BREAKING
September 19, 2024

အားကစား/ကမ္ဘာ့ဖလား

အက်ဖ်အေဖလားပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ခြင်း

diz_admin

January 7, 2023

ဒီနေ့မှာတော့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့တတိယအဆင့်ပွဲစဉ်တွေကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်ယူက အဲဗာတန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားခဲ့ပါပြီ။ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေထဲမှာလည်း မန်စီးတီးနဲ့ ချယ်လ်ဆီး၊ လီဗာပူးနဲ့ ဝုလ်ဗာဟမ်တန်တို့လို အသင်းတွေ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ပွဲကောင်းတွေကို မြင်တွေ့ရဦးမှာပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ အားပြိုင်ပွဲတွေ ပါဝင်နေတဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းပါလိမ့်မယ်။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးနုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံး ၄ ပွဲ

diz_admin

December 31, 2022

Dawei Watch ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှာ တက်သုတ်ရိုက်သဘောမျိုးနဲ့ ပြန်လည်စတင်လာခဲ့တာကတော့ ပရီးမီးယားလိဂ်ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ရိုးရာအစဉ်အလာမပျက် ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေကို ဖြတ်သန်းအပြီးမှာ ပရိသတ်တွေကို ဆက်လက် စောင့်ကြိုနေတာက နှစ်သစ်ကူးပွဲစဉ်တွေပဲဖြစ်ပါတယ်။ ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေအပြီးမှာ နားရက်တွေ အများကြီး မရရှိဘဲ ဆက်တိုက်သဘောမျိုး ကစားရတာကြောင့် အသင်းအားလုံး ပွဲပန်းနေနိုင်တဲ့အချက်တစ်ခုကို ထည့်တွက်ထားရပါလိမ့်မယ်။ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်လာနိုင်တဲ့ ပွဲစဉ်လေးပွဲကို Dawei Watch ပရိသတ်တွေအတွက် ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။

ဟာလန်း သို့မဟုတ် တစ်ခြမ်းပဲ့လတစ်စင်း

diz_admin

December 30, 2022

နော်ဝေ ဟာ စကင်ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နော်ဝေ ရေမမြင့်တာက ဘောလုံးရပ်ဝန်းပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကြီးတွေနဲ့ နော်ဝေ ဝေးကွာနေခဲ့တာဟာ ကာလတစ်ခု ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ နော်ဝေဘောလုံးရပ်ဝန်းဆီက ကမ္ဘာ့အဆင့် လတစ်စင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလမင်းကတော့ ဟာလန်း ဆိုတဲ့ လူငယ်လေးပါပဲ။ မက်ဆီဟာ လုံးဝကို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတွက် နိုင်ငံအဆင့်အောင်မြင်မှုကို မရသေးခင်အချိန်အထိ အဲ့ဒါဟာ သူ့ရဲ့ချို့ယွင်းချက်တစ်ခုပမာ ဝေဖန်ခံခဲ့ရတာပါပဲ။ အခုမှပဲ မက်ဆီဆိုတာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လို့ အားလုံးက လက်ခံလာခဲ့ကြတာပါ။ ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ဆိုတာက အရမ်းကို အရေးပါတယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကမှာ ထွန်းတောက်လာတဲ့ နော်ဝေသားလေး ဟာလန်း ရင်ဆိုင်ရမယ့်အရေးက အဲ့ဒီအတိုင်းပဲ […]

ဘောက်ဆင်းဒေး(Boxing Day)နေ့အတွက် အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

