BREAKING
January 4, 2025

ရုပ်သံသတင်း

မီးလောင်ပြင်က ဘဝခါးခါး

Dawei Watch

February 21, 2024

စစ်ကောင်စီက ၂ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ လောင်းလုံးမြို့နယ် ညောပြင်ရွာက ဒေသခံတွေဟာ အကာမရှိတဲ့ တာလပတ်အမိုးလေးတွေအောက်မှာ နေထိုင်နေကြရတာပါ။ နေရေးအခက်ခဲသာမက စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ မီးဘေးသင့်သူတွေအတွက် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုတာကတော့ ထည့်ပြီးတောင် စဉ်းစားမနေနိုင်ပါဘူး။ သူတို့ဘာတွေ ကြုံတွေ့နေရသလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ဂေဟာမှာ ခိုလှုံနေရတဲ့ MoU တရားဝင် မြန်မာလုပ်သားတွေ

Dawei Watch

February 1, 2024

အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်တွေကြောင့် ရုန်းကန်နေရတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ထိုင်းမှာ တရားဝင် အလုပ် လာလုပ်ကြပေမယ့် အေဂျင်စီတွေ တာဝန်မဲ့တာ၊ မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းတာတွေကြောင့် မြန်မာလုပ်သား တွေဟာ အလုပ်လက်မဲ့ဖြစ်နေရတာ၊ လုပ်အားခ မရတာတွေကြောင့် နေထိုင်စားသောက်ဖို့တောင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

စော်ဖျားစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့

Dawei Watch

January 31, 2024

စစ်ကောင်စီတပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားတဲ့ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းမှာ အင်အားဆယ်ဂဏန်းရှိတဲ့ စစ်ကောင်စီတပ်သားတွေက စခန်းကိုစွန့်ခွာသွားတာပါ။ ဒီအ​ကြောင်းကို တင်ဆက်​ပေးလိုက်ပါတယ်။

ဘန်ကောက် ကူးတို့လှေငယ်ပေါ်က ရငဲသားရဲ့ အိမ်မက်တစ်ခု

Dawei Watch

January 29, 2024

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရငဲကျေးရွာမှာ နေထိုင်တဲ့ အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး။ ၇ တန်း အထိကျောင်းနေဖူးပြီး ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ပညာရေး ၊ဇာတိ ၊သူငယ်ချင်းတွေကိုစွန့်ခွါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာသူ။ ဒီလိုနေရာမှာ ရှင်သန်နေထိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားနေရသလဲ။ သူ့ဘဝရည်မှန်းချက်က ဘာလဲ။

ဘန်ကောက်က ထားဝယ်တွေရဲ့ အော်တကွန်စျေး

Dawei Watch

January 27, 2024

ဘန်ကောက်ရောက် ထားဝယ်တွေ ကြား အော်တကွန်စျေးဟာ လူသိများပါတယ်။ အလုပ်လုပ်ရာ နေရာဖြစ်သလို၊ ရိုးရာအစားအစာ၊ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်တွေ စုဆုံရာနေရာလည်း ဖြစ်ပါတယ်။

ထန်းမြူးချိန်

Dawei Watch

January 24, 2024

ထန်းသမားတွေ ဝင်ငွေရွှင်တဲ့ နွေဦးရာသီရောက်လာပြီ။ ထားဝယ်မြို့မှာတော့ ထန်းရည်သောက်ချင်ရင် လမ်းမသစ်ကို ပြေးမြင်တတ်ကြပါတယ်။ အာဏာသိမ်းဂယက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်မြေနဲ့ ဝေးကွာနေသူတွေကတော့ ဒေသထွက်ထန်းရည်ကို လွမ်းနေမှာ အသေအချာပါပဲ။

အသဲနာ ကမ္ဘာမကြေ သီချင်းကိုဆိုခဲ့ပြီး နွေဦးတော်လှန်ရေးအတွက်လည်း အသဲနာပေးခဲ့သူ ဂန္ထဝင် မာမာအေး

Dawei Watch

January 9, 2024

မြန်မာ့ဂီတလောကရဲ့ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်မာမာအေး ကွယ်လွန်သွားခဲ့လေပြီ။ မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက် မနက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးဟာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုစံတော်ချိန်အရ ဇန်နဝါရီလ ၈ ရက် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်(မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက်၊ မနက် ၅ နာရီ ၅၈ မိနစ်)မှာ ဒေါ်မာမာအေးက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒေါ်မာမာအေးရဲ့ဘဝဇာတ်လမ်းကို ပြောပြရမယ်ဆိုရင် ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ထောက်ခံပေးခဲ့သူ အနုပညာရှင်တစ်ယောက်ဆိုတာကို စပြီးပြောရပါလိမ့်မယ်။ ၂၀၀၇ စက်တင်ဘာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကဆိုရင် ဒေါ်မာမာအေး သီဆိုခဲ့တဲ့ အသဲနာ ကမ္ဘာမကြေသီချင်းဟာ အရမ်းကို လူကြိုက်များလွန်းခဲ့ပါတယ်။ အဲ့ဒီတုန်းက မြန်မာနိုင်ငံကလူတွေခမျာ […]