BREAKING
September 16, 2024

ရုပ်သံ

Dawei Watch TV/ ၀န်ကြီးချုပ်ဟောင်းအမှု နောက်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို အပြီးစစ်မည်

diz_admin

March 5, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုက ပြန်ခေါ်သက်သေတွေကို မတ်လ၁၀ ရက်နေ့ရုံးချိန်းမှာ အပြီးစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ သတင်းနှင့် ရိုက်ကူး ကိုဇော် Dawei Watch TV

Dawei Watch TV/ မဟာသင်္ကြန်အကြို ထားဝယ်တက္ကသိုလ်မှာကျင်းပဲတဲ့ ကျောင်းသင်္ကြန်ပွဲ

diz_admin

March 5, 2020

ထားဝယ်တက္ကသိုလ် ကျောင်းသင်္ကြန်ကို မတ်လ ၃ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီသင်္ကြန်မှာ သနပ်ခါးနှင့် လမ်းလျှောက်သင်္ကြန်တွေပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ထားဝယ်တက္ကသိုလ်မှာ ကျောင်းသင်္ကြန်ကျင်းပတဲ့ နေ့မှာပဲ ပညာရေးဝန်ကြီးဌာနက ကိုရိုနာဗိုက်ရပ်ကြောင့် လူစုလူဝေနဲ့ပြုလုပ်ရတဲ့ အခမ်းအနားတွေကို မလိုအပ်ပါက မလုပ်ဆောင်ရန် ညွှန်ကြားခဲ့ပါတယ်။ ရိုက်ကူး ကျော်သူစိုး၊ ဝေယံစိုး

Dawei Watch TV / ထားဝယ်သံတံတားကြီး သင်္ကြန်လွန်မှ ဖြတ်သန်းခွင့်ရနိုင်

diz_admin

March 1, 2020

ထားဝယ်သံတံတားကြီးဟု လူသိများသော ထားဝယ်မြို့တွင်းကနေ ဘုမ္မော်၊ ကြက်စားပြင်ရပ်ကွက်တွေသွားတဲ့ သံတံတားကြီးဆောက်လုပ်နေတာ နှစ်လနီးပါးရှိနေပြီဖြစ်ပြီးဖြစပါတယ်။ ဒီတံတားဟာ ဧပြီလကုန်မှ ကွန်ကရစ်လောင်းမှာဖြစ်ပြီး ကွန်းကရစ်လောင်းပြီး ၂၈ ရက်အကြာ သင်္ကြန်လွန်မှ ဖြတ်သန်းခွင့်ရမည်ဖြစ်တယ်လို့ သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး တည်းဖြတ်နှင့်တင်ဆက် – မိုးမြင့် Dawei Watch TV

Dawei Watch TV / သိမ်းဆည်းမြေကိစ္စ တိုင်းအစိုးရနှင့်လယ်သမား သဘေားတူညီမူမရသေး

diz_admin

February 27, 2020

ထားဝယ်မြို့ဆန်းချီအနောက်တိုးချဲ့မြို့သစ်အတွက် သိမ်းဆည်မြေအတွက် လျှော်ကြေးငွေ ရယူခြင်းမရှိသေးသည့် လယ်သမားခြောက်ဦးနှင့် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီး ဦးမြင့်စန်းဦးဆောင်သော အဖွဲ့တို့ ညှိနိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မူမရသေးဘူးလို့ ယင်းဆွေးနွေးပွဲတက်ရောက်ခဲသည့် လယ်သမားအချို့ကပြောသည်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး Dawei Watch TV

Dawei Watch TV/ “၂၀၂၀ ရဲ့ ဆေးစက်များ” ပန်းချီပြပွဲ ပြီးဖို့ တစ်ပတ်လို

diz_admin

February 26, 2020

Dawei Art Space မှာ ပြုလုပ်နေတဲ့ “၂၀၂၀ ရဲ့ ဆေးစက်များ” ပန်းချီပြပွဲ ပြီးဆုံးဖို့ တစ်ပတ်ပဲ လိုပါတော့တယ်။ သတင်းနှင့် ရိုက်ကူး – မင်းခန့် Dawei Watch TV