လောင်းလုံး တောင်ပိုင်း ကျေးရွာသပိတ်စစ်ကြောင်းများ နှင့် ထားဝယ်ခရိုင်ပညာရေး သပိတ်စစ်ကြောင်းပူးပေါင်း၍ ဧပြီလ ၂၅ ရက်နေ့က လောင်းလုံးမြို့နယ် တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ထားဝယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို နည်းအမျိုးမျိုးနဲ့လုပ်နေကြပါတယ်။ သပိတ်စစ်ကြောင်းအများစုဟာ ပြောက်ကျားစနစ်နဲ့ အချိန်၊ နေရာတွေပြောင်းပြီး ဆန္ဒထုတ်ဖော်နေကြတာပါ။ ဧပြီလ ၂၅ ရက်နေ့မှာလည်း ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။