BREAKING
April 24, 2025

ရုပ်သံသတင်း

ကညုံရပ်ကွက်မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

diz_admin

November 1, 2022

ထားဝယ်မြို့‌ပေါ် ကညုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာ ၁) ညနေပိုင်းက နေအိမ်တစ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယင်း မီးလောင်မှုကြောင့် အသက် ၇၆ နှစ်အရွယ်ရှိ ဒေါ်သိန်းဆိုသည့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားအမျိုးသမီးသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ “ကျွန်တော်တို့ကို ဖုန်းဆက်တဲ့အချိန်ဆို သုံးနာရီကျော်လောက်ရှိပြီ ဆယ့် ငါးမီနစ်လောက်တော့ ရှိမယ် ငြိမ်းသတ်ရတာ”ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကိုမူ သီးခြားအတည်မပြုနိုင် သေးပေ။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေအိမ်ကို ဇမ္ဗူသီရိအဖွဲ့မှ မီးသတ်ယာဉ်ငယ်များနှင့် ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ညနေ လေးနာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာအလှ

diz_admin

October 26, 2022

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှုများပြားသည့် မောင်းမကန်ကမ်းခြေမှာ ရေလှိုင်းသံများသာ လွှမ်းမိုးနေပြီး အပန်းဖြေလာရောက်သူတို့ ကင်းမဲ့နေသည်။ ခရီးသွားများကြောင့် ပလပ်စတစ်အမှိုက်များဖြင့် ပျက်စီးစပြုနေခဲ့သော ကမ်းခြေမှာ ယခုတွင်တော့ သဘာဝအတိုင်းပြန်လည် လှပနေပြီဖြစ်သည်။ ယင်းကြောင့် မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာ အလှကိုတင်ဆက် လိုက်ရပါသည်။

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုပြီ

diz_admin

March 31, 2022

တောရိုင်းတိရစ္ဆာန်တွေကို လွယ်လွယ်ကူကူရောင်းဝယ်နေမှုတွေ မတားဆီးနိုင်ရင် မြန်မာ့တောတောင်၊ ရေမြေ၊ ကောင်းကင်မှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ်။ လူနဲ့တိရစ္ဆာန်အကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်မယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုနေပါပြီ။

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။   ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

နှစ်သစ်ကိုလည်းကြိုမယ်၊ ဖက်ဆစ်ကိုလည်းဖြိုမယ်

diz_admin

January 1, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးညတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပါသည်။

မီးသဂြိုဟ်စည်းကမ်း ဖြေလျော့လိုက်တဲ့ ထားဝယ်

diz_admin

December 23, 2021

ထားဝယ်သုသာန်မှာ အလောင်းမီးသဂြိုဟ်ချိန် ကန့်သတ်ချက်တွေ ဖြေလျော့လိုက်ပါပြီ။ အရင်ကဆိုရင် သုသာန်မှာ သရဏဂုံတင်ခွင့်မပြုတာ၊ အရိုးကောက်ခွင့်မပြုတာ စတဲ့ အချက်တွေကိုကန့်သတ်ထားတာပါ။ အလောင်းမီးသဂြိုဟ်ချိန်မှာ ဘယ်လိုအချက်တွေ ဖြေ‌လျှော့လိုက်လဲဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။

မိသားစု ဝမ်းရေးတိုက်ပွဲ

diz_admin

December 16, 2021

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျပ်ငွေဈေးကျပြီး အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်။ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာတဲ့အတွက် လူတန်းစားအလွှာစုံက ပြည်သူတွေ အခက်တွေ့ကြရ ပါတယ်။ ကိုဗစ်ကပ်ဘေးစဖြစ်ကတည်းက စားဝတ်နေရေးအခက်ကြုံနေရတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပိုမိုထိခိုက်ခံစားကြရတယ်လို့ ဆိုရမှာပါ။ အခြေခံလူတန်းစားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို Dawei Watch က တင်ဆက်ထားပါတယ်။

၀မ်းရေးခက်တဲ့ သဘင်သည်တို့ဘဝ

diz_admin

December 15, 2021

ပရိသတ်တွေကို ရယ်တစ်လှည့် ငိုတစ်ခါ အသုံးတော်ခံလေ့ရှိတဲ့ ဇာတ်သဘင်သည်တွေဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် အခက်ခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်ကတည်းက ဇာတ်ကခွင့်မရတော့တဲ့ သူတို့တစ်တွေဟာ ရရာအလုပ်လုပ်ရင်း ဝမ်းစာရေးအတွက် ရုန်းကန်ခဲ့ကြရပါတယ်။ အခုဆိုရင် ဝမ်းစာရေးအပြင် ကျောတစ်ခင်းစာ နေစရာအတွက်ပါ စိတ်ပူပန်နေရပါတယ်။ ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်း ဂယက်တွေအကြား သဘင်သည်တွေ ဘယ်လိုရှင်သန်ရုန်းကန်နေရတယ်ဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။