BREAKING
September 19, 2024

ရုပ်သံ

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

diz_admin

September 17, 2020

အခုအခါ မြန်မာနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်မှုတွေ များပြားလာပါတယ်။ အဲဒီ ကူးစက်မှု ကွင်းဆက်ကို ဘယ်လို ဖြတ်မလဲ။ ဘယ်မှာနေတာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တဲ့နေရာမှာ ပါဝင်ကူညီနိုင်ပါတယ်။ အဲဒီအကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်လေးကို Dawei Watch က ဘာသာပြန်ဆို တင်ဆက်ထားပါတယ်။

နောင်မျိုးဆက်အတွက် ထိန်းသိမ်းခြင်း

diz_admin

September 16, 2020

ထားဝယ်ဒေသ ဘန်းချောင်း တစ်လျှောက် အခြေချနေထိုင်တဲ့ ကျေးရွာတိုင်းမှာ ငါးဘေးမဲ့အိုင်တွေ ရှိပါတယ်။ ဒီလိုမျိုး ဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင် စီမံတဲ့ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တွေဟာ အခုလိုမျိုး ကပ်ဘေး ကာလမှာ အရမ်းကို အရေးကြီးပါတယ်။ဘန်းချောင်းဘေးက ကျေးရွာတစ်ရွာမှာ ငါးဘေးမဲ့အိုင်ကို ထိန်းသိမ်းထားပုံကို တင်ဆက်ထားပါတယ်။

ရွေးကောက်ပွဲ ခြေရာ

diz_admin

September 16, 2020

ကိုဗစ်ကပ်ဘေး အကြား ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲ နီးလာပါပြီ။ ရေ၊ လေ၊ မြေ သယံဇာကို အဓိက အမှီပြု လုပ်ကိုင်စားသောက်တဲ့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ အဲဒီ သယံဇာတတွေကို ဘယ်လို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ မှီတည်နေပါတယ်။ မြန်မာ့ အဓိက ပြဿနာတွေကလည်း သယံဇာတတွေကို ဘယ်လို စီမံသလဲဆိုတဲ့ အပေါ်မှာ အခြေပြု ဖြစ်ပွားနေတာပါ။ ဒီတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒီအပေါ်မှာ ဘယ်လို ကိုင်တွယ်ကြမလဲ။ တနင်္သာရီတိုင်းထဲနဲ့ တိုင်းပြင်ပက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို Dawei Watch က စကားဝိုင်း ဆွေးနွေးမေးခွန်းထုတ်ပွဲတွေ ဆက်တိုက် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲ ကာလ တစ်လျှောက် ၁၀ ပတ် […]

တနင်္သာရီတိုင်းဒေသကြီးမှ မဲဆန္ဒနယ်များ

diz_admin

September 16, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့အတွက် မဲသုံးပြား ပေးရမည်ဖြစ်သည်။ ထိုလွှတ်တော် သုံးရပ်အတွက် လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ်များ ခွဲထားပုံကို ကြည့်ရှုနိုင်ပါသည်။