လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး၊ မင်းရပ်ရွာသားတစ်ဦးကို ပစ်ခတ်ပြီး တစ်ဦးကိုဖမ်းဆီး
Dawei Watch
December 12, 2024လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး၊ မင်းရပ်ရွာသားတစ်ဦးကို ပစ်ခတ်ပြီး တစ်ဦးကိုဖမ်းဆီး
လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး၊ မင်းရပ်ရွာသားတစ်ဦးကို ပစ်ခတ်ပြီး တစ်ဦးကိုဖမ်းဆီး
ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ဘတ်အသစ် အမည်စာရင်း လျှောက်ထားနိုင်မည်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထားဝယ်မှာ စစ်ကောင်စီတပ်က ဖမ်းထားသူတစ်ဦးကိုပစ်သတ်၊ တချို့ပြန်လွတ်
ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ကို ပိုက်ဆံပေးပြီး မူးယစ်ဆေးရောင်းချ
တိုက်ပွဲတွေကြောင့် မြိတ် အိမ်ခြံမြေအရောင်းသွက်
လမ်ပီးနီးချန်ပီယံရွှေခါးပတ်လုပွဲမှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းကရင်စပ် လေဒီဘွိုင်း ပက်ချွန်းပူနဲ့ မြန်မာဖိုက်တာ ကာရီ တို့ ထိုးကြတဲ့ပွဲကို လူအများအပြား စိတ်ဝင်စားခဲ့ကြပါတယ်။ ပက်ချွန်းပူ က အနီထောင့်ကနေ ထိုးခဲ့ပြီး ကာရီ ကတော့ အပြာထောင့်က ထိုးခဲ့တာပါ။ ဒီပွဲမှာ သုံးချီပြည့်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရပြီး အမှတ်ပေးဒိုင်လူကြီးတွေက မြန်မာဖိုက်တာ ကာရီ ကို အနိင်ပေးလိုက်ပါတယ်။ သိန်းမင်းကို အနိုင်ရခဲ့တဲ့ ပက်ချွန်းပူ ဟာ ဒီပွဲမှာတော့ မြန်မာဖိုက်တာ ကာရီကို အရှုံးပေးသွားခဲ့ရပါတယ်။
၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုတွေ ထွက်လာတယ်။ မြန်မာကလည်း တကယ့်ကို ဇာတာပါပဲ။ ခြေစစ်ပွဲအုပ်စု မဲခွဲသူတွေဟာ မြန်မာကို တူရာတူရာ စုပေးလေသလားတောင် ထင်မှတ်ရပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားတော့လည်း ဂျပန်ကလွဲရင် မြန်မာ ရင်ဆိုင်ခဲ့ရတာက ဆီးရီးယားနဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတုန်းကတော့ ဆီးရီးယား ဟာ အာဆတ်ဒ်ရဲ့လက်အောက်မှာပါ။ အခုတော့ အနေအထားချင်း ယှဉ်လိုက်ရင် ဆီးရီးယားက သာသွားခဲ့ပါပြီ။ အာဆတ်ဒ် လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတော့ ဘိန်းစားချင်းအတူတူမှာ ဆီးရီးယားက တစ်လုံးပိုရှူခွင့် ရသွားတာပါပဲ။ အခုလည်း ၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုအဆင့်ကို မဲခွဲလိုက်တော့ မြန်မာက ဆီးရီးယားနဲ့ပဲ ပြန်ဆုံပါတယ်။ ထူးခြားတာက မြန်မာနဲ့ ဆီးရီးယားတို့ရဲ့အုပ်စုထဲကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ပါ တွဲထည့်ပေးလိုက်တာပါပဲ။