BREAKING
September 19, 2024

အားကစား/ကမ္ဘာ့ဖလား

ယခုအပတ်ရဲ့ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်မှု

diz_admin

February 18, 2023

ဥရောပလိဂ်တွေဟာ ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တွေအကြား ပွဲဆက်တွေ များလာခဲ့ပါပြီ။ လက်ရှိကာလမှာ တန်းဆင်းဇုန်ပတ်ဝန်းကျင်ကို ရောက်နေတဲ့အသင်းတွေ၊ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို မျှော်လင့်နိုင်တဲ့ အလယ်အလတ်အသင်းတွေက အားထည့်ရုန်းကန်လာကြတဲ့အတွက် အသင်းကြီးတွေ အခက်တွေ့လာတာကို မြင်တွေ့နေရပါတယ်။ အခုတစ်ပတ် ဥရောပထိပ်သီးလိဂ်ပွဲစဉ်တွေကို လေ့လာကြည့်လိုက်ရင်လည်း အကြိတ်အနယ်ဖြစ်လောက်တဲ့ ပွဲကောင်းတွေ အများအပြား ပါဝင်နေတာကို မြင်တွေ့ကြရမှာပါ။ အဲ့ဒီပွဲစဉ်တွေထဲက ပရိသတ်တွေ စိတ်ဝင်စားမယ့် ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

အာဆင်နယ်ဟာ ပျောက်သောလမ်းမှာ စမ်းတဝါးထဲ ရောက်သွားခဲ့ရလေပြီလား

diz_admin

February 17, 2023

ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ရမှတ်တူ၊ သွင်းဂိုး ကွာဟချက်နဲ့ အသာစီးယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ရောက်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့ အာဆင်နယ်အတွက် အနည်းငယ် ခုသာခံသာရှိနေတာက လက်ထဲမှာ ကစားရဖို့ ပွဲစဉ်တစ်ပွဲ ကျန်နေသေးတာပါပဲ။ အဲ့ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ရင်တော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို အာဆင်နယ် ပြန်ရောက်လာမှာပဲဖြစ်ပါတယ်။ သေချာတာကတော့ အာဆင်နယ်ဟာ အမှောင်လွှမ်းထဲ ကမ္ဘာကြီးထဲကို သက်ဆင်းရောက်ရှိလို့နေပါပြီ။ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရတဲ့ အခြေအနေဆိုးကနေပြီး အာဆင်နယ်ဟာ အမြန်ဆုံး ပြန်လည်ရုန်းထွက်နိုင်စွမ်းရှိပါ့မလား။

တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

diz_admin

February 11, 2023

Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။ ဒါကြောင့် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့အသင်းတွေအနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ကို ဂရုတစိုက် ထိန်းညှိတာ၊ အဓိက,ကစားသမားတွေ ဒဏ်ရာအနာတရ မဖြစ်ရလေအောင် စောင့်ကြည့်အကဲခတ်တာ၊ တချို့ကစားသမားတွေကို ပွဲချိန်ပြည့် ထုတ်မသုံးဘဲ ချိန်သားကိုက် လူစားလဲပြီး ကြားရက် ဥရောပပွဲတွေအတွက် အနားပေးတာတွေကို ဆောင်ရွက်ရပါတော့မယ်။ အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမယ့် ပွံစဉ်တွေအနက်က အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်ပေးလိုက်ပါတယ်။

မန်ယူကို ရောင်းထုတ်မယ့် ဂလေဇာနဲ့ ဖာဂူဆန်

diz_admin

February 11, 2023

မန်ယူကို ဂလေဇာမိသားစုက လက်လွှဲရောင်းချတော့မယ့်သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ အသင်းကို ဂလေဇာညီအစ်ကိုတွေ တကယ်ပဲ ရောင်းထုတ်ပေးလိုက်လေတော့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။

တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

diz_admin

February 4, 2023

ဒီတစ်ပတ်ရဲ့ ဘောလုံးပွဲစဉ်တွေထဲမှာလည်း ပွဲစဉ်ကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင်လည်း လီဗာပူးနဲ့ အာဆင်နယ်တို့က တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ တွေ့နေရသလို မန်ယူဆိုရင်လည်း ခရစ္စတယ်လ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်နေရတဲ့သဘောပါပဲ။ စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့စိန်ခေါ်မှုအပြင်းထန်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ ဘောလုံးပွဲစဉ်ပေါင်းများစွာအနက်ကမှ အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

မန်ယူကောင်းကင်ထက်ဆီ ပြန်လည်မှိုင်းညို့လာတဲ့ တိမ်မည်းမိုးသားတွေ

diz_admin

February 4, 2023

မန်ယူအတွက် စိန်ခေါ်မှုတစ်ခု အစပြုလိုက်ပါပြီ။ အဲ့ဒါကတော့ ကွင်းလယ်လူ အဲရစ်ခ်ဆင် ခြေမျက်စိဒဏ်ရာရပြီး သုံးလ နားရဖို့ အကြောင်းဖန်သွားတာပါပဲ။ ပန်းဝင်ကာလဆီကို ရောက်ရှိလာချိန်၊ အသင်းအတွက် ဟန်ချက်ညီမှုတစ်ခုကို ရှာဖွေတွေ့ရှိချိန်မှာ အသင်းရဲ့အဓိက,ကစားသမားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာက မန်ယူအတွက် နစ်နာလှပါတယ်။ ဒါဟာ မန်ယူကို ကံကြမ္မာရဲ့ကျီစယ်မှုလေလားလို့တောင် ထင်မှတ်ချင်စရာပါပဲ။ အဲရစ်ခ်ဆင်ရဲ့နေရာအတွက် ဘိုင်ယန်မြူးနစ်ကစားသမား ဆာဘစ်ဇာ ကို အရေးပေါ် ခေါ်ယူလိုက်ပေမယ့် ဒါက လက်ပူတိုက် ဖြေရှင်းတဲ့အဆင့်လောက်သာ ရှိပါတယ်။ မန်ယူရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့အတွက် ကွင်းလယ်အထိုင်ကျမှု ယိုယွင်းသွားတာက ပွဲဆက်များလာတာနဲ့အမျှ ဒုက္ခပေးလာဖို့ ရှိနေပါတယ်။