One Championship က ဗရော်နီကာ ကို စာချုပ်ချုပ်တော့မယ်
Dawei Watch
October 5, 2024ကယန်းဖိုက်တာမလေး ဗရော်နီကာ ကို One Championship က စာချုပ်ချုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဗရော်နီကာ ဟာ One Championship မှာ ပွဲထိုးခွင့်ရချင်နေတာ ကြာပါပြီ။ အခုတော့ သူမရဲ့မျှော်လင့်အိပ်မက်တွေ ပြည့်ဝပါတော့မယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကိုရောက်ရင် တစ်ခုခု ထူးခြားတော့မယ်လို့ ဗရော်နီကာ က အသိပေးလာတဲ့အတွက် အားလုံးက စိတ်ဝင်စားလို့နေပါတယ်။ One Championship နဲ့ နီးစပ်သူတွေက ဗရော်နီကာ ဟာ One Championship ထဲကို ရောက်ရှိလာဖို့ သေချာနေပါပြီလို့ ပြောထားပါတယ်။ ဗရော်နီကာ ဟာ One Championship မှာ ဘယ်လိုတွေ အစွမ်းပြလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။