BREAKING
April 24, 2025

ရုပ်သံသတင်း

စပါးဖျက်မိုး

diz_admin

November 20, 2022

စပါးစျေးက သိပ်မကောင်းရတဲ့ အထဲ အချိန်အခါမဟုတ် ရွာလိုက်တဲ့မိုးကြောင့် လယ်သမားတွေ အခက်အခဲများစွာ ကြုံကြရပြန်ပြီ။ သူတို့ ဘာအခက်အခဲတွေ ကြုံနေကြလဲဆိုတာ တင်ဆက်ထားပါတယ်။

ထားဝယ်လယ်ကွင်းထဲ ထိုးဆင်းသွားတဲ့ စစ်ကောင်စီလေယာဉ်

diz_admin

November 19, 2022

အချို့နိုင်ငံတွေမှာ ပြတိုက်ပို့လိုက်ပြီဖြစ်တဲ့ PT6 အမျိုးအစား ပန်ကာတပ် လေယာဉ်တွေကို လေ့ကျင့်ရေးလေယာဉ်အဖြစ် ဆက်သုံးနေတာဖြစ်ပြီး မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းကို အသွားမှာ လယ်ကွင်းထဲ ရောက်သွားတာဖြစ်ပါတယ်။

ထောင်ဒဏ်နှစ် ၃၀ ကို လ ၃၀ နီးပါးနဲ့ ပြန်လွတ်လာတဲ့ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်

diz_admin

November 17, 2022

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး လ‌ပေါင်း ၃၀ နီးပါးအကြာမှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

မြိတ်က ငါးအမှုန့်ကြိတ်စက်ရုံကန်ထဲမှာ လူ ၃ ယောက်သေဆုံးသွားတဲ့ ဖြစ်ရပ်

diz_admin

November 14, 2022

မြိတ်မြို့က ငါးအမှုန့်ကြိတ်စက်ရုံကန်ထဲမှာ လူ အချို့မူးလဲကျပြီး ၃ ယောက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ငါးကန်အတွင်းမှာ ဆင်းပြီးသန့်ရှင်းရေး လုပ်ရာကနေ လဲကျသေဆုံး ကုန်တာပါ။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

ဘန်ကောက်မှာ အသတ်ခံခဲ့ရတဲ့ ကော့သောင်းသူလေး

diz_admin

November 13, 2022

ဘန်ကောက်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ကော့သောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါတယ်။ သူ့မအခန်းအနီးမှာနေတဲ့ အခန်းက မြန်မာအမျိုးသား တစ်ဦးက သူ့ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

ထိုင်းကုမ္ပဏီကြောင့် ကွမ်းခြံ ၁၃ ဧက ပျက်စီးမှုအတွက် လျော်ကြေး ကျပ်သိန်းရာဂဏန်းသာ ရရှိ

diz_admin

November 11, 2022

ထိုင်းသတ္တုတွင်းကုမ္ပဏီကြောင့် ကွမ်းခြံပျက်စီးသွားတဲ့အတွက် လျော်ကြေးရလိုကြောင်း တရားစွဲဆိုခဲ့မှုမှာ သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေးပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချမှတ် လိုက်ပါတယ်။ဒါကြောင့် ဒေသခံတိုင်းရင်းသား ကွမ်းခြံပိုင်ရှင်ဟာ ပျက်စီးသွားတဲ့ ကွမ်းခြံ ၁၃ ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်းရာဂဏန်းသာ ရရှိတာဖြစ်ပါတယ်။

ကညုံရပ်ကွက်မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

diz_admin

November 1, 2022

ထားဝယ်မြို့‌ပေါ် ကညုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာ ၁) ညနေပိုင်းက နေအိမ်တစ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယင်း မီးလောင်မှုကြောင့် အသက် ၇၆ နှစ်အရွယ်ရှိ ဒေါ်သိန်းဆိုသည့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားအမျိုးသမီးသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ “ကျွန်တော်တို့ကို ဖုန်းဆက်တဲ့အချိန်ဆို သုံးနာရီကျော်လောက်ရှိပြီ ဆယ့် ငါးမီနစ်လောက်တော့ ရှိမယ် ငြိမ်းသတ်ရတာ”ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကိုမူ သီးခြားအတည်မပြုနိုင် သေးပေ။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေအိမ်ကို ဇမ္ဗူသီရိအဖွဲ့မှ မီးသတ်ယာဉ်ငယ်များနှင့် ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ညနေ လေးနာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာအလှ

diz_admin

October 26, 2022

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှုများပြားသည့် မောင်းမကန်ကမ်းခြေမှာ ရေလှိုင်းသံများသာ လွှမ်းမိုးနေပြီး အပန်းဖြေလာရောက်သူတို့ ကင်းမဲ့နေသည်။ ခရီးသွားများကြောင့် ပလပ်စတစ်အမှိုက်များဖြင့် ပျက်စီးစပြုနေခဲ့သော ကမ်းခြေမှာ ယခုတွင်တော့ သဘာဝအတိုင်းပြန်လည် လှပနေပြီဖြစ်သည်။ ယင်းကြောင့် မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာ အလှကိုတင်ဆက် လိုက်ရပါသည်။