diz_admin

December 26, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးသွားလို့ တစ်ပတ်ကြာမြင့်အပြီးမှာပဲ လိဂ်ပြိုင်ပွဲတချို့က တက်သုတ်ရိုက် ဝင်ရောက်လာပါတယ်။ မနေ့က ခရစ္စမတ်နေ့မှာ မိသားစုနဲ့ပျော်ရွှင်ခွင့်ရခဲ့တဲ့ ကစားသမားတွေဟာ ဒီနေ့မှာတော့ Boxing Day နေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ Boxing Day ဆိုတာက လက်ဝှေ့ထိုးတာကို ရည်ညွှန်းတာ မဟုတ်ရပါဘူး။ ခရစ္စမတ်နေ့မှာ လက်ဆောင်အဖြစ် ရရှိတဲ့ လက်ဆောင်သေတ္တာလေးတွေကို ဖွင့်ဖောက်ရင်ခုန်တဲ့နေ့အဖြစ် သတ်မှတ်ထားလို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို ဘောက်ဆင်းဒေးလို့ ခေါ်ဝေါ်သမုတ်ကြတာပါ။ ဒီနေ့ညမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပရီးမီးယားလိဂ်က ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေနဲ့အတူ ပြန်လာပါတော့မယ်။ ဘောက်ဆင်းဒေးနေ့မှာ နယ်မြေအနီးဆုံးအသင်းတွေကို ထိပ်တိုက်ပေးတွေ့ပြီး ခရီးဝေးဝေး မသွားရအောင် စီမံပေးထားတာကလည်း ပရီးမီးယားလိဂ်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ […]

မက်ဆီ၊ အမ်ဘတ်ပေတို့နဲ့ တစ်ခေတ်တည်း ရှင်သန်ခဲ့သူအဖြစ် အမေ့ခံကျွန်တော့်ကို သတိရပေးပါ

diz_admin

December 24, 2022

တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်လို့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ သမိုင်းဝင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအကြောင်းကို ပြောဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ်၊ မက်ဆီနဲ့ အမ်ဘတ်ပေ ဆိုတဲ့ အမည်နာမတွေကို ရေရွတ်မိခဲ့ရင်ပဲဖြစ်ဖြစ် အဲ့ဒီလို ကစားသမားတွေ ထွန်းတောက်ခဲ့တဲ့ ခေတ်ကြီးထဲမှာ ဒီမာရီယာ ဆိုတဲ့ အမေ့လျော့ခံ သူရဲကောင်းတစ်ယောက်လည်း ရှိနေခဲ့ဖူးတယ်ဆိုတာကို သတိရစေချင်ပါတယ်။ ဒီမာရီယာရဲ့နာမည်က အိန်ဂျယ်လ် ဒီမာရီယာပါ။ အိန်ဂျယ်ဆိုတာက နတ်သားလို့ အဓိပ္ပါယ်ရပါတယ်။ မက်ဆီကို ရာဇဝင်တွင်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကနေ နတ်သားတစ်ပါးက ကူညီပေးခဲ့တယ်ဆိုရင် အဲ့ဒီအိန်ဂျယ်နတ်သားဟာ ဒီမာရီယာပါပဲ။ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးမှာ နတ်သားတစ်ပါးက ကူညီခဲ့တယ်ဆိုရင်လည်း အဲ့ဒီနတ်သားဟာ အိန်ဂျယ် ဒီမာရီယာ ဖြစ်နေမှာပါပဲ။

ပြင်သစ် နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်မလား၊ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အောင်ပွဲခံမလား

diz_admin

December 18, 2022

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် အားလုံးမျှော်စောင့်နေတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်ရောက်ရင် ယှဉ်ပြိုင်ကစားစေတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲ မစတင်ခင်မှာ ပြိုင်ပွဲပိတ်သိမ်းမှုအစီအစဉ်အဖြစ် ဖျော်ဖြေရေးအခမ်းအနားလည်း ပါဝင်မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ ဒီနေ့ည ဗိုလ်လုပွဲဟာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ အားပြိုင်တဲ့ပွဲစဉ်ဖြစ်သလို ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့အနက်က ဘယ်သူဟာ ရွှေဘောလုံးဆုပိုင်ရှင်၊ ရွှေဖိနပ်ဆုပိုင်ရှင် ဖြစ်လာလေမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ၁၆ သင်းရှုံးထွက်အဆင့်မှာ ဒီနှစ်သင်း ဆုံခဲ့ဖူးပြီး အဲ့ဒီပွဲစဉ်မှာတော့ ပြင်သစ်က နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဗိုလ်လုပွဲပြိုင်ဘက်တွေအဖြစ် ဒီနှစ်သင်း ဆုံတွေ့ကြပါပြီ။ ဘယ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို သိမ်းပိုက်သွားလေမလဲ။ Dawei Watch Podcast […]