BREAKING
April 20, 2025

အားကစား/ကမ္ဘာ့ဖလား

Dawei Watch ရဲ့တစ်ပတ်တာ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲများ

Dawei Watch

December 16, 2023

အခုဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၁၇ ဆီကို ရောက်လာခဲ့ပါပြီ။ မကြာခင်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲကျပ်တွေ ဝင်လာတော့မှာဖြစ်သလို ရာသီဝက်ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာကိုလည်း တွေ့ကြရတော့မှာပါ။ အခုတစ်ပတ်မှာ အကြိတ်အနယ် ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ရှိနေပါတယ်။ အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

December 9, 2023

ဒီနေ့မှာတော့ ပရီးမီယားလိဂ်ပွဲစဉ် ၁၆ ကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ကြားရက်တွေတုန်းကလည်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကို ကစားခဲ့ရတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေဟာ ပွဲပန်းနေကြပါပြီ။ ဒီပွဲပြီးရင် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့ ပရီးမီးယားလိဂ်အသင်းတွေက ဥရောပပွဲစဉ်တွေ ဆက်ကစားရဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်အသင်းတချို့ဟာ ပွဲကျပ်ကာလကို ဒီဇင်ဘာလအစောပိုင်းကတည်းက စတင်ဖြတ်သန်းရသလို ဖြစ်လို့နေပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ထဲက အသင်းကြီးတွေယှဉ်ပြိုင်မယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

December 6, 2023

အခုတစ်ပတ် ကြားရက်ထဲကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပါတယ်။ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကို ယှဉ်ပြိုင်ပြီးရင် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ရက်တွေကို ရောက်တာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ က ဆက်လက်ဝင်ရောက်လာမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ကန်ပြီးရင် ဥရောပပြိုင်ပွဲတွေ ပါဝင်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက် ဥရောပပွဲစဉ်တွေက ဆက်လက် စောင့်ကြိုလို့ နေပြန်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာလည်း ပွဲကြီးပွဲကောင်းတွေ ပါဝင်နေလို့ Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

December 2, 2023

ဒီတစ်ပတ်မှာ လိဂ်ပွဲစဉ်ကောင်းတွေ အများအပြားရှိလို့နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ မှာဆိုရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲတွေက အသင့်စောင့်ကြိုနေတာပါ။ နယူးကာဆယ်နဲ့ မန်ယူ၊ မန်စီးတီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲတွေဟာ ပွဲစဉ်ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ အသင်းအများစုဟာ ပွဲကျပ်တွေ ဆက်တိုက်ကစားရပြီး ပွဲပန်းစပြုနေပါပြီ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကနေ အသင်းကြီးတွေ ယှဉ်ပြိုင်ကစားမယ့်ပွဲကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။’

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 25, 2023

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ ပြန်ဝင်လာခဲ့ပြီဖြစ်လို့ ပရိသတ်တွေက စိတ်လှုပ်ရှားမှု မြင့်တက်နေမှာပါ။ ၁၀ မှတ်လျှော့ပြစ်ဒဏ် ကျခံထားရတဲ့ အဲဗာတန်ကို ရင်ဆိုင်ရမယ့် မန်ယူအနေနဲ့ အဲဗာတန်ရဲ့အိမ်ကွင်းမှာ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာက စိတ်ဝင်စားစရာကောင်းသလို ပွဲကြီးပွဲကောင်းအဖြစ် ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်ကလည်း ကြည့်ကောင်းပါလိမ့်မယ်။ စပါးနဲ့ အက်စတွန်ဗီလာတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 4, 2023

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားရတော့မှာပါ။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ပွဲစဉ်တွေထဲမှာ ပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ ပြိုင်ပွဲအရပ်ရပ် ၂ ပွဲဆဆက် ရှုံးနိမ့်ထားတဲ့ မန်ယူအတွက် ဖူလ်ဟမ်နဲ့ ကစားရမယ့်ပွဲစဉ်က ပွဲကျပ်နိုင်သလို နယူးကာဆယ်ရဲ့အိမ်ကွင်းဆီကို သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက်လည်း စိန်ခေါ်မှုက ကြီးမားလွန်းနေမှာပါ။ လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ အသင်းငယ်တွေနဲ့ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ပွဲချောင်နေပါတယ်။ စပါးနဲ့ ချယ်လ်ဆီးတို့ လန်ဒန်မြို့ခံအသင်းအချင်းချင်း ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

ရင်ခုန်ခံစား Dawei Watch ပရီးမီးယားလိဂ်သုံးသပ်ချက်များ

Dawei Watch

October 28, 2023

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကစားပါတော့မယ်။ ဒီတစ်ပတ်က ပွဲကြီးပွဲကောင်းတွေ များနေပါတယ်။ မန်ယူ-မန်စီးတီး ​တွေ့ဆုံမှုကလည်း ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ပွဲစဥ်တစ်ခုပါပဲ။ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ပွဲစဉ်တွေကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်

စိန်ခေါ်ပွဲ မထိုးသတ်ခင်မှာတင် စကားလုံးတိုက်ပွဲ ပြင်းထန်လာနေတဲ့ ဒေဝနဲ့ ပရွမ်းဆမ်းနန်

Dawei Watch

October 26, 2023

မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း ဒေ့ဗ်လက်ပ်ဒက်ဗ်(ခ)ဒေဝ ဟာ လာမယ့်သီတင်းပတ် တစ်ပတ်ကျော်ကာလမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးပွဲစဉ်ကို ထိုးသတ်တော့မှာပါ။ ဒီပွဲစဉ်ကို အရှေ့တောင်အာရှရဲ့အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့တောင် ဒေဝက တင်စားရည်ညွှန်းထားပါတယ်။ ဒေဝဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း သန်း ၃၀ လောက်အထိ ရှိနေသူပါ။ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရွှေခါးပတ်ကိုဆိုရင် ဒေဝက ၆ ကြိမ်တောင် ရရှိခဲ့ဖူးပါတယ်။ ဒေဝရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်မှာ ဒေဝကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်မယ့်သူက ကမ္ဘောဒီးယားအကျော်အမော် ပရွမ်းဆမ်းနန် ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် သူတို့နှစ်ယောက်ရဲ့အထူးစိန်ခေါ်ပွဲကို ရှုစားကြရတော့မှာပါ။ လတ်တလောမှာတော့ စိန်ခေါ်ပွဲအဖြစ် မယှဉ်ပြိုင်ခင်မှာတင်ပဲ ဒေဝနဲ့ ပရွမ်းဆမ်းနန်တို့အကြား စကားလုံးတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုပဲ ပြင်းထန်နေပြီလို့နေပါပြီ။