BREAKING
January 7, 2025

ရုပ်သံသတင်း

၅ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စာရေး စာဖတ်ခိုင်းတာ လုပ်သင့်လား

Dawei Watch

September 22, 2023

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ စာသင်ကျောင်းတွေ ရာနှုန်းပြည့်မဖွင့်နိုင်တော့ပါဘူး။ မူကြိုကျောင်း အားလုံးနီးပါးလည်း ပိတ်ထားကြရတာပါ။ မူကြိုအရွယ်ဖြစ်တဲ့ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးတွေဟာ ကိုယ့်ရွာမှာကိုယ် ကျူရှင်တက်နေကြပါတယ်။ အသက် ၅ နှစ်မပြည့်သေးပေမယ့် စာရေးတာ၊ စာဖတ်တာတွေလုပ်နေကြပါတယ်။ ၅ နှစ်မပြည့်သေးခင် စာရေး၊ စာဖတ်တာ လုပ်သင့်သလား။ ဘယ်လိုဆိုးကျိုးတွေရှိသလဲ။ မိဘတွေအနေနဲ့ လုပ်ပေးရမယ့်အရာတွေက ဘာတွေလဲ။ ဒီအ​ကြောင်း​တွေကို ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆရာမ တစ်ဦးဖြစ်တဲ့ ဒေါ်ဇာလီ က​ပြောပြသွားမှာဖြစ်ပါတယ်။

နေအိမ်ကနေ ၇ မိုင်ကျော်အကွာ တောထဲမှာ ပြန်ရှာတွေ့တဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ်

Dawei Watch

September 9, 2023

အသက်တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး လူသူမနီးတောကြီးထဲမှာ ညအချိန်ဘယ်လို နေထိုင်ခဲ့လည်းဆိုတာ ဒေသခံတွေက အံ့ဩနေကြပါတယ်။

ရက် ၂၀၀ ကျော်လာသော်လည်း ဆိုင်ကယ်စီးခွင့် မရသေးတဲ့ ကံပေါက်

Dawei Watch

August 26, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားတာ အခုဆိုရင် ရက်ပေါင်း ၂၀၀ ကျော်သွားပါပြီ။ ဆိုင်ကယ်စီးတဲ့အတွက် ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ဆိုင်ကယ်စီးခွင့် မရတဲ့ ဒေသခံတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး ဘယ်အချိန်မှ ဆိုင်ကယ်စီးခွင့် ပြန်ပေးမယ်ဆိုတာ မသိကြရသေးပါဘူး။

ပိုမိုခက်ခဲ ကျပ်တည်းလာတဲ့ စစ်ဘေးသင့်သူများ

Dawei Watch

August 24, 2023

စစ်ဘေးရှောင် လုံးဝမရှိခဲ့တဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ တစ်လထက်တစ်လ ပိုမိုများပြားလာနေပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေကြ သူတွေမှာလည်း အခက်အခဲ အကျပ်အတည်းမျိုးစုံကို ဖြတ်ကျော်နေရပါတယ်။ စစ်ဘေးရှောင်တွေ ဘာတွေကြုံတွေ့နေရပြီး ဘယ်လိုအကူအညီတွေ လိုအပ်နေတယ်ဆိုတာကို အခုဆောင်းပါးမှာ နားဆင်နိုင်ပါပြီ။

ရက် ၉၀၀ ကျော်ကို မျှော်ကြည့်ခြင်း

Dawei Watch

August 19, 2023

အာဏာသိမ်းပြီး ရက် ၉၀၀ ကျော်လာချိန်မှာတော့ မြန်မာကျပ်ငွေ တန်ဖိုးက အလွန်အမင်းထိုးကျသွားပြီး ရွှေနဲ့ ဘတ်စျေးတွေလည်း ခုန်တက်သွားပါတော့တယ်။ ကျွမ်းကျင်သူတွေကတော့ လူထုကကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းနေတာကြောင့် ရွှေစျေးက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေမှာဖြစ်သလို ဘတ်စျေးကလည်း ယခုစျေးကနေ ပြန်ကျဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

