BREAKING
November 28, 2024

ရုပ်သံ

အဆုံးစီရင်လိုစိတ်ကို ဖြတ်ကျော်ခြင်း

diz_admin

February 25, 2023

အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကလည်း နေရာအနှံ့ ဖြစ်ပေါ်နေပြီး တစ်တိုင်းပြည်လုံး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါပြီ။ အကျပ်အတည်းတွေ မျှော်လင့်ချက်မဲ့မှုတွေ ပဋိပက္ခတွေကြားမှာ စိတ်ထွက်ပေါက်မဲ့နေတဲ့ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ အချို့ကတော့ သတ်သေခြင်းသာ ထွက်ပေါက်လို့ ယူဆတဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဒါတွေကို ဘယ်လိုဖြတ်ကျော်ကြမှာပါလဲ။

ခရာဘောင်းဖလား ချန်ပီယံအဖြစ် အောင်ပွဲခံမှာက မန်ယူလား…နယူးကာဆယ်လား?

diz_admin

February 24, 2023

ဖေဖော်ဝါရီလ ၂၆ ရက်နေ့(တနင်္ဂနွေနေ့)ရဲ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ခရာဘောင်းဖလားဗိုလ်လုပွဲကြီးကို ဝင်ဘလေဘောလုံးကွင်းကြီးထဲ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ထိပ်တိုက်ဆုံတွေ့နေတာက မန်ယူနဲ့ နယူးကာဆယ် ပါပဲ။ ဒီနှစ်သင်းလုံးဟာ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်တွေနဲ့ ချီတက်နေကြတာဖြစ်လို့ ဘယ်အသင်းက ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ မန်ယူက လက်ရှိမှာ စွမ်းဆောင်ရည် မြင့်တက်နေပြီး နယူးကာဆယ်ကတော့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကျဆင်းလို့နေပါတယ်။ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားရဲ့ကျောထောက်နောက်ခံပြုမှုကို ရရှိထားတဲ့ နယူးကာဆယ်ကလည်း ဆုဖလားတစ်လုံး ရယူပြချင်စိတ် ပြင်းထန်နေသလို မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ကလည်း သူရောက်လာတာနဲ့ အသင်းက ဆုဖလားလမ်းကြောင်းထက်ဆီ ပြန်ရောက်သွားတယ်ဆိုတာမျိုးကို လုပ်ပြချင်နေပါတယ်။ ၁၉၉၉ ခုနှစ်မှာ မန်ယူအသင်း ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့စဉ်က ဒီနှစ်သင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ရဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အခုပြိုင်ပွဲကိုရောက်မှပဲ ဆုဖလားတစ်လုံးရဲ့ဗိုလ်လုပွဲအဆင့်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ […]

ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ

diz_admin

February 24, 2023

ဘောလုံးပွဲတွေကို ငေးကြည့်ပြီး ယူတတ်မယ်ဆိုရင် ဆင်ခြင်စရာ၊ တွေးဆစရာတွေ အများအပြားကို ရရှိနိုင်ပါတယ်။ ဒီဘက် မော်ဒန်ခေတ် ဘောလုံးလောကထဲမှာဆိုရင် ဘောလုံးပွဲတွေဆီက သင်ယူချင်စရာ တရားသံဝေဂတွေက များမှများပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ လူတွေရဲ့မေ့လွယ်ပျောက်လွယ်စိတ်အကြောင်းကို ပြောပြချင်လာမိပါတယ်။ တစ်ချိန်တုန်းက အာဆင်နယ်အသင်း ကျရှုံးတာနဲ့ ခရွန်ကီကို ဆန္ဒပြဖို့၊ ရင့်ရင့်သီးသီး အော်ဟစ်ဆဲဆိုဖို့ အသင့်ဖြစ်နေကြသူတွေဟာ အခုတော့လည်း ဆင်ပျံကြီး၊ ဆင်ပျံကြီးလို့ အော်ရင်း အခြားသောကမ္ဘာတစ်ခုမှာ သာယာနေကြပါပြီ။ တစ်ခါတုန်းက “စီရော်နယ်ဒို ပြန်ရောက်လာပြီကွ”လို့ လက်ခမောင်းခတ်ခဲ့ကြသူတွေဟာလည်း ဒီနေ့ဒီအချိန်မှာတော့ “ရတ်ရှ်ဖို့ဒ်၊ ရတ်ရှ်ဖို့ဒ်”လို့ ကြွေးကြော်ရင်း စီရော်နယ်ဒိုရဲ့လောင်းရိပ်ကြီးရှိနေခဲ့လို့ ရတ်ရှ်ဖို့ဒ်က ပါရမီရှိပါလျက်နဲ့ အစွမ်းမပြနိုင်ခဲ့တာလို့ ဆွေးနွေးခန်းဖွင့်နေကြပါပြီ။ လူ့သဘော လူ့မနောဆိုတာ အဲ့ဒီလို ဆန်းကြယ်ထွေပြားလှပါတယ်။ ဒါကြောင့်လည်း ဒီခေါင်းစဉ်ကို ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ […]