BREAKING
May 6, 2025

ရုပ်သံ

ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

diz_admin

August 25, 2020

ဒေသခံစားသောက်ဆိုင်ပိုင်ရှင်တွေကြားမှာ နွေရာသီကျရင် ဈေးရောင်းချခွင့်မရမှာကို စိုးရိမ်နေရတဲ့ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ဟာ ဘယ်ကုမ္ပဏီမှ မပိုင်ဘဲ အများပြည်သူပိုင်နေရာသာဖြစ်တယ်လို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပါတယ်။

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

diz_admin

August 24, 2020

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေးလူတစ်ဦးချင်း နှာခေါင်းတပ်ခြင်း မတပ်ခြင်း ဆုံးဖြတ်ချက် က အဖိုးအခကြီးပါတယ်။ လူတစ်ဦးချင်းစီသာ နှာခေါင်းစည်း တပ်ကြရင် ကူးစက်မှုနှုန်း ကျလာမယ်၊ အဲဒီ က တစ်ဆင့် တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေး ထိခိုက်မှုကိုလည်း သက်သာစေပါတယ်။ အဲဒီသဘောတရားကို ကောက်ယူပြီး အမေရိကန်ပြည်ထောင်စုမှာ တစ်ဦးချင်းစီကသာ နှာခေါင်းစီး တပ်ကြရင် တိုင်းပြည်စီးပွားရေး ဘယ်လောက် သက်သာမလဲ ဆိုတာကို The Economist က တွက်ပြထားပါတယ်။ နှာခေါင်းစည်းတစ်ခုရဲ့ စီးပွား တန်ကြေးက ဘယ်လောက်လဲပေါ့။ အဲဒီအကြောင်း ဒီဗီဒီယို လေးမှာ ရှင်းပြထားပါတယ်။ Dawei Watch TV

ဘန်းချောင်းဒေသကိစ္စ ဒေသအစိုးရကို ပြည်ထောင်စုအစိုးရနိုင်စားသလော

diz_admin

August 22, 2020

သဘာဝတောကြီးအတိုင်း ရှိနေသေးတဲ့ ဘန်းချောင်းဒေသမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦီးကို နှစ်ရှည်သီနှံပင်နဲ့ ရာဘာစိုက်ပျိုးဖို့အတွက်ဆိုပြီး မြေဧက ၃၀၀ ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးလိုက်ပါတယ်။ တိုင်းအစိုးရကတော့ အဲဒီနေရာဟာ သဘာဝသစ်တောကောင်းတဲ့နေရာဖြစ်တာကြောင့် ခွင့်ပြုချက်မပေးဖို့ သဘေားထားမှတ်ချက်ပေးထားတဲ့ကြားက ပြည်ထာင်စုကနေ ခွင့်ပြုချက်ပေးလိုက်တာပါ။ ကရင်အမျိုးသားစည်းရုံး(KNU) ဘက်ကလည်း ဘန်းချောင်းဒေသမှာ နှစ်ရှည်ပင်နဲ့ ရာဘာပင်စိုက်ဖို့လုပ်နေတာကို ကန့်ကွက်ထားပါတယ်။ သဘာဝပန်ဝန်ကျင်းအရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေကတော့ ဘန်းချောင်းဒေသဟာ ဇီဝမျိုးစုံ၊ မျိုးကွဲများစွာရှိနေတာရယ်၊ တနင်္သာရီမြစ်အတွက် အရမ်းအရေးပါတဲ့ ရေဝေ၊ ရေလဲ ဒေသဖြစ်တာရယ်၊ မျိုးတုန်းလုနီး တောရိုင်းတိရိစ္ဆာန်တွေ ရှိနေနေသေးတာရယ် စတဲ့ အချက်တွေကြောင့် ဘန်းချောင်းဒေသကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။ အဲဒီအကြောင်းကို Dawei Watch တင်ဆက်လိုက်ပေးလိုက်ပါတယ်။

ဒုတိယလှိုင်း သတိထားပါ

diz_admin

August 21, 2020

သြဂုတ်လ ၂၁ ရက်နေ့မှာ လူ ၁၀ ဦးအထိ ကူးစက်မှု အစုလိုက်တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်း ဂရုစိုက်ဖို့ အစိုးရက သတိပေးထားပါတယ်။

သောက မြေ

diz_admin

August 19, 2020

ကလိန်အောင်မြို့ ကျောက်ရှပ် ကျေးရွာမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့ လယ်သမားတွေ တရားစွဲခံနေရပါတယ်။ သူတို့ လုပ်ကိုင်စားသောက်လာတဲ့ မြေယာမှတ်ပုံတင်ခွင့် မရတဲ့ အပြင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲ ခံထားရတာပါ။Dawei Watch

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင်ဟောကိန်း

diz_admin

August 19, 2020

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင်ဟောကိန်း ဩဂုတ်လ ၁၇၊၂၀၂၀ မှ ဩဂုတ်လ ၂၃၊ ၂၀၂၀ အထိ

၀န်ကြီးချုပ်လည်း မဲစာရင်းမပါ

diz_admin

August 17, 2020

မဲစာရင်းတွေ အမှားများနေတာ တနင်္သာရီတိုင်းလည်း ပါပါတယ်။ တနင်္သာရီတိုင်းမှာ မဲစာရင်း အချက်အလက်အမှားပေါင်း နှစ်သောင်းကျော်ပါတယ်။ ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါ မဲစာရင်းမှာ မပါတာမျိုး ရှိခဲ့ပါတယ်။ Dawei Watch TV