ကံပေါက်ဒေသရဲ့ ၁၀၉ ရက်မြောက်သပိတ်
diz_admin
May 27, 2021ရေဖြူမြို့နယ် ကံပေါက်ဒေသခံမှာ ၁၀၉ ရက်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မေလ ၂၇ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသခံမှာ ၁၀၉ ရက်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မေလ ၂၇ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
လောင်းလုံးမြို့နယ် ညင်းမော်ရွာသပိတ်စစ်ကြောင်းဟာ မေလ ၂၆ ရက် ညနေကနေ ဒီနေ့မနက်အထိ နေရာပေါင်းစုံ မှာ ပုံစံအမျိုးမျိုးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဘောလုံးကန်ရင်း၊ ဈေးရောင်းရင်းဆန္ဒပြခဲ့သလို လမ်းမပေါ်လည်း ချီတက်ဆန္ဒပြခဲ့တာပါ။
လောင်းလုံးမြို့နယ်ထဲက ကဒက်ကြီး၊ရေဖြူ၊ ဝေဒီ ကျေးရွာတွေမှာ မေလ ၂၆ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက မောင်းမကန်၊ကုန်းဇရပ်ကျေးရွာတွေမှာ မေလ ၂၇ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက လေးသွန်းခံ၊ကညုံကျွန်း၊ဂေါ့အင်း၊တီဇစ် ကျေးရွာတွေမှာ မေလ ၂၆ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းဟာ မေလ ၂၆ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက မောင်းမကန်၊ဝေဒီ၊ညင်းမော်၊စစ်ပြဲ စတဲ့ကျေးရွာတွေမှာ မေလ ၂၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေပြည်သူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။