BREAKING
December 23, 2024

ရုပ်သံသတင်း

၂၀၂၀ ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းရဲ့ ထူးခြားချက်များ

diz_admin

August 15, 2020

တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့စာရင်း ထွက်ပေါ်လာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေ တစ်ရာကျော် တိုးလာပါတယ်။ ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီအရေအတွက်လည်း တိုးလာတာရှိပါတယ်။ ဝန်ကြီးချုပ်တွေ အရွေးချယ်ခံကြမယ့် မဲဆန္ဒနယ်တွေအခြေအနေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအခြေအနေ၊ အမျိူးသမီးကိုယ်စားလှယ်လောင်းတွေရေား ဘယ်လောက်ပါသလဲ စတဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်တွေကို Dawei Watch တင်ဆက်ပေးထား ပါတယ်။

သင်္ဘောသားနဲ့ ပင်လယ်ခုနှစ်စင်း

diz_admin

August 15, 2020

ကိုအောင်းမျိုးက ထားဝယ်မြို့ ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့တာပါ။ ရေကြောင်းတက္ကသိုလ်ကျောင်းသားဘဝက ဝါသနာတူသူငယ်ချင်းတွေပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့မှ သူ့ရဲ့ပထမဆုံး ပင်လယ်ခုနှစ်စင်းကို အခွေအဖြင့်နဲ့ ပရိတ်သတ်ဆီအရောက်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ “စပြီးသီးချင်းတွေလုပ်နေတာကကြာပြီ ၂၀ဝ၈ ကတည်းက စတာကို။ အခုမှ အခွေအဖြင့် ပင်လယ်ခုနှစ်စင်းဆိုပြီး ဖြစ်လာတာ” ဟု ကိုအောင်မျိုးက ဆိုသည်။

သရက်ချောင်း ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုး ရွေးကောက်ပွဲမဝင်

diz_admin

August 15, 2020

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးသည် လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည်မဟုတ်တော့ပါဘူး။နိုင်ငံရေးကို အမှန်ကန်ဖြောင့်မတ်စွာ လုပ်ချင်သော်လည်း လုပ်ခွင့်မရသည့်အတွက်ကြောင့် ရွေးကောက်ပွဲမဝင်တော့ခြင်း ဖြစ်ကြောင်း ဦးအောင်စိုးက ဖွင့်ဟသည်။

ထားဝယ်မှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ မကြုံစဖူး စျေးကျ

diz_admin

August 5, 2020

ထားဝယ်ဒေသမှာစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်စျေးဟာ ကိုဗစ်ကပ်ဘေးကာလကစပြီး အဆပေါင်းများစွာ ကျဆင်းနေပါတယ်။ ဒီလိုစျေးကျတဲ့အတွက် တောင်သူတွေဟာ တွက်ခြေမကိုက်တော့ဘဲ အခြားလုပ်ငန်းကို ပြောင်းလုပ်ဖို့ စိတ်ကူးနေကြပါပြီ။ ဘယ်လောက်အထိစျေးကျသွားပြီး တောင်သူတွေ ဘယ်လိုအခက်ကြုံနေရတယ်ဆိုတာကို Dawei Watch TV က တင်ဆက်ထားပါတယ်။

မျှော်လင့်ချက်ဖြင့် ပြန်လာခဲ့သည်၊ သို့သော်…

diz_admin

July 26, 2020

နှစ်ပေါင်းများစွာ စစ်ဘေးရှောင်နေရာကနေ သူတို့ ပြန်လာချင်နေပါပြီ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်က သူတို့အခက်တွေ့နေစေပါတယ်။ သူတို့ရွာကို ပြန်လာချင်ပေမဲ့ အခြေအနေ မပေးသေးပါဘူး။

စန္ဒား

diz_admin

July 25, 2020

တနင်္သာရီတိုင်းဟာ ပင်လယ်ကမ်းရိုးတန်း ဒေသဆိုတော့ ဒေသခံတွေဟာ ရေလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကိုင်သက်မွေးကြပါတယ်။ အဲဒီအထဲမှာ ပင်လယ်ထဲ စင်ထိုးပြီး ငါး၊ ပုစွန်ရှာကြတဲ့ စန္ဒားခံနည်းဆိုတာ တစ်ခုအပါအဝင်ပါ။ စန္ဒားခံရေလုပ်သာတွေ ဘယ်လို ငါး၊ ပစွန်တွေဖမ်းပြီး အသက်မွေးကြသလဲဆိုတာကို ထားဝယ်မြစ်ဝအနီးက စန္ဒားခံရေ လုပ်သားတွေအကြောင်းကို သွားရောက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

diz_admin

July 25, 2020

ကျူစခန်းအချို့ အကူအညီ လိုအပ်နေကျူးစခန်းဖွင့်ထားသည့်အချိန်ကြာလာသည်နှင့်အမှျ အလှူရှင်များမှာလည်း မရှိသလောက်နည်းပါးလာပြီးတစ်လလှျင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင်ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံ တို့ကပြောပါတယ်။ Dawei Watch

အာဇာနည်နေ့က အချိန်စောပြီး ဥသြဆွဲတဲ့ကိစ္စ ဝန်ကြီးချုပ် ဘာပြောလဲ

diz_admin

July 22, 2020

ဝယ်မြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အချိန်စောပြီး ဥသြဆွဲတဲ့အပေါ် ဝန်ကြီးချုပ်က သူ့မှာ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လိုပြောဆိုခဲ့တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။