BREAKING
September 20, 2024

အားကစား/ကမ္ဘာ့ဖလား

Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး ဘောလုံးပွဲများ

Dawei Watch

May 27, 2023

ဒီသီတင်းပတ်မှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးရင် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးပါပြီ။ ပရီးမီးယားလိဂ်ရဲ့ဇယားထိပ်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဖြေအားလုံးက ရှင်းရှင်းလင်းလင်း ပေါ်ထွက်ပြီးနေပြီပဲ ဖြစ်ပါတယ်။ အဖြေမထွက်သေးတာက နောက်ဆုံးတန်းဆင်းရမယ့် အသင်းနှစ်သင်းပါပဲ။ ဒီ နှစ်နေရာအတွက် လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာတို့က အပြိုင်ဖြစ်လို့နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ရာသီသိမ်းပွဲစဉ်တွေဟာ ဘယ်လို အမှတ်တရဖြစ်စရာတွေနဲ့ ချန်ထားရစ်ခဲ့လေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ

Dawei Watch

May 20, 2023

အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်မားဆုံးပါပဲ။ ဒီပွဲမှာသာ အနိုင်ရလိုက်ရင် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် သမိုင်းသစ်ရေးထိုးတော့မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်ရောစာရရှိရေးအတွက် နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို့ အားပြိုင်နေကြတာဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Dawei Watch ရဲ့တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

Dawei Watch

May 13, 2023

အခုဆိုရင် ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးဖို့က ပွဲစဉ် သုံးပွဲသာ လိုပါတော့တယ်။ ချန်ပီယံပြေးလမ်း အားပြိုင်ပွဲ၊ ဥရောပဝင်ခွင့်တစ်နေရာစာ အားပြိုင်ပွဲနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေက တစ်ပတ်ထက် တစ်ပတ် ပိုလို့ပိုလို့ အားကောင်းလာခဲ့ပါပြီ။ အခုတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းသာ ရလဒ်ဆိုးခဲ့ရင် ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ဆီ သွားရောက်ကစားရမယ့်အသင်းအဖြစ် စာရင်းဝင်သွားတော့မှာပါ။ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေထဲ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင် ရလဒ် ဆက်ကောင်းနိုင်မလား

Dawei Watch

May 11, 2023

မေလ ၁၂ ရက်နေ့မှာ မြန်မာပရိသတ်တွေအတွက် ရင်ခုန်စရာ မွေထိုင်းစိန်ခေါ်ပွဲတစ်ပွဲ ရှိလို့နေပါတယ်။ ဒီပွဲစဉ်ကတော့ ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) Sulaiman Looksuan ထိုးသတ်မယ့်ပွဲစဉ်ပါပဲ။ ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီပွဲစဉ်ကို မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ထိုးသတ်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ One Championship က ကြီးမှူးကျင်းပပေးတဲ့ One Friday Fights 16 ရဲ့ စိန်ခေါ်ပွဲတစ်ပွဲအဖြစ် ထွန်းမင်းနိုင် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ထိုင်းမွေထိုင်းကစားသမား ပီတိတ်ခ် ဆော် သက်ပ်ပါရတ် ပါပဲ။

ရန်ခုန်ခံစား Dawei Watch တစ်ပတ်တာအကောင်းဆုံး ဘောလုံးပွဲစဉ်များ

diz_admin

April 22, 2023

ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေက ပွဲကြီးပွဲကောင်းတွေအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ ယူရိုပါလိဂ်မှာ ခြေချော်ခဲ့တဲ့ မန်ယူအတွက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကလည်း စိန်ခေါ်ကြီးမားလာဖို့ ရှိနေပါတယ်။ အဓိက,ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝတာက မန်ယူအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ထူးခြားချက်တွေလည်း ရှိလို့နေပါတယ်။ အဲ့ဒါကတော့ အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်ယူကို ဘရိုက်တန်က တစ်ခါမှ မနိုင်ဖူးတာနဲ့ ရှက်ဖီးယူနိုက်တက်ကို မန်စီးတီးက တစ်ခါမှ မနိုင်ဖူးတာတွေပါပဲ။ အခု ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဘယ်လို ရလဒ်မျိုးတွေ ထွက်ပေါ်လာလေမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။

အာဆင်နယ် ချန်ပီယံဖြစ်ဖို့ လိုတယ်၊ ဘယ်လိုဖြစ်ဖြစ် သေချာတာကတော့ အသင်း ပျက်မယ်

diz_admin

April 22, 2023

တကယ်တော့ အာဆင်နယ်ဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ မဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့အတွက် အာဆင်နယ်ဟာ နှစ်ပေါင်းများစွာ ပြန်လည် စောင့်မျှော်ရတော့မှာပါပဲ။ အခန့်မသင့်ရင် ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတာမျိုးတွေတောင် ဖြစ်သွားပါနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဖြစ်ဖြစ်၊ ချန်ပီယံဆုနဲ့ လွဲခဲ့ရင်ဖြစ်ဖြစ် အာဆင်နယ်က အသင်းပျက်ဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်ကို အဲ့ဒီလိုဖြစ်အောင် အမဲဖျက်ဖို့ အသင့်ရှိနေသူက အသင်းပိုင်ရှင် ခရွန်ကီ ပါပဲ။ ဒီနှစ်ထဲမှာ အမေရိကန်ဘဏ်တွေ ပြိုလဲပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကျပ်ရိုက်လာတာကို သတိပြုရမှာပါ။ ခရွန်ကီဟာ အရာရာကို ငွေနဲ့ချိန်စက် တွက်ဆတတ်သူဖြစ်ပါတယ်။ သူ အမြတ်ထွက်ဖို့အတွက်ဆိုရင် အာဆင်နယ်ကို ချနင်းပစ်ဖို့ ခရွန်ကီ ဝန်မလေးလောက်ပါဘူး။ အသင်းရဲ့ကစားသမားကောင်းတွေကို ရောင်းစားပစ်ပြီး ခရွန်ကီက သူ့ကိုယ်ကျိုးစီးပွားကို […]