ပါဘူး။ ဒါပေမဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့အကြံပေးမှုတွေအတိုင်း တစ်ဆင့်ချင်းအလိုက် စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်လိုက်အပြီးမှာတော့ ဂလေဇာမိသားစုက မန်ယူကို အောင်မြင်စွာနဲ့ ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။ အခုအချိန်မှာ ဂလေဇာမိသားစုက မန်ယူကို ဘာကြောင့် ရောင်းထုတ်ချင်လာသလဲဆိုတော့ စီးပွားရေးသမားပီပီ စွန့်ချိန်တန်လို့ စွန့်လာတဲ့သဘောပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မန်ယူအတွက် ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေကို ဂလေဇာမိသားစုဘက်က မလုပ်ချင်တော့တာကြောင့်ပဲဖြစ်ပါတယ်။

ဂျာမနီနဲ့ ဘယ်လ်ဂျီယံကို အားပေးသင့်ပါတယ်

diz_admin

November 23, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်ကောင်းတွေ ဆက်တိုက်ရှိနေပါတယ်။ ညနေ ၄ နာရီခွဲကနေ စလို့ နောက်တစ်နေ့မနက် ၁ နာရီခွဲလောက်အထိ ပွဲစဉ် ၄ ပွဲကို ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်သွားမှာပါ။ ညနေ ၄ နာရီခွဲအချိန်မှာတော့ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ရဲ့အားပြိုင်ပွဲကို ရှုစားရပါလိမ့်မယ်။ ည ၇ နာရီခွဲအချိန်ကိုရောက်ရင် နာမည်ကြီး ဂျာမနီနဲ့ အာရှထိပ်သီး ဂျပန်တို့ရဲ့အားပြိုင်ပွဲက စောင့်ကြိုနေမှာပါ။ အဲ့ဒီနောက်မှာတော့ ည ၁၀ နာရီခွဲအချိန်ကိုရောက်ရင် စပိန်နဲ့ ကော်စတာရီကာတို့ရဲ့ပွဲစဉ်ကို ရှုစားရပါလိမ့်မယ်။ နောက်တစ်နေ့မနက် ၁ နာရီခွဲအချိန်မှာတော့ ဘယ်လ်ဂျီယံနဲ့ ကနေဒါတို့ရဲ့အားပြိုင်ပွဲကို ကြည့်ရှုရမှာပါ။

အာဂျင်တီးနားရဲ့နေ့၊ မက်ဆီရဲ့နေ့ လာပြီ

diz_admin

November 22, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့ကတော့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရမယ့်နေ့ပါပဲ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲကစပြီး နောက်တစ်နေ့မနက် ၁ နာရီခွဲအထိ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကြည့်ရှုရမှာပါ။ ညနေ ၄ နာရီခွဲမှာ အားပြိုင်မယ့်ပွဲကတော့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ ပွဲစဉ်ပါပဲ။ အဲ့ဒီပွဲစဉ်ပြီးရင် ည ၇ နာရီခွဲမှာ ဒိန်းမတ်နဲ့ တူနီးရှားတို့ရဲ့ပွဲစဉ် ရောက်ရှိလာမှာပါ။ ည ၁၀ နာရီခွဲအချိန်ကို ရောက်ရင်တော့ မက္ကဆီကိုနဲ့ ပိုလန်တို့ရဲ့ပွဲစဉ်ကို ကြည့်ရှုရပါလိမ့်မယ်။ မနက်ဖြန်မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင်တော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဩစတြေးလျတို့ရဲ့ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/jTfjeLNbGzw

အင်္ဂလန်ကို ယုံကြည်တာက အသေချာဆုံး ဖြစ်ပါလိမ့်မယ်

diz_admin

November 21, 2022

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ပရိသတ်ကြိုက် အင်္ဂလန်အသင်းရဲ့ပွဲစဉ်လည်း ပါဝင်နေတာကြောင့် အားလုံး စောင့်မျှော်ကြည့်မယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ပွဲစဉ်ရေးဆွဲထားမှု အချိန်ဇယားအရ အင်္ဂလန်ရဲ့ပွဲစဉ်ကတော့ ဒီနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ အင်္ဂလန်နဲ့ အီရန်တို့ဟာ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ အဲ့ဒီပွဲစဉ်ပြီးရင်တော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဆီနီဂေါနဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်ရောက်ရှိလာမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ညသန်းခေါင်ကျော်လို့ မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင် အမေရိကန်နဲ့ ဝေလတို့ရဲ့ပွဲစဉ်ကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီနေ့အတွက် မြန်မာဘောလုံးပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေနိုင်တာက အင်္ဂလန်ရဲ့ပွဲစဉ်၊ နယ်သာလန်ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။

ကာတာ – အီကွေဒေါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

diz_admin

November 20, 2022

ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန်မှာ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်တော့မှာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မစခင်ကတည်းက ပွဲဆူနေပါတယ်။ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြိုင်ပွဲကြီးရဲ့အဖွင့်ပွဲအဖြစ် ကာတာနဲ့ အီကွေဒေါတို့ရဲ့ယှဉ်ပြိုင်မှုကို အစပြုမှာပါ။ အခမ်းအနားဖျော်ဖြေမှုတွေနဲ့ ဖွင့်ပွဲအစပြုမှုတွေကိုတော့ မြန်မာစံတော်ချိန် ည ၉ နာရီမှာ စတင်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာတာ-အီကွေဒေါပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်ကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/kgiPbJDc_6k