BREAKING
February 23, 2025

ရုပ်သံသတင်း

မျှော်လင့်ချက်ဖြင့် ပြန်လာခဲ့သည်၊ သို့သော်…

diz_admin

July 26, 2020

နှစ်ပေါင်းများစွာ စစ်ဘေးရှောင်နေရာကနေ သူတို့ ပြန်လာချင်နေပါပြီ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်က သူတို့အခက်တွေ့နေစေပါတယ်။ သူတို့ရွာကို ပြန်လာချင်ပေမဲ့ အခြေအနေ မပေးသေးပါဘူး။

စန္ဒား

diz_admin

July 25, 2020

တနင်္သာရီတိုင်းဟာ ပင်လယ်ကမ်းရိုးတန်း ဒေသဆိုတော့ ဒေသခံတွေဟာ ရေလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကိုင်သက်မွေးကြပါတယ်။ အဲဒီအထဲမှာ ပင်လယ်ထဲ စင်ထိုးပြီး ငါး၊ ပုစွန်ရှာကြတဲ့ စန္ဒားခံနည်းဆိုတာ တစ်ခုအပါအဝင်ပါ။ စန္ဒားခံရေလုပ်သာတွေ ဘယ်လို ငါး၊ ပစွန်တွေဖမ်းပြီး အသက်မွေးကြသလဲဆိုတာကို ထားဝယ်မြစ်ဝအနီးက စန္ဒားခံရေ လုပ်သားတွေအကြောင်းကို သွားရောက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

diz_admin

July 25, 2020

ကျူစခန်းအချို့ အကူအညီ လိုအပ်နေကျူးစခန်းဖွင့်ထားသည့်အချိန်ကြာလာသည်နှင့်အမှျ အလှူရှင်များမှာလည်း မရှိသလောက်နည်းပါးလာပြီးတစ်လလှျင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင်ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံ တို့ကပြောပါတယ်။ Dawei Watch

အာဇာနည်နေ့က အချိန်စောပြီး ဥသြဆွဲတဲ့ကိစ္စ ဝန်ကြီးချုပ် ဘာပြောလဲ

diz_admin

July 22, 2020

ဝယ်မြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အချိန်စောပြီး ဥသြဆွဲတဲ့အပေါ် ဝန်ကြီးချုပ်က သူ့မှာ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လိုပြောဆိုခဲ့တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

မြေနုကျွန်း မည်သူပိုင်သနည်း

diz_admin

July 22, 2020

မြေနုကျွန်းပေါ် ဘဝတွေကို အခြေတည်ထားတဲ့ ငါးဖမ်း လုပ်သားတွေ တရားစွဲ ခံထားရပါတယ်။ ရေဖြူမြို့နယ် ဟိန်းဇဲချောင်းဝမြေနုကျွန်းဟာ ပိုင်ရှင်ရှိတယ်ဆိုပြီး တရားစွဲထားလို့ ဒေသခံ ရေလုပ်သားတွေ မနေရဲတော့ဘဲ စွန့်ခွာနေရပါတယ်။ လက်ရှိ ကြံ့ကြံ့ခံ တရားရင်ဆိုင်သူတွေလည်း ရှိပါတယ်။ သူတို့ ဘဝအကြောင်းကို တင်ဆက်ထားတာကို ည ၈ နာရီမှာ စတင်ကြည့်ရှုနိုင်ပါပြီ။

တနင်္သာရီတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

diz_admin

July 15, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာတဲ့အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိတယ်လို့ ဦးထိန်လင်းဦးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ တနင်္သာရီတိုင်းရဲ့ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၁၅ သိန်းခွဲခန့် ရှိပါတယ်။

လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေနှင့် ကျွန်းများကိစ္စ ဒေသခံများမှ သတင်းစာရှင်းလင်းပွဲ

diz_admin

July 8, 2020

လောင်းလုံးကျွန်းဆွယ်ရှိ ကမ်းခြေနှင့် ကျွန်းများကိစ္စ ဒေသခံဌာနေတိုင်းရင်းသားများမှ သတင်းစာရှင်းလင်းပွဲ Dawei Watch

အခန်း(၁၂)၊ချောင်းမကြီးထဲမှာ

diz_admin

July 3, 2020

ဒေါက်တာမြင့်ဇော် ရေးသားထားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ်ထဲမှ “အခန်း(၁၂)၊ချောင်းမကြီးထဲမှာ ” ကို တင်ဆက်လိုက်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော်(ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားသည်။