BREAKING
September 16, 2024

ရုပ်သံ

ကိုဗစ်ကြောင့် မိုင်ငါးရာ စက်ဘီးစီးပြီး အိမ်ပြန်သူ

diz_admin

October 14, 2020

ကိုဗစ်ကပ်ဘေးအတွင်း အလုပ်လက်မဲ့ဖြစ်ပြီးတော့ ရန်ကုန်မှာ နေထိုင်ဖို့ခက်ခဲလာတဲ့ တနင်္သာတိုင်း ကျွန်းစုမြို့နယ်က လူငယ်တစ်ယောက် မိုင်းငါးရာကျော်ဝေးတဲ့ သူ့နေရပ်ကို စက်ဘီးတစ်စီး၊ ငွေတစ်သိန်းကျော်၊ ဖုန်းတစ်လုံး ဓာတ်မီးအသေးတစ်လုံး၊ အဝတ်ထုတ်တွေနဲ့ ပြန်လာခဲ့ပါတယ်။ ဓာတ်မီးက ညဘက် စက်ဘီးနင်းတဲ့အချိန်မှာ အသုံးပြုပြီးတော့ ဖုန်းတစ်လုံးကတော့ Google Map ( မြေပုံ) သုံးပြုဖို့အတွက်ဖြစ်ပါတယ်။

အွန်လိုင်းပေါ်ရောက်လာတဲ့ တရားစီရင်ရေး

diz_admin

October 13, 2020

ကိုဗစ်ကပ်ဘေးကြောင့် အွန်လိုင်းပေါ်ရောက်လာတဲ့ တရားစီရင်ရေး ကိုဗစ်ကပ်ဘေးက လူနေမှုပုံစံတွေကို အရင်နဲ့မတူအောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲခဲ့ရတဲ့ပုံစံတွေထဲမှာ တရားစီရင်ရေးမဏ္ဍိုင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တရားစီရင်ရေးကိစ္စရပ်တွေကို အရင်က တရားရုံးတွေမှာပဲ ဆောင်ရွက်ခဲ့ပေမယ့် အခုချိန်မှာတော့ အွန်လိုင်းပေါ်ကို ရောက်လာပါပြီ။ တရားသူကြီးတွေ အွန်လိုင်းအသုံးပြုပြီး ဘယ်လိုစီရင်ဆောင်ရွက်နေလဲဆိုတာ Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်ပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက်

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်တိုင်းရင်းသားများပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက် ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မဲ့ စောလူဘွေးဒို ဖြစ်ပါတယ်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

တနင်္သာရီတိုင်းမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းမျာ

diz_admin

September 28, 2020

အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စားလှယ် ၁၂ ဦးစီနဲ့ ဖွဲ့စည်းထားပါတယ်။ လူဘယ်လောက်နည်းနည်း၊ များများ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းက ကိုယ်စားလှယ် ၁၂ ဦးစီရွေးရတာပါ။ ဒီ TV လေးမှာတော့ တနင်္သာရီတိုင်းထဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။