BREAKING
September 19, 2024

ရုပ်သံ

ကိုဗစ်ရိုက်ချက်ထိ ဧည့်လမ်းညွှန်‌ ပလာတာ လုပ်ရောင်း

diz_admin

September 16, 2020

ကိုဗစ်ကပ်ဘေးက လူတန်းစားအလွှာစုံအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ဒီလိုသက်ရောက်မှုရှိတဲ့ထဲမှာ ခရီးသွားလုပ်ငန်းကတော့ အထိနာဆုံးလို့ဆိုရမှာပါ။ ကိုဗစ်ဖြစ်ပြီးနောက်မှာ ခရီးသွားလုပ်ငန်းက လုံးဝရပ်ဆိုင်းသွားခဲ့ရတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းရပ်ဆိုင်းသွားတဲ့အတွက် ဧည့်လမ်းညွှန်တွေဟာ အလုပ်လက်မဲ့တွေဖြစ်သွားရပါတယ်။ အခုချိန်မှာတော့ ဧည့်လမ်းညွှန်တွေက ဝမ်းရေးအတွက် နီးစပ်ရာ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရပါတယ်။ ဒေသဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ကိုတင်နိုင်တစ်ယောက်လည်း ကိုဗစ်ရိုက်ချက်ကြောင့် အခုဆိုရင် လမ်းဘေးမှာ ပလာတာလုပ်ရောင်းပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။ သူဘာကြောင့် ပလာတာလုပ်ရောင်းနေရတယ်ဆိုတဲ့အကြောင်းနဲ့ ဧည့်လမ်းညွှန်နဲ့ပတ်သက်လို့ ဘဝကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။ Dawei Watch TV

ထားဝယ်တွင် နှာခေါင်းစည်မတပ်သူများကို ကြပ်မတ်စစ်ဆေး

diz_admin

September 5, 2020

ထားဝယ်မြို့မှာ နှာခေါင်းစည်းမတပ်တဲ့ လမ်းသွား၊ လမ်းလာသူတွေကို ဌာနဆိုင်ရာတွေ စုပေါင်းပြီး ကြပ်မတ်စစ်ဆေးနေ ပါတယ်။ နှာခေါင်းစည်မပါလာတဲ့သူတွေကို ကျပ်ငါးထောင်နဲ့ညီမျှတဲ့ နှာခေါင်းစည်းတွေရောင်းချပေးပြီး တပ်ခိုင်းတာမျိုးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ Dawei Watch TV

ဓာတ်ပုံဖြင့် ခံစားချက်ကို ပုံဖော်ကြမယ်

diz_admin

September 2, 2020

ထားဝယ်အနုပညာရပ်ဝန်း( Dawei Art Space ) တွင်ပြသနေသည့် ဓာတ်ပုံပြပွဲတွင် အမျိုးသမီးများ၏ ဓမ္မတာအကြောင်းကိုရိုက်ကူထားသည့်ပုံများ၊ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ မိသားစုတစ်ခု၏ နှောင်းကြိုး၊ ရန်ကုန်မြို့၏ ပြောင်းလဲလာသော လူနေမူပုံစံ စသည့် အကြောင်းအရာများကို ရိုက်ကူထားသည့် ဓာတ်ပုံများကို ကြည်ရူခံစားနိုင်မည်ဖြစ်သည်။ ယင်းဓာတ်ပုံပြပွဲကို ရန်ကုန်အခြေစိုက် အမျိုးသမီးဓာတ်ပုံရိုက်ကူးသူများအဖွဲ့ “သူမ” ကို တည်ထောင်ခဲ့သူအမျိုးသမီး ဓာတ်ပုံဆရာမငါးဦး ရိုက်ကူထားသည့် ဓာတ်ပုံများကို ဩဂုတ်လ ၂၈ ရက်မှစပြီး သုံပတ်ဆက်တိုက် ပြသမည်ဖြစ်သည်။

မြေစာချောင်း

diz_admin

August 28, 2020

ထားဝယ်ဒေသက သတ္တုလုပ်ကွက် အချို့ဟာ စည်းမျဉ်းနဲ့ အညီ မလုပ်လို့ ဒေသခံတွေ အသုံးပြုနေတဲ့ ချောင်းရေတွေ ပျက်စီးသွားရပါတယ်။ အစိုးရကို သွားတိုင်တော့လည်း ဘာမှ အကြောင်း မထူးတော့ ကုမ္ပဏီအစိုးရ ဖြစ်သွားပြီလား လို့ မေးခွန်း ထုတ်နေကြပါတယ်။ တာကပေါလူငယ် အဖွဲ့ ၏ ပံ့ပိုးမှုဖြင့် Dawei Watch က တင်ဆက်သည်။

ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

diz_admin

August 25, 2020

ဒေသခံစားသောက်ဆိုင်ပိုင်ရှင်တွေကြားမှာ နွေရာသီကျရင် ဈေးရောင်းချခွင့်မရမှာကို စိုးရိမ်နေရတဲ့ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ဟာ ဘယ်ကုမ္ပဏီမှ မပိုင်ဘဲ အများပြည်သူပိုင်နေရာသာဖြစ်တယ်လို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပါတယ်။