ဥတုဒဏ်သင့် လယ်သမား
diz_admin
December 10, 2022အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ
အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ
ဆောင်းအဝင်ဖြစ်ပေမယ့် မိုးကာလလို နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ မကြာခဏ မိုးသည်းထန်စွာ ရက်ရှည် ရွာတာတွေကြောင့် ဆားလုပ်တောင်သူတွေ အခက်အခဲ အကြီးအကျယ် ကြုံနေကြရပါတယ်။ ရေငန်မွေးလိုက် မိုးဖျက်လိုက်၊ ရေငန်မွေးလိုက် မိုးဖျက်လိုက်နဲ့ အစကနေ ပြန်ပြန်လုပ်နေရတာကြောင့် လုပ်ငန်းကြန့်ကြာသလို အလုပ်သမား စရိတ်တွေလည်း ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့က မြန်မာ့စီးပွားရေးဘဏ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဝတ်စုံဝတ်ဆင်ထားတဲ့ လူရှစ်ဦးက ဆိုင်ကယ်လေးစီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဖမ်းဆီးနိုင်ဖို့ တရုတ်အာဏာပိုင်တွေက ဘယ်လိုနည်းပညာတွေ သုံးထားသလဲဆိုတာ နားဆင်နိုင်ပါပြီ။ ဒီအကြောင်းကို The New York Times ကဆောင်းပါးရေးသားဖော်ပြခဲ့ပြီး Connect Burma က ဘာသာပြန်ဆိုခဲ့ပါတယ်။ Connect Burma ရဲ့ ခွင့်ပြုချက်နဲ့ Dawei Watch က ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
အော့မေ့ဖွယ် ထားဝယ်(We Miss Dawei)ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ (နိုဝင်ဘာ ၂၈) ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းဂယက်ကြား ရပ်ရွာကို မပြန်နိုင်တဲ့ အခြေအနေမှာ အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။ အဲဒီပွဲမှာ ထားဝယ်အစားအသောက်တွေ ရောင်းချတာ၊ ထားဝယ်ရိုးရာအကတွေနဲ့ ဖျော်ဖြေတာအပြင် စကားဝိုင်းဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ယခင်က ထားဝယ်မြို့မှာ We Love Dawei ပွဲစီစဉ်ကျင်းပခဲ့ဖူးတဲ့ အဖွဲ့တွေက ဦးစီးပြုလုပ်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသားတွေ၊ မြန်မာတွေနဲ့ ထိုင်းပြည်သူ အချို့လည်း ဆင်နွှဲခဲ့ပါတယ်။
စပါးစျေးက သိပ်မကောင်းရတဲ့ အထဲ အချိန်အခါမဟုတ် ရွာလိုက်တဲ့မိုးကြောင့် လယ်သမားတွေ အခက်အခဲများစွာ ကြုံကြရပြန်ပြီ။ သူတို့ ဘာအခက်အခဲတွေ ကြုံနေကြလဲဆိုတာ တင်ဆက်ထားပါတယ်။
အချို့နိုင်ငံတွေမှာ ပြတိုက်ပို့လိုက်ပြီဖြစ်တဲ့ PT6 အမျိုးအစား ပန်ကာတပ် လေယာဉ်တွေကို လေ့ကျင့်ရေးလေယာဉ်အဖြစ် ဆက်သုံးနေတာဖြစ်ပြီး မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းကို အသွားမှာ လယ်ကွင်းထဲ ရောက်သွားတာဖြစ်ပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး လပေါင်း ၃၀ နီးပါးအကြာမှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။