ဆိုင်ကယ်သပိတ်
diz_admin
May 29, 2021ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်ကြောင်းတို့ဟာ မေလ ၂၉ ရက် မနက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်ကြောင်းတို့ဟာ မေလ ၂၉ ရက် မနက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ပါတယ်။
ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူများအား ရည်မှန်း၍ ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်တွင် မေလ ၂၈ ရက်ညက ဖယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြပါတယ်။ ဒါ့အပြင် ဝဲကျွန်း ရပ်ကွက်နေ ပြည်သူတွေကလည်း ကျဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဝတ်ရွတ်ဆုတောင်းခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရှိ ဝေဒီကျေးရွာတွင် မေလ ၂၈ ရက် နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းသည် မေလ ၂၈ ရက် အာရုံဦးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျဆုံးခဲ့ကြသောသူရဲကောင်းများအား အောက်မေ့သတိရသောအားဖြင့် လွမ်းသူ့ပန်းခွေ၊ ပန်းစည်းများနှင့် သွားရောက်အလေးပြုကာ စစ်ကြောင်းကို ချီတက်ခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြိုတယ်ထဲက ဂေါ့အင်း၊ အောက်ကျောက်ဝပ် စသည့်ကျေးရွာများသည် မေလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။
ထားဝယ်ခရိုင်အတွင်းရှိ လူငယ်များပူးပေါင်း၍ မေလ ၂၇ ရက်ညနေပိုင်းက လောင်းလုံးမြို့နယ်အတွင်းရှိ ကုန်းဇရပ်ဈေး၊သဗျာဈေး တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စည်းရုံးဟောပြောဆန္ဒပြခဲ့ကြသည်။
ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ မေလ ၂၆ ရက် နေလယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။
ထားဝယ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်စစ်တို့ဟာ မေလ ၂၇ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။