BREAKING
September 19, 2024

ရုပ်သံ

ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို ဖြစ်ပါတယ်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

တနင်္သာရီတိုင်းမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းမျာ

diz_admin

September 28, 2020

အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စားလှယ် ၁၂ ဦးစီနဲ့ ဖွဲ့စည်းထားပါတယ်။ လူဘယ်လောက်နည်းနည်း၊ များများ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းက ကိုယ်စားလှယ် ၁၂ ဦးစီရွေးရတာပါ။ ဒီ TV လေးမှာတော့ တနင်္သာရီတိုင်းထဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

diz_admin

September 25, 2020

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်ရုပ်မြင်သံကြားမှာထုတ်လွှင့်မယ့် မိန့်ခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တဲ့အပေါ် ထားဝယ်တိုင်းရင်းသားများပါတီက ဝေဖန်ပြောဆိုလိုက်ပါတယ်။ လျှပ်စစ်ဈေးနှုန်းတန်းတူရရှိရေးနဲ့ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်အချက်အပါအဝင် မိန့်ခွန်းပါအချက်ကို UEC က ဆင်ဆာဖြတ်ခဲ့တာပါ။ ဒီလိုဆင်ဆာဖြတ်ခဲ့တာက လွတ်လပ်ပြီးတရားမျှစွာ လုပ်ဆောင်မယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင် ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ဘယ်လိုဝေဖန်လိုက်တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

ထီးခီးလမ်း လျော်ကြေး ဝိရောဓိ

diz_admin

September 25, 2020

ထီးခီးလမ်းဟာ ထားဝယ်အထူးစီးပွားရေး ဇုန် နဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ချိတ်ဆက်ပေးထားတဲ့ လမ်းပါ။ အခု လမ်းကြမ်း အဆင့်ကနေ နှစ်လမ်းသွား အဖြစ် အဆင့်မြှင့်ဖို့ ရှိနေပါတယ်။ အဲဒီအတွက် ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေကို ဖြတ်သန်းဖောက်လုပ်ရမှာပါ။ သီးနှံနဲ့ ဥယျာဉ်ခြံလျော်ကြေး ပမာဏတွေ ထွက်လာပေမဲ့ အစိုးရကတော့ အတည်မဖြစ်သေးဘူး ပြောထားပါတယ်။ ဒေသခံတွေကလည်း အပေါ်ကကျလာတဲ့ လျော်ကြေး ဆိုရင် သိပ်သဘောမတွေ့ကြောင်း ပြောနေကြပါတယ်။ အဲဒီအကြောင်း ရုပ်သံကို Dawei Watch TV တင်ဆက်ထားပါတယ်။ 

ထားဝယ်ဂေါက်ကွင်း အစိုးရ ဘယ်လိုစီမံမလဲ

diz_admin

September 25, 2020

ဧက ၁၂၀ ရှိတယ်ဆိုတဲ့ ထားဝယ်ဂေါက်ကွင်းဟာ အစိုးရ စီမံမှု အောက်ကနေလွတ်နေတယ်ဆိုပြီး တိုင်းဒေသကြီး လွှတ်တော် ကော်မတီက ဝေဖန်လိုက်ပါတယ်။ ထားဝယ်ဂေါက်ကွင်းတာဝန်ရှိသူတွေ အဲဒါကို ဘယ်လိုပြန်လည် ပြောဆိုထားပါသလဲ။ သတင်းအသေးစိတ်ကို တင်ဆက်ထားပါတယ်။