BREAKING
September 16, 2024

အားကစား/ကမ္ဘာ့ဖလား

နာဘီးလ်နဲ့ စိုးလင်းဦးတို့ပွဲမှာ နာဘီးလ် နိုင်မယ်လို့ စူပါလက်ခ် ခန့်မှန်းလိုက်ပြီ

Dawei Watch

September 16, 2024

One ဘက်မှာ ဖိုက်တာကောင်းတစ်ယောက်အဖြစ် နာမည်ရေးထိုးစိုက်ထူထားတဲ့ ထိုင်းဖိုက်တာ စူပါလက်ခ်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထိုးရမယ့် မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ ထိုင်း-အယ်လ်ဂျီးရီးယားနွယ်ဖွား နာဘီးလ်တို့ရဲ့ပွဲမှာ နာဘီးလ် နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ စူပါလက်ခ် ဟာ South China Morning Post သတင်းမီဒီယာနဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ နာဘီးလ်တို့ဟာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် လမ်ပီးနီးအားကစားကွင်းကြီးထဲမှာ စိန်ခေါ်ပွဲ ထိုးကြတော့မှာပါ။ ဒီပွဲဟာ နိုင်ပွဲဆက်နေတဲ့ ဖိုက်တာနှစ်ယောက်ရဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှုကလည်း မြင့်တက်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့စိန်ခေါ်ပွဲ တွဲဆိုင်းပါဝင်တဲ့ One Friday Fights 81 အတွက် လက်မှတ်တွေကတော့ ပြိုင်ပွဲမစခင် တစ်လအလိုကတည်းက အကုန်အစင် ရောင်းကုန်သွားခဲ့ပြီးပါပြီ။

နိုင်ပွဲနဲ့အတူ မန်ယူပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်

Dawei Watch

September 14, 2024

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လိဂ်အမှတ်ပေးပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကလည်း စတင်တော့မှာဆိုတော့ အသင်းတိုင်းဟာ ရေကုန်ရေခမ်း အားထည့်ပြင်ဆင်နေကြမှာပါ။ အထူးသဖြင့် လိဂ်ဘက်မှာ အတိုင်းအတာတစ်ရပ်အထိ စိတ်ချရတဲ့အခြေအနေကိုဖန်တီးဖို့ အသင်းတိုင်းက ကြိုးစားလာပါလိမ့်မယ်။ မန်ယူဆိုရင်လည်း နှစ်ပွဲဆက်အရှုံးရလဒ်ကို ချေဖျက်ပြရတော့မှာပါ။ ဒီတစ်ပတ်မှာတော့ အသင်းကြီးတိုင်းက ပုံစံကောင်းတစ်ခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမိပါတယ်။

Sphere နဲ့ Madison Square Garden တို့မှာ ပထမဆုံး ထိုးခွင့်ရတဲ့ မြန်မာပြည်ဖွား ချင်းဖိုက်တာ ဂျိုရွှာဗန်

Dawei Watch

September 10, 2024

မြန်မာပြည်ဖွား ချင်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာလေး ဂျိုရွှာဗန် ကတော့ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးလိုက်ပါပြီ။ အဲ့ဒါကတော့ Sphere နဲ့ Madison Square Garden တို့မှာ ထိုးခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာဆိုတဲ့ မှတ်တမ်းပါပဲ။ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကိုရောက်ရင် UFC 306 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဂျိုရွှာဗန် ဟာ ဒီပြိုင်ပွဲကြီးကို Short Notice နဲ့ လူစားဝင်ထိုးရဖို့ ဖြစ်လာခဲ့တာပါ။ အစောပိုင်းက ဒီပြိုင်ပွဲမှာ ဂျိုရွှာဗန် မပါဝင်ခဲ့ပါဘူး။ ကယ်လ်ဗင် ဘော်ဂျတ်စ်နဲ့ အက်ဒ်ဂါ ချိုင်ရက်ဇ် တို့ ထိုးရမယ့်ပွဲမှာ ကယ်လ်ဗင် ဘော်ဂျက်စ်က နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ဒီနေရာမှာ ပွဲစီစဉ်သူတွေက ဂျိုရွှာဗန် ကို အစားဝင်ထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုကို ဂျိုရွှာဗန် ကလည်း […]

