BREAKING
November 26, 2024

ရုပ်သံ

ဩဂုတ်လ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 9, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – တနင်္သာရီမြို့နယ်က ရေဘေးနဲ့စစ်ဘေးသင့်ပြည်သူတွေကို ကူဖို့အတွက် ရိက္ခာလှေကမ်းပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်တဲ့အကြောင်း – ညောင်ပင်ကွင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တစ်ရက်ထဲ နှစ်ကြိမ်တိုက်ခိုက်ခံရတဲ့ အခြေအနေ – မြန်မာကျပ်ငွေတန်းဖိုး စံချိန်တင်ကျဆင်းနေပြီး ကျပ်တစ်သိန်းကို ဘတ် ၆၀၀ အောက်ကို ရောက်ရှိလာတာ – ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ကောင်စီရဟတ်ယာဉ် ထိခိုက်မှုရုပ်သံကို NUG က ထုတ်ပြန်လိုက်တဲါအကြောင်း – လုပ်အားခ ဘတ် ၁၅ သိန်းကျော်မရလို့ မြန်မာအလုပ်သမားတွေက ထိုင်းအလုပ်ရှင်ကို အမှုဖွင့်လိုက်တာ -ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအနိုင်ရဖျက်သိမ်းခံပါတီဟာ နာမည်အသစ်နဲ့ ပါတီထက်ထောင်လိုက်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ […]

တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

Dawei Watch

August 9, 2024

ရေဘေးနှင့်စစ်ဘေးဒဏ်ကို ခါးစည်းခံစားခဲ့ရသည့် တနင်္သာရီမြို့နယ်က ထောင်ချီသည့်ဒေသခံများမှာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။ ဇူလိုင်လ တတိယအပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွာဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။ ရေဘေးဖြင့် နပန်းလုံးနေရသည့်အခိုက်တွင်ပင် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာ‌များအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ဘေးဒဏ်ကိုပါ ခံစားခဲ့ရပြန်သည်။ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာလိုအပ်ချက်၊ သန့်ရှင်းသည့် သောက်သုံးရေလိုအပ်ချက် စသဖြင့် လိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်နေကြရသည်။ အိုးအိမ်စွန့်ခွာပြီး ဒုက္ခရောက်နေကြရသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ကူရေးအဖွဲ့ငါးဖွဲ့က ရိက္ခာလှေကမ်ပိန်းအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ ယင်းကြောင့် တနင်္သာရီမြို့နယ်က ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများ၏ အခြေအနေနှင့် ကမ်ပိန်းအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။ (ကူညီလိုပါက https://www.facebook.com/share/dRroApM6g41SXgoz/?mibextid=qi2Omg မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၈)]

Dawei Watch

August 8, 2024

“ဪ . . . တပ်မတော်ကို ရဲရဲတောက်ခံပစ်နေတာ . . . အမေရိကန်ပြန် ဗိုလ်ကြီးပဲ” ဗိုလ်မှူးဘစိန်က မသတ်ဘဲ အခွင့်အရေး တစ်ခုပေးသည်။ ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ။ ကြည်ကြည်ဆွေ တစ်ခုခုပြောမည်ဆိုသဖြင့် ဗိုလ်မှူးဘစိန် ဒူးထောက်ရင်း အနားကပ်သွားလိုက်သည်။ ထိုမှသည် မထင်မှတ်သည့် အဖြစ်အပျက်များ။

ရက် ၁၂၀ စီမံချက်နဲ့ ထိုင်းရဲတွေ အဖမ်းအဆီးကြမ်းနေချိန်မှာ ဘယ်လိုနေထိုင်ကြမလဲ

Dawei Watch

August 8, 2024

ထိုင်းအာဏာပိုင်တွေက ရက် ၁၂၀ စီမံချက်ဆိုပြီး အထောက်အထားမဲ့ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေပါတယ်။ ဇွန်လ ၅ ရက်ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ရာမှာ မြန်မာ ၆၀၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။ ဒါကြောင့် ဒီလိုအဖမ်းအဆီးကြမ်းနေချိန်မှာ အန္တရာယ်ကင်းဖို့ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Labour Rights Foundation (LRF) က တာဝန်ရှိသူက အခုလိုပြောဆိုထားပါတယ်။

ဩဂုတ်လ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 8, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရေဖြူမြို့နယ် ဇာဒီရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သတင်း – တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာကားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ မိုင်းဆွဲတိုက်ခိုက်တဲ့သတင်း – တနင်္သာရီမြို့နယ်မှာပဲ သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အကြောင်း – ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်တဲ့အကြောင်း – ဖျက်သိမ်းလိုက်တဲ့ MoveForward ပါတီဝင်တွေက အသစ်ထောင်မယ့်ပါတီကို မနက်ဖြန်ကြေညာမယ်ဆိုတဲ့သတင်း -မြန်မာဘက်ပို့မယ့် starlink အင်တာနက်ပစ္စည်းတွေကို မဲဆောက်မှာ ထိုင်းရဲတွေ ဖမ်းမိခဲ့တဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဩဂုတ်လ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 7, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ် မောင်မယ်ရှောင်ရွာမှာ နေအိမ် ၁၆ ဆောင်ထက်မနည်း မီးရှို့ခံရတဲ့သတင်း – မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ကုမ္ပဏီအဆောက်အအုံတွေကို တော်လှန်ရေးပူးပေါင်းတပ်က မီးရှို့တဲ့အကြောင်း – ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်မှာ တော်လှန်ရေးအဖွဲ့ တွေ အားလုံးပါဝင်ကြဖို့ CRTH တိုက်တွန်းတဲ့ သတင်း – စစ်ရာဇဝတ်မှုကျူးလွန်နေတာကို တားဆီးပေးကြဖို့ တရုတ်နဲ့ နိုင်ငံတကာကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်တွန်းတဲ့အကြောင်း – Move Forward ပါတီကို ဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအမိန့်ချလိုက်တဲ့သတင်းအပါအဝင် – ရုတ်တရက်ခုန်တက်သွားတဲ့ ထိုင်းဘတ်ဈေးနဲ့ ရွှေဈေးကွက်အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၇)]

Dawei Watch

August 6, 2024

စစ်တပ်နှင့် တွေ့ချိန် ကိုယ်ဝန်ကြီးနှင့် မဟို။ အရေးပေါ် ခွဲစိတ် ကလေးမွေးခြင်းကို ကြည်ကြည် အသုံးချလိုက်သည်။ သို့သော်။ မိုးကြည်ကား နီနီရိန်ကို ခေါ်လျက် လွတ်ရာ ခေါင်းရှိရာသို့ ပြေးဆင်းသွားသည်။ ကျန်သူများကိုလား . . . ။

ဩဂုတ်လ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 6, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ပြည့်ဖြိုးထွန်းကုမ္ပဏီနဲ့ စိုက်ခင်းကို တော်လှန်ရေးတပ်တွေသိမ်းထားလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အကြောင်း – ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အခြေအနေ – ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦတွေကို ပန်းချီနဲ့ မှတ်တမ်းတင်ထားတဲ့စာအုပ် ထွက်မယ့်အကြောင်း – ထားဝယ်မှာ မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်နေတဲ့ အခြေအနေအပါအဝင် – ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားလေးရာလောက် ဘတ် ၁၈သန်းကျော် နစ်နာကြေးရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။