BREAKING
September 19, 2024

ရုပ်သံ

ကိုဗစ်အကြားက မြန်မာ့ စီးပွားရေး

diz_admin

July 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် လုပ်ငန်းအများအပြား ရပ်နားခဲ့ရပါတယ်။ မြန်မာ့ စီးပွားရေးကိုလည်း အတော်ကို ရိုက်ခတ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေး လုပ်ငန်းတွေ အပေါ် ရိုက်ခတ်မှုကို Asia Foundation က သုတေသန တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်တမ်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်နေ့ကနေ မေ ၁၀ နေ့အကြားမှာ ကောက်ယူခဲ့တာပါ။ လုပ်ငန်းပေါင်း ၇၅၀ ကို မေးမြန်း သုတေသန ပြုထားတာ ဖြစ်ပါတယ်။ Asia Foundation ရဲ့ သုတေသန စာတမ်းကို Dawei Watch က တင်ဆက်ထားတာပါ။

ကိုဗစ်ကပ်ကာလ ကျူဝင်နေရသူများအတွက် စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေ သတိပြုလိုက်နာရမလဲ

diz_admin

July 1, 2020

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများက ကိုဗစ်ကပ်ရောဂါ ကာလ လိုက်နာရမည့် အချက်များကို အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါ ကာလ ကျူစခန်းဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိ လိုက်နာရမယ့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလ ဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

အခန်း(၈)၊ အမွေဆိုးများရဲ့ဒဏ်

diz_admin

June 30, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၈)၊ အမွေဆိုးများရဲ့ဒဏ် ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ

diz_admin

June 30, 2020

နောက်ရွေးကောက်ပွဲမှာ တိုင်းလွှတ်တော်ဥက္ကဌက ဘယ်မဲဆန္ဒနယ်ကနေ ဝင်အရွေးခံဖို့ လျှောက်ထားလဲ။ လွှတ်တော်က ဘယ်လိုအချက်တွေကို ဆောင်ရွက်နိုင်ခဲ့လဲ။အားရတဲ့အချက်နဲ့ အားမရတဲ့အချက်တွေ။ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုပြင်တင်ထားသင့်လဲ။ နောက်အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့်သူတွေက ဘယ်လိုမျိုးအချက်တွေနဲ့ ပြည့်စုံရမလဲဆိုတာတွေကို Dawei Watchက မေးမြန်းတင်ဆက်ထားပါတယ်။

အခန်း(၇)၊ ငိုဖို့မေ့နေတဲ့ အလွမ်းဇာတ်

diz_admin

June 27, 2020

အခန်း(၇)၊ ငိုဖို့မေ့နေတဲ့ အလွမ်းဇာတ်————————————-ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၇)၊ ငိုဖို့မေ့နေတဲ့ အလွမ်းဇာတ် ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။” အခန်း(၈) ” ကို ဆက်လက်တင်ဆက်ပါမည်။