BREAKING
December 22, 2024

ရုပ်သံသတင်း

Dawei Watch TV/ကိုဗစ်ကပ်အကြား ထားဝယ် မုန့်လက်သုပ် ဆိုင်များ

diz_admin

May 6, 2020

ထားဝယ်မှာ မုန့်လက်သုပ်ဆိုတာ လူတိုင်းစားကြ၊ ကြိုက်ကြတဲ့ အစားအစာ တစ်မျိုးပါ။ အချို့ဆိုရင် ညနေတိုင်းစားကြတဲ့ အထိ စွဲစွဲလမ်းလမ်း ရှိကြပါတယ်။ မုန့်လက်သုပ်ဆိုင်အားလုံး နီးပါးက အမျိုးသမီးတွေ ဦးဆောင်ကြပါတယ်။ အခု ကိုဗစ်ကပ်ဘေးဖြစ်လာတော့ ဆိုင်ထိုင်စားလို့ မရတော့ အချိန်၊ ပါဆယ်သာ ဆွဲကြတော့တဲ့ အချိန် မုန့်လက်သုပ်ဆိုင်တွေရဲ့ ရောင်းအားက ဘယ်လိုပါလဲ။

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’အခန်း (၄)

diz_admin

April 26, 2020

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ဒေါက်တာမြင့်ဇော် ရေးသည်၊အခန်း (၄) စနစ်ကို ဆန်းစစ်ကြရအောင်(အသံသွင်း တင်ဆက်မှု) ဒေါက်တာမြင့်ဇော် ရေးသားသော ‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ စာအုပ်ကို အပိုင်း တစ်ပိုင်းချင်းစီအလိုက် အသံသွင်းယူထားခြင်းဖြစ်ပါသည်။စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော် (ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားပါသည်။ စာအုပ်ပါအကြောင်းအရာများကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိပါသည်။ယခုအပိုင်းမှာ အခန်း (၄) “စနစ်ကို ဆန်းစစ်ကြရအောင်” ဖြစ်သည်။ လာမည့် ရက်ပိုင်းအတွင်း အပိုင်း (၄) ကို ဆက်လက် တင်ဆက်သွားပါမည်။အိမ်တွင်နေရင်း ကိုဗစ်ကပ်ရောဂါနှင့် ဂေဟ စနစ်အကြောင်း လေ့လာဆင်ခြင်နိုင်ကြပါစေ။ Dawei Watch

Dawei Watch TV/ ဒေါက်တာလဲ့လဲ့မော်ရဲ့ အရင် ကိုယ်ရေးအရာရှိက ဘယ်သူပါလဲ

diz_admin

April 25, 2020

ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူစဉ်က ကိုယ်ရေး အရာရှိက ဘယ်သူပါလဲ။ ဦးဇော်လင်းအောင်ဟာ သူ့ကိုယ်ရေး အရာရှိပါလို့ ဒေါက်တာလဲ့လဲ့မော်က ဆိုပါတယ်။ ဒါပေမဲ့ ဦးဇော်လင်းအောင်ရဲ့ တရားရုံး ထွက်ဆိုချက်မှာတော့ သူ့ကို နောက်မှ ခန့်တာပါတဲ့။ ဒီတော့ ဒေါက်တာလဲ့လဲ့မော်ရဲ့ အရင် ကိုယ်ရေးအရာရှိက ဘယ်သူပါလဲ။ သတင်းနှင့်ရိုက်ကူး – ကိုဇော်ီDawei Watch TV

Dawei Watch TV/အစိုးရအဖွဲ့ရုံး ဝင်ထွက်ခွင့် ကန့်သတ်

diz_admin

April 2, 2020

တနင်္သာရီတိုင်းအစိုးရရုံးထဲကို ဝင်ခွင့်ကန့်သတ်လိုက်ပါပြီ။ အစိုးရအဖွဲ့ရုံးထဲပြည်သူတွေဝင်ထွက်ခွင့်ကို မတ်လ ၃၀ ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ။ကိုရိုနာရောဂါဂယက်ကြောင့် ကန့်သတ်လိုက်ရတာလို့ သိရပါတယ်။ သတင်းနှင့်ရိုက်ကူး – ကိုဇော်Dawei Watch TV

Dawei Watch TV/ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်မှာ ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့်မယ်

diz_admin

April 1, 2020

ထားဝယ်တက္ကသိုလ်ထဲက ဗထူးအဆောင်ကို နိုင်ငံခြားက ပြန်လာတဲ့သူ ၁၄ ရက်ကြာနေရမဲ့ နေရာအဖြစ် ပြောင်းလိုက်တာပါ။ အဲဒီ နေရာမှာ ထိုင်းနိုင်ငံက ပြန်လာမယ့် ပြန်တော်ပြန်တွေကို စခန်းသွင်းစောင့်ကြည့် မယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အဲဒီနေရာမှာ ထိုင်းနိုင်ငံက ပြန်လာသူ ၉ ဦးနဲ့ ဝန်ထမ်းတစ်ဦး နေထိုင်နေပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

Dawei Watch TV/မောင်းမကန်ကမ်းခြေ သွားခွင့်ပိတ်

diz_admin

March 31, 2020

ကမ်းခြေသွားခွင့် ပိတ်ထားတဲ့အတွက် မောင်းမကန်ကမ်းခြေမှာ လူသူရှင်းနေပြီး စားသောက်ဆိုင်အားလုံးလည်း ပိတ်ထားတာတွေ့ရပါတယ်။ တစ်ချိန်လုံး လူစည်နေတတ်တဲ့ မောင်းမကန်ကမ်းခြေဟာ အခုတော့လည်း အနားယူနေပါပြီ။ သတင်းနှင့်ရိုက်ကူး – ကိုဇော် Dawei Watch TV

Dawei Watch TV /ခရီးသည်တင်ကားဖြင့်ထားဝယ်ရောက်လာသည့် နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ရန်ကုန်ပြန်ပို့

diz_admin

March 30, 2020

ရန်ကုန်မြို့ကနေ ခရီးသည်တင်ကားနဲ့ ထားဝယ်ကို ရောက်လာတဲ့နိုင်ငံခြားသားတစ်ဦး ကိုယ်အပူချိန်မြင့်နေတဲ့အတွက် သူနဲ့အတူလာတဲ့ အခြားနိုင်ငံခြားသားနှစ်ဦးနဲ့အတူ ရန်ကုန်ကိုချက်ချင်း ပြန်ပို့လိုက်ပါတယ်။ ဒီကားပေါ်မှာ ပါလာတဲ့ ပြည်တွင်းခရီးသည်တွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး နေအိမ်တွေကို ပြန်လွှတ်လိုက်ပါတယ်။ သတင်းနှင့်ရိုက်ကူးကိုဇော်Dawei Watch TV