BREAKING
November 22, 2024

ရုပ်သံ

ထားဝယ်မှ ကိုဗစ်လူနာ၏ သားဖြစ်သူနှင့် ဆက်သွယ် မေးမြန်းခြင်း

diz_admin

May 19, 2020

ထားဝယ်မှ ကိုဗစ်လူနာ၏ သားဖြစ်သူနှင့် ဆက်သွယ် မေးမြန်းခြင်း ထားဝယ်မြို့မှ ကိုဗစ်လူနာနှင့် ပတ်သက်၍ အမျိုးမျိုးသော သတင်းများ ပျံ့နှံလျက်ရှိသည်။ စောင့်ကြည့်ရေး စခန်းဝင်နေသောလည်း အိမ်ပြန်လာသည်၊ မြို့တွင်းတွင် သွားသွားလာလ ရှိခဲ့သည် စသည့် သတင်းအမျိုးမျိုး ရေးသားပြောဆိုမှုများ ရှိသည်။ ယင်းနှင့် ပတ်သက်၍ လူနာ၏ သားဖြစ်သူနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါသည်။

Dawei Watch Tv/ကိုဗစ်ကြားက တိုင်းလွှတ်တော်

diz_admin

May 18, 2020

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ တနင်္သာရီတိုင်းမှာ ပထမဆုံး ကိုဗစ်လူနာစတွေ့တဲ့ နေ့ပါ။ တိုင်းဒေသကြီး လွှတ်တော်ကို ကိုဗစ်ကပ်ဘေးအကြား စတင်ကျင်းပနေတာပါ။ သတင်းနှင့်ရိုက်ကူး – ကျော်သူစိုးDawei Watch TV

Dawei Watch TV/ တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ

diz_admin

May 18, 2020

တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ သူဟာ တနင်္သာရီတိုင်းမှာ ပထမဆုံး တွေ့ရတဲ့ ကိုဗစ်လူနာပါ။ ဒါကြောင့် တနင်္သာရီတိုင်းကတော့ ဘဲဥကွဲသွားပါပြီ။ မလေးရှားက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုရိုနာရောဂါပိုး စတွေ့တာ ဖြစ်ပါတယ်။ သူဟာ ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ဇာတိဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ရှိပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

ကိုဗစ်ကာလ ညထွက်မိ အပြစ်ရှိသူများ

diz_admin

May 16, 2020

ညမထွက်ရဘူးဆိုပေမဲ့ အချို့ကတော့ ထွက်မိနေကြတုန်းပါပဲ။ တနင်္သာရီတိုင်းထဲမှာ ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၀ဝ ကျော်ကို အရေးယူခဲ့ပါတယ်။ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေကို တိုင်းထဲမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဧပြီလ တတိယအပတ်လောက်မှာ ထုတ်ပြန်ထားကြတာပါ။ အမိန့်ထုတ်ပြန်ပြီးချိန်ကနေ မေလ ၁၃ ရက်နေ့အထိ အမှုပေါင်း ၁၀၄ မှုကို အရေးယူခဲ့ပါတယ်။

Dawei Watch TV/ မြိတ် KTV ပြစ်ဒဏ် နဲ့ မကျေနပ်နိုင်ပါ၊ သို့သော် မာဆတ်ကတော့ လွတ်နေဆဲ

diz_admin

May 9, 2020

မြိတ် KTV ပြစ်ဒဏ် နဲ့ မကျေနပ်နိုင်ပါ၊ သို့သော် မာဆတ်ကတော့ လွတ်နေဆဲ မေလဆန်းက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အမိန့် ချိုးဖောက်ခဲ့တဲ့ KTV တစ်ခုကို မြိတ်မှာ ဖမ်းဆီး အရေးယူခဲ့ပါတယ်။ KTV ကို ဖမ်းနိုင်ပေမဲ့ မာဆတ်ကိုတော့ မဖမ်းနိုင်ဖြစ်ပါတယ်၊ ဘာကြောင့်ပါလဲ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ဆန်၊ ဆီ၊ ဆား အကြွေး မပြေသေးတဲ့ တနင်္သာရီ အစိုးရ

diz_admin

May 9, 2020

ကိုဗစ်ကပ်ဘေးကာလ ဧပြီလအတွင်းက လူထုကို ထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား အကြွေးတွေ အစိုးရက အပြေမဆပ်နိုင်သေးပါဘူး။ အဲဒီအကြောင်း အစိုးရအဖွဲ့က ပြန်ရှင်းခဲ့ပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/လူ့ကန့်လန့်၊ လူ့ဂွစာများ

diz_admin

May 9, 2020

ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာရေး ဆောင်ရွက်တဲ့ အခါမှာ တွေ့ရတဲ့ လူတွေ အကြောင်း ကို တနင်္သာရီအစိုးရအဖွဲ့က ရှင်းပြခဲ့ပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ကိုဗစ်ကာလ တနင်္သာရီအစိုးရ၏ လျှပ်စစ် ရင်ဖွင့်သံ

diz_admin

May 9, 2020

ကာလကြာရှည် မြုံနေတဲ့ တနင်္သာရီတိုင်းက လျှပ်စစ်အနာဟာ ကိုဗစ်ကပ်ဘေးကြားမှာ ပိုယောင်ကိုင်းလာပြီး လူတွေလည်း အသံပိုထွက်လာပါတယ်။ ပြည်ထောင်စု အစိုးရရဲ့ လျစ်လျှူရှုမှုအကြား တနင်္သာရီတိုင်းဒေသကြီး အစိုးရက စွမ်းသလောက် ကြိုးစားနေကြောင်း ထုတ်ပြောပါတယ်။ အဲဒီအကြောင်း တနင်္သာရီအစိုးရရဲ့ ရင်ဖွင့်သံကို တင်ဆက်ထားပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV