BREAKING
December 22, 2024

ရုပ်သံ

ကိုရိုနာကြောင့်အထိနာနေတဲ့စစ်ကိုင်းတိုင်းမှလုပ်ငန်းများ။

diz_admin

April 23, 2020

ဒီတစ်ပတ်မှာတော့ ကိုရိုနာဗိုင်းရပ်ကြောင့် မုံရွာမြို့မှာရှိတဲ့ ဝင်ငွေနည်းလုပ်သားတွေရဲ့ ရိုက်ခတ်မှုတွေကို ဒို့အသံက ရှာဖွေထားပါတယ်။ ဒီဆောင်းပါးမှာ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ပိတ်ထားရခြင်းတွေနဲ့အတူ ရှင်သန်ရုန်းကန်နေရတဲ့ မိသားစု အကြောင်းတွေကို တင်ဆက်ပေးမှာပါ။ ဒါ့အပြင် ဖျော်ဖြေမှုရပ်နားထားရတဲ့ ဇာတ်သဘင်က လောကသားတွေရဲ့ အခက်အခဲတွေကိုပါနားဆင်ရမှာပါ။

Dawei Watch TV/အစိုးရအဖွဲ့ရုံး ဝင်ထွက်ခွင့် ကန့်သတ်

diz_admin

April 2, 2020

တနင်္သာရီတိုင်းအစိုးရရုံးထဲကို ဝင်ခွင့်ကန့်သတ်လိုက်ပါပြီ။ အစိုးရအဖွဲ့ရုံးထဲပြည်သူတွေဝင်ထွက်ခွင့်ကို မတ်လ ၃၀ ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ။ကိုရိုနာရောဂါဂယက်ကြောင့် ကန့်သတ်လိုက်ရတာလို့ သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်မှာ ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့်မယ်

diz_admin

April 1, 2020

ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်ကို နိုင်ငံခြားက ပြန်လာတဲ့သူ ၁၄ ရက်ကြာနေရမဲ့ နေရာအဖြစ် ပြောင်းလိုက်တာပါ။ အဲဒီ နေရာမှာ ထိုင်းနိုင်ငံက ပြန်လာမယ့် ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့် မယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အဲဒီနေရာမှာ ထိုင်းနိုင်ငံက ပြန်လာသူ ၉ ဦးနဲ့ ဝန်ထမ်းတစ်ဦး နေထိုင်နေပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

Dawei Watch TV/မောင်းမကန်ကမ်းခြေ သွားခွင့်ပိတ်

diz_admin

March 31, 2020

ကမ်းခြေသွားခွင့် ပိတ်ထားတဲ့အတွက် မောင်းမကန်ကမ်းခြေမှာ လူသူရှင်းနေပြီး စားသောက်ဆိုင်အားလုံးလည်း ပိတ်ထားတာတွေ့ရပါတယ်။ တစ်ချိန်လုံး လူစည်နေတတ်တဲ့ မောင်းမကန်ကမ်းခြေဟာ အခုတော့လည်း အနားယူနေပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

Dawei Watch TV /ခရီးသည်တင်ကားဖြင့်ထားဝယ်ရောက်လာသည့် နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ရန်ကုန်ပြန်ပို့

diz_admin

March 30, 2020

ရန်ကုန်မြို့ကနေ ခရီးသည်တင်ကားနဲ့ ထားဝယ်ကို ရောက်လာတဲ့နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်နေတဲ့အတွက် သူနဲ့အတူလာတဲ့ အခြားနိုင်ငံခြားသားနှစ်ဦးနဲ့အတူ ရန်ကုန်ကိုချက်ချင်း ပြန်ပို့လိုက်ပါတယ်။ ဒီကားပေါ်မှာ ပါလာတဲ့ ပြည်တွင်းခရီးသည်တွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး နေအိမ်တွေကို ပြန်လွှတ်လိုက်ပါတယ်။ သတင်းနှင့်ရိုက်ကူးကိုဇော်Dawei Watch TV

Dawei Watch TV/ တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အမှု ရုံးချိန်း

diz_admin

March 21, 2020

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုလိုက်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ဒေါက်တာလဲ့လဲ့မော်က တရားရုံးမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

ရေသန့်ရဖို့ တိုက်ပွဲ၀င်ခြင်း

diz_admin

March 21, 2020

ရေရရှိပိုင်ခွင့်နဲ့ပတ်သက်ပြီး ပိုမိုတင်းမာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်အနီးမှာရှိတဲ့ ဆင်းရဲတဲ့လယ်သမားတွေရဲ့ ရေနဲ့ပတ်သက်တဲ့အခက်အခဲတွေကို ဒို့အသံရဲ့ ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာလို့ ကောက်ပဲသီးနှံအထွက်နှုန်း ကျလာ၊ မိုးခေါင်လာတာမို့ လယ်သမားတချို့ဟာ စားဝတ်နေရေးအတွက် သစ်တောတွေထဲက ကျွန်းသစ်တွေကို ခိုးယူခုတ်ဖြတ်တဲ့အတွက် အဖမ်းခံကြရပါတယ်။ လယ်သမားတွေက စိုက်ပျိုးရေရရှိဖို့ အစိုးရက ရေတွင်းတွေတူးပေးဖို့ လိုလားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာမှဖြစ်လာသေးပါဘူး။ ဒီဆောင်းပါးကို အပြည့်အစုံကို နားဆင်နိုင်ပါပြီ။