BREAKING
January 23, 2025

ရုပ်သံ

Dawei Watch TV/ တပေါင်းလ သဲပုံစေတီတော်ပွဲ

diz_admin

March 9, 2020

တပေါင်းလ သဲပုံစေတီတော်ပွဲဟာ မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနှစ် တပေါင်းလပြည့်နေ့မှာတော့ ထားဝယ်မြို့ ကမ်းနားလမ်းမှာ သဲပုံစေတီတော် တစ်ဆူတည်ထား ပူဇော်ခဲ့ပါတယ်။ ပြည်လုံးချမ်းသာစေတီလို့ ဘွဲ့အမည်ပေးထားတဲ့ သဲပုံစေတီတော်ဟာ ဉာဏ်တော် ၁၅ ပေ၊ ပုလ္လင်ရဲ့လုံးပတ်တော် ၁၃ ပေပတ်လည်ရှိပြီးတော့ သဲ ၁၂ ကျင်း အသုံးပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး Dawei Watch TV

Dawei Watch TV/ မြိတ်မြို့တွင် သုံးဘီးယာဉ်များ သုံးဘီးယာဉ်များတွက်ခြေမကိုက်

diz_admin

March 6, 2020

မြိတ်မြို့ရှိ သုံးဘီးယာဉ်များပြားများလာခြင်းနှင့် ကိုရိုနာဗိုင်းရပ်ကြောင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနည်းပါးသည့်အတွက် သုံးဘီးအငှားယာဉ်များမှာ တစ်နေ့ကို ငါးထောင်ကျပ်မှတစ်သောင်းအထိသာ ရရှိနေကြသဖြင့် တွက်ခြေမကိုက်ဖြစ်နေကြကြောင်း သုံးဘီးအငှားယာဉ်မောင်းများက ပြောပြသည်။ သတင်းနှင့်ရိုက်ကူး – မြင့်မိုရ်(မြိတ်) Dawei Watch TV

Dawei Watch TV/ အဝေးပြေးယာဉ်လိုင်းများတွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေး

diz_admin

March 6, 2020

ကိုရိုနာ‌ဗိုင်းရပ်စ်ရောဂါနှင့်ပက်သက်တဲ့ ကျန်းမာရေး အသိပညာပေးပြောကြားမှုကို အဝေးပြေးယာဉ်များပေါ်မှာ ယာဉ်မထွက်ခွာမီ ပြုလုပ်နေတယ်လို့သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – မိုးမြင့် Dawei Watch TV

Dawei Watch TV/ ၀န်ကြီးချုပ်ဟောင်းအမှု နောက်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို အပြီးစစ်မည်

diz_admin

March 5, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုက ပြန်ခေါ်သက်သေတွေကို မတ်လ၁၀ ရက်နေ့ရုံးချိန်းမှာ အပြီးစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ သတင်းနှင့် ရိုက်ကူး ကိုဇော် Dawei Watch TV

Dawei Watch TV/ မဟာသင်္ကြန်အကြို ထားဝယ်တက္ကသိုလ်မှာကျင်းပဲတဲ့ ကျောင်းသင်္ကြန်ပွဲ

diz_admin

March 5, 2020

ထားဝယ်တက္ကသိုလ် ကျောင်းသင်္ကြန်ကို မတ်လ ၃ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီသင်္ကြန်မှာ သနပ်ခါးနှင့် လမ်းလျှောက်သင်္ကြန်တွေပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ထားဝယ်တက္ကသိုလ်မှာ ကျောင်းသင်္ကြန်ကျင်းပတဲ့ နေ့မှာပဲ ပညာရေးဝန်ကြီးဌာနက ကိုရိုနာဗိုက်ရပ်ကြောင့် လူစုလူဝေနဲ့ပြုလုပ်ရတဲ့ အခမ်းအနားတွေကို မလိုအပ်ပါက မလုပ်ဆောင်ရန် ညွှန်ကြားခဲ့ပါတယ်။ ရိုက်ကူး ကျော်သူစိုး၊ ဝေယံစိုး

Dawei Watch TV / ထားဝယ်သံတံတားကြီး သင်္ကြန်လွန်မှ ဖြတ်သန်းခွင့်ရနိုင်

diz_admin

March 1, 2020

ထားဝယ်သံတံတားကြီးဟု လူသိများသော ထားဝယ်မြို့တွင်းကနေ ဘုမ္မော်၊ ကြက်စားပြင်ရပ်ကွက်တွေသွားတဲ့ သံတံတားကြီးဆောက်လုပ်နေတာ နှစ်လနီးပါးရှိနေပြီဖြစ်ပြီးဖြစပါတယ်။ ဒီတံတားဟာ ဧပြီလကုန်မှ ကွန်ကရစ်လောင်းမှာဖြစ်ပြီး ကွန်းကရစ်လောင်းပြီး ၂၈ ရက်အကြာ သင်္ကြန်လွန်မှ ဖြတ်သန်းခွင့်ရမည်ဖြစ်တယ်လို့ သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး တည်းဖြတ်နှင့်တင်ဆက် – မိုးမြင့် Dawei Watch TV

Dawei Watch TV / သိမ်းဆည်းမြေကိစ္စ တိုင်းအစိုးရနှင့်လယ်သမား သဘေားတူညီမူမရသေး

diz_admin

February 27, 2020

ထားဝယ်မြို့ဆန်းချီအနောက်တိုးချဲ့မြို့သစ်အတွက် သိမ်းဆည်မြေအတွက် လျှော်ကြေးငွေ ရယူခြင်းမရှိသေးသည့် လယ်သမားခြောက်ဦးနှင့် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီး ဦးမြင့်စန်းဦးဆောင်သော အဖွဲ့တို့ ညှိနိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မူမရသေးဘူးလို့ ယင်းဆွေးနွေးပွဲတက်ရောက်ခဲသည့် လယ်သမားအချို့ကပြောသည်။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုး Dawei Watch TV