BREAKING
April 20, 2025

အားကစား/ကမ္ဘာ့ဖလား

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲများ

Dawei Watch

February 10, 2024

ဒီတစ်ပတ် Super Sunday မှာ စိတ်ဝင်စားစရာ ပွဲကောင်း ၂ ပွဲရှိနေပါတယ်။ တနင်္လာနေ့ကိုရောက်ရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ် ၁ ပွဲကို ကြည့်ရမှာပါ။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ယူကတော့ အာဆင်နယ်နည်းပြဟောင်း ယူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ကစားရမှာပါ။ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကိုရင်ဆိုင်ရမယ့် ခြေမှန်မရသေးတဲ့ချယ်လ်ဆီးအတွက်ကလည်း ခက်ခဲမှာပါ။ အဲ့ဒီပွဲစဉ်တွေကို Dawei Watch ရဲ့ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

January 28, 2024

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ကို နားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွေ ရှိနေလို့ပါပဲ။ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ပွဲချောင်နေတာက မန်ယူနဲ့ လီဗာပူးပဲဖြစ်ပါတယ်။ လီဗာပူးက နောဝစ်ချ်ကို အိမ်ကွင်းအန်ဖီးလ်မှာ လက်ခံကစားရမှာဖြစ်လို့ ပိုပြီး ပွဲချောင်နေတယ်လို့တောင် ဆိုရမလိုပါပဲ။ မန်ယူကတော့ အဝေးကွင်းမှာ လိဂ်-၂ က နယူးပေါ့တ်နဲ့ ရင်ဆိုင်ရမှာပါ။ Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် ဒီပွဲစဉ် ၂ ပွဲကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

January 20, 2024

အခုတစ်ပတ်မှာလည်း ဘောလုံးပွဲကောင်းတွေ ရှိလို့နေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး အာဆင်နယ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ ဘုန်းမောက်နဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲတွေက ပွဲစဉ်ကောင်းတွေ ဖြစ်လာမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

January 13, 2024

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်က ပွဲစဉ် ၅ ပွဲပဲ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ် ၅ ပွဲထဲမှာ အသင်းကြီးတွေ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အရေအတွက်က ၃ ပွဲအထိတောင် ပါဝင်လို့နေပါတယ်။ ချယ်လ်ဆီးနဲ့ ဖူလ်ဟမ်၊ နယူးကာဆယ်နဲ့ မန်စီးတီး၊ မန်ယူနဲ့ စပါးတို့ အားပြိုင်မယ့်ပွဲတွေဟာ ပွဲကြီးပွဲကောင်းတွေ ဖြစ်လာမှာပါ။ အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

January 7, 2024

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွေ ရောက်ရှိလာခဲ့ပါပြီ။ အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက်ဆုံနေတဲ့ပွဲက အက်ဖ်အေဖလားပြိုင်ပွဲရဲ့ပွဲကြီးပွဲကောင်းပါပဲ။ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံပြေးလမ်းထဲက အသင်းနှစ်သင်းဖြစ်နေလို့ ပြိုင်ဆိုင်မှုက ပြင်းထန်မှာပါ။ ဝီဂန်နဲ့ မန်ယူတို့ရဲ့ပွဲစဉ်ကလည်း မန်ယူရဲ့လက်ရှိအခြေအနေတွေကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ အက်ဖ်အေဖလားပွဲစဉ်တွေမှာ အစဉ်အလာအတိုင်း ကမောက်ကမရလဒ်တွေ ထွက်ပေါ်နေတာမို့ အသင်းတိုင်းက သတိကြီးကြီးထားပြီး ကစားမှသာ ရလဒ်ကောင်းနိုင်မှာပါ။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက ထိပ်တန်းအသင်းတချို့ရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် စီစဉ်တင်ဆက်လိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား နှစ်သစ်ကူးဘောလုံးပွဲစဉ်များ

Dawei Watch

December 30, 2023

ပရီးမီးယားလိဂ်ကတော့ ပွဲကျပ်ကာလထဲကို ရောက်ရှိနေပါပြီ။ ခရစ္စမတ်အကြိုနေ့ပွဲစဉ်တွေအပြီးမှာ ဘောက်ဆင်းဒေးပွဲစဉ်တွေ ရောက်လာခဲ့သလို အခုလည်း ဘောက်ဆင်းဒေးအပြီးမှာ နှစ်သစ်ကူးပွဲစဉ်တွေကို ဆက်လက် ကစားရတော့မှာပါ။ ပွဲဆက်များလာတာကြောင့် အသင်းအားလုံး ပွဲပန်းနေကြသလို ကစားအားချိန်ဆမှုတွေလည်း လုပ်နေကြရပါပြီ။ ဒါပြီးရင်လည်း အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေက ဆက်တိုက်ဆိုသလိုပဲ ဝင်ရောက်လာဦးမှာပါ။ နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

December 26, 2023

ပရီးမီးယားလိဂ်ဟာ ပွဲကျပ်ကာလထဲကို ရောက်ရှိလို့လာပါပြီ။ ခရစ္စမတ်အကြို ပွဲစဉ်တွေအပြီးမှာ ဘောက်ဆင်းဒေးပွဲစဉ်တွေ ရောက်လာပြီဖြစ်လို့ ပွဲပန်းမှုဒဏ်ကို ပရီးမီးယားလိဂ်အသင်းတွေ စတင်ခံစားရတော့မှာပါ။ ဆက်တိုက်ဆိုသလိုပဲ ဘောက်ဆင်းဒေးပွဲစဉ်တွေပြီးရင် နှစ်သစ်ကူးပွဲစဉ်တွေက ပရီးမီးယားလိဂ်အသင်းတွေကို စောင့်ကြိုနေပြန်ပါတယ်။ ဘောက်ဆင်းဒေးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအစီအစဉ်ကနေ သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

December 23, 2023

ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လို့လာခဲ့ပါပြီ။ တခြားသောလိဂ်တွေက ဆောင်းခိုနားရက်ထဲဆီ တိုးဝင်သွားတော့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ ခရစ္စမတ်ခရီးကြီးနဲ့အတူ တက်သုတ်နှင်တော့မှာပါ။ ဒါပြီးရင် ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေ ဝင်ရောက်လာတော့မှာဖြစ်သလို အဲ့ဒါပြီးတာနဲ့တပြိုင်နက် နှစ်သစ်ကူးပွဲစဉ်တွေကို ပရီးမီးယားလိဂ်ကလပ်တွေက ဆက်လက် ယှဉ်ပြိုင်ရဖို့ ရှိလို့နေပါတယ်။ ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။