ထားဝယ်တောင်ပိုင်း ပန်းသပိတ်
diz_admin
June 19, 2021ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းဟာ ဇွန်လ ၁၉ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်
ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းဟာ ဇွန်လ ၁၉ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်များနှင့် ကဒတ်ကြီး၊ လေးသွန်းခံ၊ ညောပြင်၊ ဝေဒီ၊ ကုန်းဇရပ်၊ ပန်းဒလဲ စသည့်ကျေးရွာတွေဟာ ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှာမှုသပိတ်ကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ရေဖြူ၊ ညင်းမော် ၊စစ်ပြဲ၊ မဲမော် စတဲ့ ကျေးရွာတွေမှာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ ဂေါ့အင်း စတဲ့ကျေးရွာများဟာ ဇွန်လ ၁၇ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၁၈ ရက် နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်ပြဲ၊ ထိန်တွင်း ၊ဂေါ့အင်း စတဲ့ကျေးရွာများဟာ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ထဲက အောက်ရေဖြူ၊ကဒက်ငယ်ဆိပ်စတဲ့ကျေးရွာများတွင် ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းဟာ ဇွန်လ ၁၆ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ပါတယ်