ရည်းစားဟောင်းက ဓာတ်ဆီနဲ့လောင်းပြီး မီးတင်ရှို့လို့ အသက်ပေးလိုက်ရသူ အိုလံပစ်အပြေးမယ်

Dawei Watch

September 9, 2024

ဒီအဖြစ်အပျက်က ယူဂန္ဓာနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရည်းစားဟောင်းဖြစ်တဲ့ မာရသွန်အပြေးမယ်ကို သူ့ရည်းစားဟောင်း ကောင်လေးက ဓာတ်ဆီလောင်းပြီး မီးတင်ရှို့ခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဂန္ဓာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ ဒီမှုခင်းဖြစ်စဉ်ဟာ ယူဂန္ဓာနိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ ထရန့်စ်ဇွိုင်အာကောင်တီဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံလိုက်ရတဲ့သူက မာရသွန်အပြေးမယ် ရေဗက္ကာ ချက်ပ်တီဂျိုင် ပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကြီးကို ချက်ပ်တီဂျိုင် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မာရသွန်ပြိုင်ပွဲမှာ အဆင့် ၄၄ ချိတ်ခဲ့ပါတယ်။ အခုတော့ မာရသွန်အပြေးမယ် ချက်ပ်တီဂျိုင်ဟာ မီးလောင်ဒဏ်ရာတွေနဲ့အတူ အသက်ဆုံးပါးသွားခဲ့ရပါပြီ။

ပွဲချီတိုင်းမှာ အာဒိုဂန်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ တွေ့ရလိမ့်မယ်ဆိုတဲ့ အောင်လအန်ဆန်း

Dawei Watch

September 6, 2024

မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းရောက်ရင် အမေရိကန်ပြည်ထောင်စုမှာ အောင်လအန်ဆန်းနဲ့ ရုရှားဖိုက်တာ အာဒိုဂန်တို့ ထိုးသတ်တော့မှာပါ။ ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အာဒိုဂန်ကို အောင်လအန်ဆန်း အနိုင်ရပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အောင်လအန်ဆန်းကတော့ မရှုံးဖူးပါဘူးဆိုတဲ့သူကို နိုင်အောင်ထိုးပြရမှာသူ့ အလုပ်ဖြစ်တယ်။ ပွဲချီတိုင်းမှာ အာဒိုဂန်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ တွေ့ရလိမ့်မယ်ဆိုပြီးပြောဆိုလိုက်ပါတယ်။

အောင်လအန်ဆန်းကတော့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အတွက် နိုင်ပွဲယူပြဖို့ စိတ်ကူးနေပြီ

Dawei Watch

September 4, 2024

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်း ဟာ လာမယ့်စက်တင်ဘာလ ၆ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးတော့မှာပါ။ ဒီပွဲမှာ အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ရုရှားဖိုက်တာ အာဒိုဂန် ပါပဲ။ ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အာဒိုဂန်ကို အောင်လအန်ဆန်း အနိုင်ရပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ အခုတစ်ကြိမ်ထိုးမယ့်စိန်ခေါ်ပွဲဟာ အောင်လအန်ဆန်းအတွက် အရမ်းကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဟာ အောင်လအန်ဆန်းရဲ့ One Championship ကစားသမားဘဝဖြတ်သန်းမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်နေလို့ပါပဲ။ အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ဟာ ဒီပွဲကို မစ်ဒယ်လ်ဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမှာပါ။ အောင်လအန်ဆန်းဟာ နိုင်ပွဲနဲ့အတူ ပရိသတ်တွေရဲ့ရှေ့မှောက်ဆီကိုရောက်ရှိလာလေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။