ပဋိပက္ခတွေအကြား ခေါင်းထောင်လာတဲ့ သွေးလွန်တုပ်ကွေး

Dawei Watch

August 12, 2023

စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီနှစ်မှာသွေးလွန်တုပ်ကွေး ဖြစ်ပွားတာ လျော့လာတယ်လို့ ပြောနေပေမဲ့ တနင်္သာရီတိုင်းထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး ‌ကလေးတွေ သေဆုံးတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေတွေနဲ့ ကိုယ့်ရင်သွေးတွေ အသက်မဆုံးရှုံးစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမယ် ဆိုတာတွေကို ဒီဆောင်းပါးမှာ နားဆင်ကြရမှာပါ။ (ကာယကံရှင်များ၏ ဆန္ဒအရ အင်တာဗျူးအချို့တွင် မူရင်းအသံကိုဖော်ပြခြင်းမရှိဘဲ အသံအစားထိုးဖတ်ရှုထားပါသည်)

ဟောလိဝုဒ်အစ မီဒီယာအလယ် အပြာလောကအဆုံး AI စိန်ခေါ်မှုကို ရင်ဆိုင်နေကြရပြီ

Dawei Watch

July 24, 2023

AI။ အခုရက်ပိုင်းတွေအတွင်း လူပြောအရမ်းများလာတဲ့ စကားလုံးတစ်ခုဆိုရင် မှတ်ဉာဏ်တု AI ပါပဲ။ အစောပိုင်းက AI ဟာ တွေးတောတာ၊ အချက်အလက် စိစစ်တာ၊ မေးခွန်းတွေ အပြန်အလှန်ဖြေကြားပေးတာ၊ ဒီဇိုင်းရေးဆွဲတာ အစရှိတဲ့ကဏ္ဍတွေဆီ ခြေလှမ်းသွက်သွက် လှမ်းနေပေမယ့် လူသားတွေရဲ့လုပ်ငန်းတွေကို စိန်ခေါ်တာမျိုး မရှိခဲ့ပါဘူး။ အခုတော့ လူသားတွေရဲ့လုပ်ငန်းတွေထဲ AI ဝင်ရောက်လာလို့ လူသားတွေ အခက်တွေ့နေရပါပြီ။ AI ကြောင့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေရှိတဲ့ လူသားတွေဟာ AI အသုံးပြုမှုကို ဆန္ဒပြ ကန့်ကွက်နေပြီပဲဖြစ်ပါတယ်။ ဟောလိဝုဒ်ရပ်ဝန်းထဲက AI ကန့်ကွက်ဆန္ဒပြပွဲမှာ နာမည်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန်တို့တောင် ပူးပေါင်းပါဝင်ပေးနေသလို တချို့က ရိုက်လက်စ ရုပ်ရှင်ရိုက်ကွင်းတွေကို အကုန်ရပ်နားပြီး ဆန္ဒပြပွဲကို အရှိန်အဟုန် မြှင့်တင်ထားပါတယ်။ တကယ်တော့ AI ဟာ ဟောလိဝုဒ်တင် မကပါဘူး။ […]

ထားဝယ်မြို့တော်ခန်းမနဲ့ ဗထူးပန်းခြံကို ဖျက်ဖို့စီစဥ်​နေတာလား

Dawei Watch

July 7, 2023

ထားဝယ်မြို့မှာ မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်​နေပါတယ်။ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်အသုံးပြုပြီး လက်ရှိ မြို့တော်ခန်းမနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗထူးပန်းခြံနေရာမှာ ​ဆောက်လုပ်​နေတာပါ။ ဒါဟာ ထားဝယ်မြို့တော်ခန်းမနဲ့ ဗထူးပန်းခြံကို ဖျက်ဖို့စီစဥ်​နေတာဖြစ်နိုင်ပါသလား။