စစ်အာဏာရှင် ဆန့်ကျင်ရေး ငါးရက်မြောက်နေ့
diz_admin
February 9, 2021ဒီနေ့ ထားဝယ် သပိတ်မှ ပညာရေးဝန်ထမ်း၊ ကျန်မာရေးဝန်ထမ်း၊ ဂီတအနုပညာရှင်များနှင့် LGBT အပြင် လူတန်းစားပေါင်းစုံ ပါဝင်လာကြပါတယ်။ အဲဒီအကြောင်းကို Dawei Watch က တင်ဆက်ထားပါတယ်။
ဒီနေ့ ထားဝယ် သပိတ်မှ ပညာရေးဝန်ထမ်း၊ ကျန်မာရေးဝန်ထမ်း၊ ဂီတအနုပညာရှင်များနှင့် LGBT အပြင် လူတန်းစားပေါင်းစုံ ပါဝင်လာကြပါတယ်။ အဲဒီအကြောင်းကို Dawei Watch က တင်ဆက်ထားပါတယ်။
Ocean of Dawei People protesting against the coup ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ရှေ့တွင် တွေ့မြင်ရသော သောင်းပေါင်းများစွာသော ဆန္ဒပြသူများကို Dawei Watch ရုပ်သံမှ မှတ်တမ်း တင်ထားပါသည်။
အာဏာသိမ်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်တွင် စတင်ပြုလုပ်ခဲ့သည်။ ဒေါင်းအလံအချို့ကိုင်ဆောင်ထားသူများအပါအဝင် လူဦးရေ ငါးဆယ်ခန့်က ထားဝယ်မြို့ ရှမ္မလည်ဆွဲ လမ်းဆုံမှ စတင်၍ အာဇာနည်လမ်း တစ်လျှောက် အထက (၃) အထိ အသွားအပြန် ချီတက်ဆန္ဒပြခဲ့ကြသည်။ အချိန် ၁၅ မိနစ်ခန့် ဆန္ဒပြပြီးနောက် လူစုခွဲလိုက်ကြသည်။
ကိုဗစ်ကပ်ဘေးထဲမှာ ရေလုပ်သားအချို့ဟာ အကြွေနွံထဲနစ်နေကြပါတယ်။ ရေထွက်ကုန်ဈေးတွေ ထိုးကျနေတာကြောင့် မိသားစုစားဝတ်ရေးအတွက် ရှာသမျှ မလုံလောက်ဖြစ်ပြီး အကြွေးတင်လာကြတာပါ။ အဲဒီအကြောင်းကို ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပသျှူးရေရွာက ရေလုပ်သာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။
“ဖေးမတွဲယှက် ဒို့ရွှေလက်” အွန်လိုင်းဖျော်ဖြေပွဲ အွန်လိုင်းဖျော်ဖြေပွဲကို ထားဝယ်မြို့နယ်၊ သဘင်အစည်းအရုံးဝင် သဘင်အနုပညာမောင်နှမတွေ ပူးပေါင်းတင်ဆက်ထားပါတဲ့ “ဖေးမတွဲယှက် ဒို့ရွှေလက်” အစီအစဉ်ဒုတိယအပိုင်းကို တင်ဆက်လိုက်ပါတယ်။
နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ထားဝယ်ကအိုးလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။ဒါကြောင့် အိုးလုပ်ငန်းကိုလုပ်ကိုင်နေသူအချို့ဟာ လုပ်ငန်းစွန့်ခွာတဲ့အထိ ဖြစ်လာနေပါတယ်။
ကိုဗစ်ကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပခွင့်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။ အလှူပွဲတွေ မကျင်းပနိုင်တာမို့ သင်္ကန်းပရိက္ခရာဈေးကွက်မှာ ထိခိုက်မှုတွေရှိလာပြီး ရောင်းအားတွေလည်း ကျဆင်းသွားပါတယ်။ သင်္ကန်းပရိက္ခရာရောင်းအား ကျဆင်းလာတာနဲ့ အလှူပွဲတွေ ဘာကြောင့် မကျင်းပနိုင်တာလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။