နိုင်ပွဲနဲ့အတူ မန်ယူပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်
Dawei Watch
September 14, 2024နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လိဂ်အမှတ်ပေးပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကလည်း စတင်တော့မှာဆိုတော့ အသင်းတိုင်းဟာ ရေကုန်ရေခမ်း အားထည့်ပြင်ဆင်နေကြမှာပါ။ အထူးသဖြင့် လိဂ်ဘက်မှာ အတိုင်းအတာတစ်ရပ်အထိ စိတ်ချရတဲ့အခြေအနေကိုဖန်တီးဖို့ အသင်းတိုင်းက ကြိုးစားလာပါလိမ့်မယ်။ မန်ယူဆိုရင်လည်း နှစ်ပွဲဆက်အရှုံးရလဒ်ကို ချေဖျက်ပြရတော့မှာပါ။ ဒီတစ်ပတ်မှာတော့ အသင်းကြီးတိုင်းက ပုံစံကောင်းတစ်ခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမိပါတယ်။