BREAKING
April 18, 2025

ရုပ်သံ PSA

ကြားကာလဥပဒေကို ဘာလို့ကန့်ကွက်နေကြတာလဲ

Dawei Watch

November 28, 2023

ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုတနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။ ယင်းမှာတနင်္သာရီတိုင်းသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက  နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဝေဖန်ထောက်ပြမှုများ၊ ကန့်ကွက်မှုများစွာဖြင့် တနင်္သာရီတိုင်းတွင် ဂယက်ထသွားစေသည်။ ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။ ကြားကာလဥပဒေဆိုတာ  တိုင်းလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေတွင် တိုင်းဒေသကြီးအတွက် ဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံများ စနစ်တကျရေးဆွဲအတည်ပြုနိုင်ရေးအတွက် လိုအပ်သောပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြဋ္ဌာန်းကြောင်း ဖော်ပြထားသည်။ ကနဦးအနေဖြင့် ပုဂ္ဂိုလ် ၅ ဦးပါ […]

ဘေးကင်းတဲ့ အစားအစာဖြစ်စေဖို့

Dawei Watch

June 22, 2023

လူတွေကျန်းမာ အသက်ရှည်ဖို့ အစားအစာကို မဖြစ်မနေ စားသုံးကြရပါတယ်။ စားတတ်ရင်ဆေး မစားတတ်ရင်ဘေး ဆိုသလို အစားစားတိုင်းလည်း အဟာရဖြစ်တာ မဟုတ်ပါဘူး။ အဟာရဖြစ်ဖို့ စားရာကနေ ဘေးဖြစ်သွားတာတွေလည်း ရှိပါတယ်။ နေ့တိုင်းစားသောက်နေတဲ့ အစားအစာကနေ အဆိပ်မဖြစ်စေဖို့ ‌ အလေးထားလိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ အန္တရာယ်ကင်းတဲ့ အစားအစာဖြစ်ဖို့ ဘာတွေသတိထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေ လုပ်ငန်းခွင်လုံခြုံရေး

Dawei Watch

June 12, 2023

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။ အလုပ်သမား အများစုကတော့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး အန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရသူ အများအပြားရှိနေပါတယ်။ တစ်ကယ်လို့ အန္တရာယ်ကြုံလာပြီဆိုရင်လည်း အချိန်မီ ဆေးကုသခွင့်နဲ့ ခံစားခွင့်တွေ ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေး

Dawei Watch

May 29, 2023

ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြထားပါတယ်။

သမုဒ္ဒရာထဲက ပလစ်စတစ်အမှိုက်

diz_admin

March 1, 2023

ကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။

ကပ်ဘေးကြားက စားနပ်ရိက္ခာ

diz_admin

September 8, 2022

၂၀၁၅ ကနေစပြီး ကမ္ဘာကြီးရဲ့ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အကြောင်းရင်းတွေ ပိုများလာပါတယ်။ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ –

စစ်ဘေးရှောင်ကြသူများ

diz_admin

September 1, 2022

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးကြောင့် မြန်မာပြည်သူတွေ စစ်ဘေးဒဏ် ခံနေရဆဲပါ။ အာဏာသိမ်းယူမှု ဖြစ်စဉ်အပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံအဝှမ်းစစ်ဘေးရှောင်သူတွေ ပိုမိုများပြားလာနေပါတယ်။